RanSnet မှ မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းသုံး အိုင်စီတီပစ္စည်း ဖြန့်ချီရေး ကိုယ်စားလှယ်အဖြစ် KMD လုပ်ငန်းစုကို ရွေးချယ်ခန့်အပ်

27-7-2020-yyl-027.jpg

ရန်ကုန်၊ မြန်မာ (ဇူလိုင်လ ၁၄ရက်၊ ၂၀၁၇ခုနှစ်) – မြန်မာန်ိုင်ငံ၏ စီးပွားရေး ဈေးကွက်ကို ဦးတည်လျက် “Ransnet ၏ မိတ်ဖက်လုပ်ငန်းဆိုင်ရာ (mPowering Enterprise and Guest WiFi Access with Complete Hostpost Solution Launch ) ပွဲကိုယနေ့တွင် Novotel ဟိုတယ်၌ ကျင်းပပြုလုပ်ကာ မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော အိုင်တီပစ္စည်း ဖြန့်ချီရေးကုမ္ပဏီ KMD ကိုRansnet ၏ မြန်မာနိုင်ငံဆိုင်ရာ စီးပွားရေးလုပ်ငန်းသုံး အိုင်စီတီ Solution product ထုတ်ကုန်များ ဖြန့်ချီရေး ကိုယ်စားလှယ်သစ် အဖြစ် ခန့်အပ်ကာ အကျိုးတူ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကြေညာလိုက်ပါသည်။

ယင်းကဲ့သို့ခန့်အပ်လိုက်ခြင်းမှာRansnetသည် ၎င်း၏ ရှေ့လျှောက်စီးပွားရေးလုပ်ငန်းများကို မြန်မာနိုင်ငံတွင် အဓိကထားလုပ်ဆောင် သွားမည်ဖြစ်ကြောင်းအခိုင်အမာ ပြသလိုက်ခြင်းပင် ဖြစ်ပါသည်။

RansNetသည် Cloud Management Platform (mfusion) နှင့် Internet Gateway (mbox)ကိုမိတ်ဆက်ဖြန့်ချိပြီးအများပြည်သူနှင့် သက်ဆိုင်ရာနေရာများ၊ လုပ်ငန်းခွင်များတွင် ပြီးပြည့်စုံသော ကြိုးမဲ့စနစ်သုံးကွန်ယက်အသုံးပြုမှုစနစ်ကို ဖြန့်ကျက်စေခဲ့ပါသည်။ နည်းပညာတိုးတက်မှုများသည် သုံးစွဲသူများနှင့် မိတ်ဘက်များအတွက် အတွေ့အကြုံကောင်းများကိုဖန်တီးရရှိစေပြီးအဆုံးစွန်ဆုံးသော ဖြည့်ဆည်းမှုများကိုရရှိစေပါသည်။

ယခုလက်ရှိစင်ကာပူနိုင်ငံတွင် mboxHotSpot Gateways (HSG) ကိုဦးဆောင်သူအနေဖြင့် နိုင်ငံတဝှန်းတွင် နေ့စဉ် သုံးစွဲသူ (၂)သန်းကျော်နှင့် အခြားသောနိုင်ငံများတွင်လည်းmbox Product များဖြင့် ထောင်ပေါင်းများစွာသော ကြိုးမဲ့ကွန်ယက်စနစ်များကိုတည်ဆောက်ခဲ့ပါသည်။ အင်တာနက် ချိတ်ဆက်မှုများကိုသက်ဆိုင်ရာစီးပွားရေးလုပ်ငန်းအမှတ်တံဆိပ်များ၊ လုပ်ငန်းကြော်ငြာများစိတ်ကြိုက်ဖန်တီးပြီးသန်းပေါင်းများစွာသောသုံးစွဲသူများထံသို့ လွယ်ကူလျင်မြန်စွာချိတ်ဆက်ရောက်ရှိစေခဲ့ပါသည်။

မိတ်ဘက်လုပ်ငန်းများအင်တာနက်ထောက်ပံ့မှု ကုမ္ပဏီများသည်Cloud Console မှတဆင့် mboxများကိုစောင့်ကြည့်ခြင်းနှင့်စီမံခန့်ခွဲခြင်းကိုဆောင်ရွက်စေပြီးသုံးစွဲသူတို့၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးထာသော Wireless HotSpot Solution ကိုသက်ဝင်လှုပ်ရှားစေပါသည်။

RansNet Pte. Ltd. သည် စင်ကာပူနိုင်ငံအခြေစိုက် ကုမ္ပဏီဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ ရည်မှန်းချက်များ၊ စီမံကိန်းများ၊ အနာဂတ် မျှော်မှန်းချက်များကိုအောင်မြင်စွာအကောင်အထည်ဖော်နိုင်ရန်အတွက်စည်းလုံးညီညွတ်စွာဖြင့်တက်ကြွစွာဆောင်ရွက်လျှက်ရှိကြသည်။ထုတ်ကုန်ပစ္စည်းများအရည်အသွေးပြည့်ဝမှန်ကန်နေစေရန်နှင့်သုံးစွဲသူနှင့် ဖောက်သည်များ၏ လိုအပ်ချက် များကိုအကောင်းဆုံးဝန်ဆောင်မှုများကိုဆောင်ရွက်ပေးခဲ့ကြသည်။

KMD ကုမ္ပဏီလီမိတက်ကို ၁၉၈၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ကာမြန်မာနိုင်ငံ၏ ထိပ်တန်းအိုင်စီတီကုမ္ပဏီကြီးများထဲတွင် ကုမ္ပဏီတစ်ခုအဖြစ် အသိအမှတ်ပြုခြင်းခံရပြီးအိုင်တီပစ္စည်းဖြန့်ချီရေးကုမ္ပဏီကြီးအဖြစ်လည်းကောင်း၊ အိုင်စီတီပညာရေးနှင့် အခြားသော ဝန်ဆောင်မှု လုပ်ငန်းများကိုဆောင်ရွက် ပေးနေသည့် ကုမ္ပဏီကြီးတစ်ခုအဖြစ်လည်းကောင်းရပ်တည်လျက်ရှိပါသည်။ ဈေးကွက်အတွင်းအိုင်စီတီပစ္စည်းများဖြန့်ချီသည့် ပထမဦးဆုံးကုမ္ပဏီဖြစ်သည့် အလျောက် KMD သည် န်ိုင်ငံတကာမှ အမှတ် တံဆိပ်များကို မြန်မာန်ိုင်ငံအနှံ့ ကျယ်ပြန့်စွာ ဖြန့်ချီပေးလျက်ရှိပြီးသုံးစွဲသူပြည်သူများအတွက် အဆင့်မြင့် ဝန်ဆောင်မှုများ ဖြည့်ဆည်းပေးနေသည့် စံချိန်မီလုပ်ငန်းတစ်ခုအဖြစ် ရပ်တည်လျက်ရှိပါသည်။

အသေးစိတ်အချက်အလက်များပိုမိုသိရှိလိုပါကwww.ransnet.com/, www.kmd.com.sgတွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top