ချီလီနိုင်ငံသမိုင်းတစ်လျှောက် အကြီးမားဆုံး တောမီးလောင်ကျွမ်းမှုကြောင့် လူ ၁၁၂ ဦး သေဆုံး

4.2.24-yyl-4.jpg

ချီလီနိုင်ငံသမိုင်းတစ်လျှောက် အကြီးမားဆုံး တောမီးလောင်ကျွမ်းမှုကြောင့် လူ ၁၁၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံအာဏာပိုင်တွေက အတည်ပြုပါတယ်။ ချီလီနိုင်ငံရဲ့ ကမ်းရိုးတန်းဒေသဖြစ်တဲ့ ဗယ်ပါရိုင်ဆိုမြို့မှာ တောမီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး ချီလီနိုင်ငံရဲ့ လူသေဆုံးမှု အများဆုံး တောမီးလောင်ကျွမ်းမှုလည်း ဖြစ်ပါတယ်။

ချီလီသမ္မတ ဂါဘရီယယ်ဘောရစ်က အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာထားပြီး လိုအပ်တဲ့ လူအင်အား၊ ရန်ပုံငွေအင်အား အားလုံးကို ထုတ်သုံးသွားမယ်လို့ ဆိုပါတယ်။ တောမီးလောင်ကျွမ်းမှုမှာ သေဆုံးသူ တော်တော်များများဟာ နွေရာသီ အားလပ်ရက်မှာ ဗယ်ပါရိုင်ဆိုမြို့ကို သွားရောက်လည်ပတ်သူတွေ ဖြစ်ပါတယ်။

အသက်အန္တရာယ် စိုးရိမ်ရခြင်းမရှိတဲ့ ခွဲစိတ်ကုသမှုအားလုံးကို ဆိုင်းငံ့ထားပြီး တောမီးလောင်ကျွမ်းမှုမှာ ဒဏ်ရာရသူတွေကို ကုသပေးဖို့ ယာယီဆေးရုံတွေ ဖွင့်လှစ်သွားဖို့ ချီလီနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။ ဘွဲ့ယူခါနီး ဆေးကျောင်းသားတွေအနေနဲ့လည်း ဆေးကုသမှုလုပ်ငန်းတွေမှာ ပါဝင်ကူညီကြဖို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Ref:Chile forest fires: At least 112 dead in Valparaíso region

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top