“Side Fingerprint ပါတဲ့ စျေးအတန်ဆုံးဖုန်း”realme C30s ကို ၂၆၉,၉၀၀ ကျပ်မှစတင်ကာ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ရောင်းချမည်

image.png

realme Myanmar က လှပဆန်းသစ်သည့်အသွင်းဒီဇိုင်းနှင့် ဘေးဘက်ခလုတ်လက်ဗွေဖတ်စနစ်ပါဝင်သည့် ထုတ်ကုန်သစ် realme C30s ကို လာမည့် ဒီဇင်ဘာလ (၁၂) ရက်နေ့မှစတင်ကာရောင်းချပေးသွားမည်ဖြစ်သည်။ realme C30s ကို Version ၂မျိုးအဖြစ်တင်သွင်းရောင်းချပေးသွားမည်ဖြစ်ပြီး (RAM 2 + ROM 32) ကို ၂၆၉,၉၀၀ ကျပ်၊ (RAM 4 + ROM 64) ကို ၃၃၉,၉၀၀ ကျပ်တို့ဖြင့်ရောင်းချပေးသွားမည်ဖြစ်သည်။ ကနဦးအနေဖြင့် Basic Version ဖြစ်သော (RAM 2 + ROM 32) ကိုအစောဆုံးဝယ်ယူနိုင်မည်ဖြစ်ကာ အရောင်ရွေးချယ်မှုအဖြစ် Stripe Blue နှင့် Stripe Black ၂မျိုးရရှိမည်ဖြစ်သည်။

realme C30s ၏နောက်ကျောဘက်ဒီဇိုင်းကို လက်ထဲကိုင်ထားလျှင် အလွယ်တကူ ချော်ကျမှုမရှိစေမည့် သေးငယ်သည့်လိုင်းအစင်းပါဝင်သော micro-texture anti-slip ဒီဇိုင်း ဖန်တီးပေးထားခြင်းဖြစ်ပြီး လှပဆန်းသစ်သည့်အသွင်မျိုးအဖြစ်ပါ တွေ့ရမည်ဖြစ်သည်။ ပါးလွှာသည့် ၈.၅ မီလီမီတာအထူနှင့် အလေးချိန် ၁၈၆ဂရမ်သာရှိသည့်အတွက် ပေါ့ပါးကျစ်လျစ်သည့် ခံစားမှုကိုပါ လက်ထဲတွင်အပြည့်အဝရရှိစေမည်ဖြစ်သည်။

ကြီးမားကျယ်ပြန့်သည့် ၆.၅လက်မ မျက်နှာပြင်နှင့်အတူ HD+ ရုပ်ထွက်အရည်အသွေးကိုထောက်ပံ့ပေးထားပြီး Multimedia သုံးစွဲမှုအပိုင်းအတွက် မြင်ကွင်းကျယ်အတွေ့အကြုံကိုပါ ရရှိစေမည်ဖြစ်သည်။ တစ်နေ့တာသုံးစွဲမှုအတွက် လုံလောက်ပြည့်ဝစေမည့် ကြီးမားသည့် 5000 mAh ဘက်ထရီအမျိုးအစားကိုပါ အသုံးပြုပေးထားသည်။

ဓာတ်ပုံရိုက်ကူးမှုအပိုင်းအတွက် 8MP AI နောက်ဘက်ကင်မရာနှင့်အတူ 5MP ရှေ့ဘက်ကင်မရာတို့ကို ထည့်သွင်းပေးထားပြီး အလင်းရောင်ကောင်းသည့်အခြေအနေများတွင် လှပကြည်လင်သည့်ဓာတ်ပုံများကို ရိုက်ယူနိုင်စေမည်ဖြစ်သည်။ ဖုန်း၏စွမ်းဆောင်ရည်ပိုင်းအတွက် Octa-core Unisoc အမျိုးအစားကိုအသုံးပြုပေးထားပြီး Android 12 ကို အခြေခံထားသည့် realme UI Go Edition နှင့်ပေါင်းစပ်ပေးထားခြင်းကြောင့် သွက်လက်မြန်ဆန်သည့် ထိတွေ့သုံးစွဲမှုကိုပါ ရရှိစေမည်ဖြစ်သည်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top