UFC တိုက်ခိုက်ရေးသမား ဆက်ဘာဇင်စကီးကို တစ်ချီတည်းနဲ့အလဲထိုးမယ်ဆိုတဲ့ ဒေ့ဗ်လက်ဒု

IMG_5985.jpg

WLC-9 ရဲ့ခေါင်ပွဲအဖြစ် ယှဉ်ပြိုင်ထိုးသတ်ရမယ့်ပွဲစဉ်မှာ UFC ဝါရင့်ကိုယ်ခံပညာရှင် ဆက်ဘာဇင်စကီးကို တစ်ချီတည်းနဲ့ အလဲထိုးသွားမယ်လို့ ဒီနေ့ နေ့လယ်ကပြုလုပ်ခဲ့တဲ့ မီဒီယာတွေ့ဆုံပွဲမှာ ဒေ့ဗ်လက်ဒုက ပြောခဲ့ပါတယ်။

အသက် (၂၈) နှစ်ရှိတဲ့ ကနေဒါလက်ဝှေ့သမား ဒေ့ဗ်လက်ဒုဟာ WLC ပွဲဦးထွက်အဖြစ် သြဂုတ်လ (၂) ရက်နေ့ကျရင် မန္တလာသီရိအားကစားရုံမှာ အမေရိကန်နိုင်ငံသား UFC တိုက်ခိုက်ရေးသမား ဆက်ဘာဇင်စကီးနဲ့ ခေါင်ပွဲထိုးသတ်မှာပါ။ အသက် (၃၈) နှစ်ရှိတဲ့ ဆက်ဘာဇင်စကီးက သူ့ထက် အတွေ့အကြုံ (၂) ဆလောက်ရှိပြီး ပါဝါပိုကြီးပေမဲ့ မေးရိုးတွေ၊ ပါးချိတ်တွေထိရင်တော့ ခံနိုင်မှာမဟုတ်ဘူးလို့ ဒေ့ဗ်လက်ဒုကဆိုပါတယ်။

“ဘယ်နှချီထိုးထိုး ထိုးကြေးက ပြောင်းသွားမှာမဟုတ်ဘူး။ အချီပိုများလေလေ၊ ထိနိုင်ခြေ၊ ကွဲနိုင်ခြေပိုများလေလေဖြစ်လို့ အမြန်ဆုံးပွဲဖြတ်ဖို့ နည်းပြက ပြောထားပါတယ်။ ခေါင်းတိုက်၊ ခေါင်းရိုက်၊ တံတောင်၊ ဒူး သတ်ကွက်အစုံသွားပြီး အမြန်ဆုံးပွဲသိမ်းနိုင်ဖို့ ကြိုးစားသွားမှာပါ”လို့ ဒေ့ဗ်လက်ဒုက ပြောပါတယ်။

UFC ဝါရင့်တိုက်ခိုက်ရေးသမားကို တစ်ချီတည်းနဲ့ပွဲဖြတ်ဖို့ ဘယ်လို သတ်ကွက်အသုံးပြုမလဲ ဆိုတာကတော့ သူ့ရဲ့ လျှို့ဝှက်ချက်၊ ပွဲအစီအစဉ်ဖြစ်လို့ ထုတ်မပြောနိုင်ဘူးလို့ ဒေ့ဗ်လက်ဒုက ပြောခဲ့ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top