မြို့ပြအသိုင်းအဝိုင်းမှာ နေရတာမပျော်လို့ ကျွန်းပေါ် ပြန်သွားနေထိုင်ခဲ့သူ

22-6-2022-yyl11.jpg

မြို့ပေါ် နေထိုင်ခဲ့စဉ်

အသက် ၈၆ နှစ်အရွယ် မာဆာဖူမီ နာဂါဆာခီက သူ့မိသားစုနဲ့သူငယ်ချင်းမိတ်ဆွေတွေကို မြို့ပြမှာ ချန်ထားရစ်ခဲ့ပြီး ကျွန်းပေါ်မှာ နှစ် ၃၀ နီးပါး နေထိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၈ ခုနှစ်မှာ ဂျပန်အစိုးရက သူ့ကို မြို့ပြအသိုင်းအဝိုင်းဆီ အတင်းအကျပ်ပြန်ခေါ်ခဲ့ပါတယ်။

အခုတော့ မာဆာဖူမီက မြို့ပြအသိုင်းအဝိုင်းမှာ နေရတာ စိတ်အနှောက်အယှက်ဖြစ်ပြီး မပျော်ရွှင်ရတဲ့အတွက် ဆိုတိုဘာနာရီကျွန်းပေါ်ကို ပြန်သွားနေထိုင်ခဲ့ပါပြီ။ ဂျပန်အစိုးရကလည်း သူ့ကို ကျွန်းပေါ် ပြန်သွားနေခွင့်ပြုခဲ့ပါတယ်။ မာဆာဖူမီက ကျွန်းပေါ်ပြန်ရောက်ပြီးတဲ့နောက်မှာ သူ့ရဲ့လွတ်လပ်မှုအရသာကို တစ်ဖန်ပြန်ခံစားနေရပါပြီ။

စပိန်စူးစမ်းရှာဖွေသူ အာလ်ဗာရို ဆီရီဇိုက ဝေးလံခေါင်သီတဲ့ကျွန်းတွေကို စူးစမ်းရှာဖွေရင်း မာဆာဖူမီကို တွေ့ဖူးပါတယ်။ သူက မြို့ပြအသိုင်းအဝိုင်းမှာ မာဆာဖူမီ နေထိုင်ရတာ အဆင်မပြေဘူးဆိုတာ သိခဲ့တာကြောင့် ကျွန်းပေါ်မှာ ပြန်နေခွင့်ရဖို့ ကြိုးစားပေးခဲ့တာပါ။ အာလ်ဗာရိုက မာဆာဖူမီရဲ့ဆရာဝန်တွေ၊ ဂျပန်အာဏာပိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး နောက်ဆုံးမှာ ကျွန်းပေါ် ပြန်သွားခွင့်ပြုဖို့ သဘောတူခဲ့ကြပါတယ်။

မာဆာဖူမီက ကျွန်းပေါ်ပြန်သွားရမယ်ဆိုတာကို သိတော့ ပျော်လွန်းလို့ ခုန်တောင်ခုန်တယ်။ ကျေးဇူးတင်လွန်းလို့ မျက်ရည်တွေလည်း ကျခဲ့ပါတယ်။ ကျွန်းပေါ် ပြန်ရောက်ရောက်ချင်းမှာ မာဆာဖူမီက အောင်ပွဲခံခဲ့ရပါတယ်။ ၂၀၁၄ခုနှစ်မှာ အာလ်ဗာရိုက မာဆာဖူမီကို ကျွန်းပေါ်မှာ တွေ့ခဲ့တာပါ။ သူက ကျွန်းပေါ်မှာ ရက်အနည်းငယ်နေထိုင်ပြီး မာဆာဖူမီနဲ့ သူ့ရဲ့လူနေဘဝကို သိခွင့်ရခဲ့ပါတယ်။

အဲဒီအချိန်တုန်းက အာလ်ဗာရိုဟာ မာဆာဖူမီရဲ့ကိုယ်ရေးကိုယ်တာကို လေးစားတဲ့အနေနဲ့ မှတ်တမ်းတင်ထားခဲ့တဲ့ အင်တာဗျူးကို ဘယ်မှာမှ မတင်ခဲ့ပါဘူး။ ဒါပေမဲ့ ၂၀၁၈ခုနှစ်မှာ မာဆာဖူမီကို ကျွန်းပေါ်ကနေ အတင်းအကျပ်ထွက်ခွာခိုင်းခဲ့တယ်ဆိုတာကို သိရပြီးတဲ့နောက်မှတော့ သူ့ရဲ့ဇာတ်လမ်းကို တင်ဖြစ်ခဲ့ပါတယ်။

မာဆာဖူမီက ကျွန်းပေါ်မှာဆို အဝတ်ဗလာနဲ့ နေထိုင်ခဲ့တာကြောင့် အဲဒီလို နေချင်ခဲ့တာပါ။ မြို့ပေါ်က လူအများစုဟာ သူ့ရဲ့နေပုံထိုင်ပုံကြောင့် သူ့ကို မထီမဲ့မြင်ပြုပြီး အကြောက်အလန့်နဲ့ကြည့်ခဲ့ပါတယ်။ ဆူညံတဲ့ကမ္ဘာနဲ့ဝေးရာမှာနေဖို့ သူ့အခန်းထဲမှာပဲ ပိတ်လှောင်နေခဲ့ပါတယ်။ သူ့ရဲ့အခန်းငယ်လေးက ကျွန်းသဖွယ်ဖြစ်လာခဲ့ပါတယ်။ အခန်းထဲမှာ အရမ်းပိတ်လှောင်သလို ခံစားရတဲ့အခါ အပြင်ထွက်ပြီး လမ်းပေါ်က အမှိုက်တွေကို ကောက်လေ့ရှိပါတယ်။ အခုတော့ မာဆာဖူမီက ကျွန်းပေါ်မှာ သူနေချင်သလိုနေလို့ရသွားပါပြီ။

Ref: TheMirror “Pensioner returns to live on deserted island after brief spell in civilisation”

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top