မိခင်ပေါင်းတစ်ရာကျော် ပါဝင်ဆင်နွှဲခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံက နို့ရည်တိုက်ကျွေးပွဲ

38614841_233542990829565_3363642090704601088_n.jpg

ကလေးတွေ မသေဆုံးသင့်ဘဲ မသေဆုံးရလေအောင် ပညာပေးအနေနဲ့ ပြုလုပ်တဲ့ မိခင်နဲ့ ကလေး နို့ရည် တိုက်ကျွေးပွဲကို လူထုဧရိယာအတွင်းမှာ ဖိလစ်ပိုင်အစိုးရက စီစဉ် ပြုလုပ်ခဲ့ပြီး အဲဒီပွဲမှာ ဖိလစ်ပိုင်မိခင် (၁၀၀) ကျော်က ပါဝင်ပူးပေါင်းခဲ့ကြပါတယ်။

မနီလာ အားကစားကွင်းအတွင်း နှစ်စဉ် ကျင်းပမြဲဖြစ်တဲ့ အဆိုပါပွဲကို အမျိုးသမီး (၁,၅၀၀) ကျော်လောက်ကလည်း ပုံမှန်တက်ရောက်ပေးကြတာ ဖြစ်ပါတယ်။ ပွဲရဲ့ အဓိကရည်ရွယ်ချက်ကတော့ မိခင်တစ်ယောက်အနေနဲ့ ကိုယ့်ကလေးကို အလွယ်တကူရနေတဲ့ ရယ်ဒီမိတ် နို့မှုန့်တွေအစား မိခင်နို့စစ်စစ်ကိုသာ တိုက်ကျွေးစေဖို့  ဖြစ်ပြီး ကလေးငယ်လေးတွေကို မလိုလားအပ်တဲ့ ရောဂါဘယတွေကနေ ကာကွယ်ပေးနိုင်ဖို့ ပညာပေးလှုံ့ဆော်လိုတာ ဖြစ်ပါတယ်။

“လုံးဝကို နည်းမှန်လမ်းမှန်နဲ့ စိတ်ဓာတ်ကို လှုံ့ဆော်ပေးတဲ့ အခိုက်အတန့်လေးပါပဲ” လို့ အသက် (၂၉) နှစ်ရှိပြီဖြစ်တဲ့ မိခင်လောင်းလေး ဂျွိုင့်စ့် ဘယ်လ်လင်ဒို (Joyce Balido) ကဆိုပါတယ်။ “အမှန်အတိုင်းပြောရရင် ပထမ စစချင်းတုန်းကတော့ နို့ရည်ထုတ်ဖို့ ခက်တာပေါ့။ ကျွန်မအိပ်ရေးတွေလည်း ပျက်ရပါတယ်။ ဒါပေမဲ့ အခု သမီးလေးကို မိခင်နို့ရည်စစ်စစ်ကိုပဲ တိုက်ကျွေးပါ့မယ်” လို့ AFP သတင်းဌာနကို ပြောကြားသွားပါတယ်။

Ref : Time “Hundreds of Mothers Attended a Mass Breastfeeding Event in the Philippines”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top