ဂရမ်မီဆု ၃ ဆုရရှိပြီး မကြာခင် အဖမ်းခံလိုက်ရတဲ့ ရက်ပ်အဆိုတော် ကေလာ မိုက်ခ်

4.2.24-yyl-7.jpg

ရက်ပ်အဆိုတော် ကေလာမိုက်ခ်လို့ သိကြတဲ့ မိုက်ကယ် ရန်ဒါဟာ တနင်္ဂနွေနေ့ညက ဂရမ်မီဆု ၃ ဆုရရှိပြီး မကြာခင်မှာပဲ ဖမ်းဆီးခံခဲ့ရပါတယ်။ ကေလာမိုက်ခ်ကို ဂရမ်မီဆုပေးပွဲကျင်းပရာနေရာဖြစ်တဲ့ Crypto.com ကွင်းအပြင်ဘက်လမ်းတွေထဲက တစ်ခုဖြစ်တဲ့ Chick Hearn Court ရဲ့ 700 block မှာ ကိုယ်ထိလက်ရောက်ခိုက်ရန်ဖြစ်ပွားမှုကြောင့် ရဲတွေက ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။

ကေလာကို ဖမ်းဆီးပြီး ရဲဌာနဆီ ခေါ်ဆောင်သွားခဲ့ပါတယ်။ တနင်္ဂနွေနေ့ညကတော့ သူ့ကို လွှတ်ပေးဖို့ လုပ်ဆောင်နေပြီလို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။ ကေလာရဲ့ပြောရေးဆိုခွင့်ရှိသူကတော့ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ချက်ချင်းတုံ့ပြန်ပြောဆိုခဲ့ခြင်းမရှိသေးပါဘူး။

ကေလာမိုက်ခ်က Micheal ရက်ပ်အယ်လ်ဘမ်နဲ့ ဂရမ်မီဆုအပြင် “Scientists & Engineers” သီချင်းနဲ့ အကောင်းဆုံး Rap Performance ဆု၊ အကောင်းဆုံးသီချင်းဆုစတဲ့ နောက်ထပ်ဂရမ်မီ ၂ ဆုလည်း ရရှိခဲ့ပါတယ်။

Ref: Rapper Killer Mike arrested shortly after winning 3 Grammys

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top