ရုံတင်ငွေ ၁ ဘီလျံ ရှိသွားပြီဖြစ်တဲ့ Avatar: The Way of Water

29-12-2022-yyl-124.jpg

ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန်ရဲ့ Avatar နောက်ဆက်တွဲ ရုပ်ရှင်ကားဟာ အခုဆို Box Office မှာ ရုံတင်ငွေစုစုပေါင်း ၁ ဘီလျံ (အမေရိကန်မှာ ကန်ဒေါ်လာသန်း ၃၀၀ နဲ့ နိုင်ငံတကာမှာ ကန်ဒေါ်လာ သန်း ၇၀၀) ရရှိထားပါပြီ။ Avatar: The Way of Water ကို ဒီဇင်ဘာ ၁၆ ရက်နေ့က ရုံတင်ပြသခဲ့တာဖြစ်ပြီး နှစ်ပတ်အတွင်းမှာ ဒီမှတ်တိုင်ကို စိုက်ထူနိုင်ခဲ့တာပါ။ ဒီရုပ်ရှင်ကားက ကန်ဒေါ်လာ ၁ ဘီလျံရရှိထားပြီဖြစ်တဲ့အတွက် ပထမဇာတ်ကား Avatar လိုပဲ တူညီတဲ့အောင်မြင်မှုလမ်းစပေါ်ရောက်နေပြီဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ပထမဇာတ်ကားက လက်ရှိအချိန်အထိ ကန်ဒေါ်လာ ၂.၉၂ ဘီလျံကျော်နဲ့ ဝင်ငွေအများဆုံးဇာတ်ကားအဖြစ် ထိပ်ဆုံးမှာ ရပ်တည်နေတာပါ။ ဒါရိုက်တာဂျိမ်းစ်ကင်မရွန်အတွက် Avatar: The Way of Water က ရုံတင်ငွေ ကန်ဒေါ်လာ ၁ ဘီလျံရရှိထားတဲ့ တတိယမြောက်ဇာတ်ကားဖြစ်ပါတယ်။ အဲဒါကြောင့်ပဲ ဒါရိုက်တာဂျိမ်းစ်ကင်မရွန်ကို ဒုတိယဝင်ငွေအများဆုံးရုပ်ရှင်ဒါရိုက်တာဖြစ်စေခဲ့တာပါ။

သူက ရုံတင်ငွေ ဘီလျံချီပြီးရရှိထားတဲ့ ဇာတ်ကား (၃) ကားကို ရိုက်ကူးခဲ့တဲ့ ပထမဆုံးဒါရိုက်တာလည်းဖြစ်ပါတယ်။ Avatar နဲ့ Avatar: The Way of Water ဇာတ်ကားတွေအပြင် Titanic ဇာတ်ကားကလည်း ဂျိမ်းစ်ကင်မရွန်ရဲ့ ရုံတင်ငွေ ကန်ဒေါ်လာ (၂.၂) ဘီလျံရရှိခဲ့တဲ့ နောက်ထပ်ဝင်ငွေအများဆုံးဇာတ်ကားဖြစ်ပါတယ်။

Ref: AsiaOne “Avatar: The Way of Water passes US$1b box office mark”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top