ထာဝရဓာတုပစ္စည်းတွေကြောင့် မိုးရေလည်း ဘေးမကင်းတော့ဘူးလို့ သုတေသနတစ်ရပ်မှာ ဖော်ပြ

13.2.2023-yyl-image-5.jpg

ကင်ဆာရောဂါနဲ့ ဆက်နွှယ်နေတဲ့ ထာဝရဓာတုပစ္စည်းတွေကြောင့် မိုးရေဟာ ဘေးမကင်းတော့ဘူးလို့ စတော့ဟုမ်းတက္ကသိုလ်ရဲ့ သုတေသနတစ်ရပ်မှာ ဖော်ပြထားပါတယ်။ မျက်မှောက်ခေတ်မှာ အတွေ့ရများလာတဲ့ လူလုပ်ဓာတုပစ္စည်းအုပ်စုဝင်ဖြစ်တဲ့ polyfluoroalkyl PFAS ဟာ လေထုထဲမှာ ပျံ့နှံ့နေပြီး နှစ်ထောင်ချီကြာတဲ့အထိ ဒြပ်မပြယ်လို့ ” ထာဝရဓာတုပစ္စည်း” လို့ ခေါ်ဆိုကြတာပါ။

အစားအစာထုတ်ပိုးမှု၊ ပရိဘောဂပစ္စည်းတွေ၊ ခေါင်းလျော်ရည်၊ အလှကုန် အစရှိတဲ့ ပစ္စည်းတွေမှာလည်း PFAS ပါဝင်ပါတယ်။ PFAS ဟာ လေထုထဲမှာ အလွယ်တကူ ပျံ့နှံ့နိုင်ပြီး လူ့သွေးထဲမှာလည်း PFAS အမှုန်တွေ တွေ့ရှိရတယ်လို့ အဲဒီသုတေသနမှာ ဖော်ပြထားပါတယ်။

PFAS ဓာတုဒြပ်ပေါင်းဟာ သက်ရှိအားလုံးရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပေမဲ့ ရေရည်မှာ ဘယ်လောက်အထိ ထိခိုက်စေနိုင်သလဲဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

Ref: Rainwater is no Longer Safe to Drink Anywhere on Earth Due to ‘forever Chemicals’ Linked to Cancer

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top