မိုဘိုင်းဖုန်းဖြင့်အသုံးပြုနိုင်မည့် Disney ပလက်ဖောင်းကို တယ်လီနော မိတ်ဆက်ပေး

Photo-1_Telenor-brings-Disney-to-Myanmar-for-the-first-time.png

D.Magic အမည်ရ ဒစ်ဂျစ်တယ်ပလက်ဖောင်းအသစ်မှတဆင့် ဒစ်စနေးမူပိုင်ဖျော်ဖြေရေးအစီအစဉ်များအား မြန်မာနိုင်ငံတွင် ပထမဆုံးအဖြစ် တယ်လီနောသုံးစွဲသူများက ရယူအသုံးပြုနိုင်တော့မည် ဖြစ်သည်။ Disney၊ Pixar၊ Marvel နှင့် Star Wars တို့၏ မူပိုင်မိုဘိုင်းဂိမ်းများ၊ အက်ပလီကေးရှင်းများနှင့် live wallpapers (၂၅၀) ကျော်ကို အဆိုပါ ဒစ်ဂျစ်တယ်ပလက်ဖောင်းပေါ်တွင် ရယူနိုင်မည်ဖြစ်ပြီး ယင်းအစီအစဉ်များကိုလည်း အပတ်စဉ် အသစ်တိုးချဲ့နေမည်ဖြစ်ရာ ပရိသတ်များအနေဖြင့် မည်သည့်အခါမှ မရိုးအီသော Disney ဇာတ်လမ်းများကို အလွယ်တကူရယူကာ ခံစားနိုင်တော့မည် ဖြစ်သည်။

အသုံးပြုသူများအနေနှင့် အဆိုပါ D.Magic ဒစ်ဂျစ်တယ် ပလက်ဖောင်းကို အသုံးပြုရန်အတွက် ကုန်သွယ်လုပ်ငန်းခွန်အပါအဝင် အပတ်စဉ်စာရင်းပေးသွင်းခ (၃၁၅) ကျပ်သာကျသင့်မည်ဖြစ်သည့်အပြင် တစ်ကြိမ်စာရင်းပေးသွင်းပါက credit (၄) ခု ရရှိမည်ဖြစ်ပြီး အဆိုပါ credit များအားသုံး၍ ပလက်ဖောင်းပေါ်ရှိ အစီအစဉ် (၄) မျိုးကို ဒေါင်းလုတ်ရယူခွင့်ရှိမည် ဖြစ်သည်။ ဤဝန်ဆောင်မှုကို ဧပြီလ (၁၀) ရက်နေ့ နောက်ဆုံးထားစာရင်းပေးသွင်းရယူပါက ပထမဆုံးရက်သတ္တပတ်တွင် အခမဲ့အသုံးပြုနိုင်မည်ဖြစ်ပြီး နောက်ပိုင်းတွင် အပတ်စဉ်စာရင်းပေးသွင်းခ (၃၁၅) ကျပ်ကျသင့်မည်ဖြစ်ကာ ရက် သတ္တပတ်တစ်ပတ်ချင်း အလိုအလျောက် သက်တမ်းတိုးသွားမည်ဖြစ်သည်။

“ဘယ်လို အသက်အရွယ်အပိုင်းအခြားမဆို Disney ဇာတ်ကောင်တွေကို ချစ်ခင်နှစ်သက်ကြပါတယ်။ အခုလို D.Magic ပလက်ဖောင်းကို ဝင်ရောက်ခွင့်ရရှိနိုင်ပြီဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာရှိတဲ့ တယ်လီနောအသုံးပြုသူတွေအနေနဲ့ သူတို့ အနှစ်သက်ဆုံး Disney ဇာတ်ကောင်တွေကို နေ့စဉ်ဘဝမှာ ပြန်လည်ပိုင်ဆိုင်သွားနိုင်တော့မှာဖြစ်ပြီး သူတို့ရဲ့ ငယ်ဘဝအမှတ်တရတွေကိုလည်း ပြန်ပြောင်းသတိရသွားနိုင်မှာ ဖြစ်ပါတယ်။ ယခုလက်ရှိမှာ မြန်မာနိုင်ငံက အသုံးပြုသူအနေနဲ့ D.Magic ရဲ့ ထိပ်တန်းဖျော်ဖြေရေး အစီအစဉ်များစွာ ရယူနိုင်ပြီဖြစ်သလို အနာဂတ်မှာလည်း ပိုမိုကောင်းမွန်တဲ့အစီအစဉ်များစွာကို ထပ်မံထည့်သွင်း ပေးသွားမှာ ဖြစ်ပါတယ်။ တယ်လီနောမြန်မာအနေနဲ့ မြန်မာနိုင်ငံက အသုံးပြုသူတွေအတွက် ထူးခြားဆန်းသစ်ပြီး ဈေးနှုန်း သက်သာတဲ့ အကောင်းမွန်ဆုံး အသုံးပြုမှု အတွေ့အကြုံတွေကို အစဉ်အမြဲ ပေးအပ်နေပြီး အနာဂတ်မှာလည်း ပိုမိုထူးခြားပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ ဝန်ဆောင်မှုတွေ၊ ထုတ်ကုန်တွေကို ဆက်လက် ပေးအပ်သွားဖို့ အသင့်ပါပဲ” ဟု တယ်လီနောမြန်မာ၏ ဈေးကွက်ဖော်ဆောင်ရေး အရာရှိချုပ် Amaresh Kumar က ပြောကြားခဲ့ပါသည်။

D.Magic ဒစ်ဂျစ်တယ်ပလက်ဖောင်းကို http://tmm.8elements.mobi/disney/club မှတဆင့် ဝင်ရောက် နိုင်မည် ဖြစ်ပြီး Android ဖုန်းသုံးစွဲသူများသာ ဒေါင်းလုပ်ရယူနိုင်မည်ဖြစ်သည်။ အဆိုပါပလက်ဖောင်းကို တယ်လီနော ၏ မိတ်ဖက် 8 Elements Ltd. က စီမံခန့်ခွဲခြင်းဖြစ်ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top