အားလုံးအသက်ရှင်ခဲ့တဲ့ ကမ္ဘာ့ပထမဆုံး ကိုးမြွှာပူး တစ်နှစ်ပြည့် မွေးနေ့ကျင်းပ

9-twins2.jpg

ကလေးအားလုံး အသက်ရှင်ခဲ့တဲ့ ကမ္ဘာ့ပထမဆုံး ကိုးမြွှာပူးဟာ တစ်နှစ်ပြည့်မွေးနေ့ ဆင်နွှဲခဲ့ကြပါပြီ။

၂၀၂၁ ခုနှစ် မေလ ၄ ရက်မှာ အသက် ၂၆ နှစ်အရွယ် မာလီအမျိုးသမီး ဟာလီမာဆစ်ဆီက ကိုးမြွှာပူးမွေးဖွားခဲ့တာပါ။ ဟာလီမာဆစ်ဆီမတိုင်ခင်က ကိုးမြွှာပူး မွေးဖွားမှုတွေမှာ ကလေးအားလုံး အသက်ရှင်ခဲ့ခြင်းမရှိပါဘူး။

ဟာလီမာဆစ်ဆီ ကိုယ်ဝန်ဆောင်ထားတုန်း scan ဖတ်ချိန်မှာ ဆရာဝန်တွေက ၇ မြွှာပူးပဲ တွေ့ရှိခဲ့ကြတာပါ။ ဟာလီမာဆစ်ဆီကို ပိုကောင်းတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရစေဖို့အတွက် မာလီအစိုးရက မော်ရိုကိုနိုင်ငံထံ ပို့ဆောင်ပေးခဲ့တာဖြစ်ပြီး မော်ရိုကိုဆေးရုံမှာ မီးဖွားခဲ့တာပါ။

ဟာလီမာဆစ်ဆီကို ဗိုက်ခွဲမွေးဖွားချိန်မှာတော့ ကိုးမြွှာပူး ဖြစ်နေခဲ့ပြီး ကလေးတွေဟာ မွေးခါစအလေးချိန် ၁.၁ ပေါင်ကနေ ၂.၂ ပေါင်ပဲ ရှိခဲ့ပါတယ်။ မီးဖွားပြီးနောက်မှာ ကလေးအားလုံး ရှင်သန်စေဖို့အတွက် ဖန်ပေါင်းချောင်တွေထဲ ပို့ဆောင်ခဲ့ပြီး ကလေးဆရာဝန် ခါလီမိုက်က လပေါင်းများစွာ အနီးကပ်စောင့်ရှောက်ပေးခဲ့ပါတယ်။

သူတို့ဟာ အခုချိန်အထိ မော်ရိုကိုနိုင်ငံမှာရှိတဲ့ ဆေးရုံပိုင် သီးသန့်တိုက်ခန်းမှာ နေထိုင်နေကြဆဲပါပဲ။ ပြီးခဲ့တဲ့ မေလ ၄ ရက်နေ့မှာတော့ သူနာပြုဆရာမတွေ၊ အိမ်နီးနားချင်းတွေနဲ့အတူ တစ်နှစ်ပြည့် မွေးနေ့ပွဲကို အကျဉ်းချုံးကျင်းပခဲ့ကြတာပါ။

Ref: Guinnessworldrecords “Record-breaking nonuplets from Mali celebrate first birthday”

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply