စန္ဒသူရိယ နက္ခတ္တဝေဒ ဟောစာတမ်း (၅-၆-၂၀၂၂ မှ ၁၁-၆-၂၀၂၂) ရက်နေ့အထိ

baydin03.jpg

တနင်္ဂနွေ

ယခုအပတ်အတွက် တနင်္ဂနွေသားသမီးတို့ကတော့အတွက်

စီးပွားရေး။ ။ ရတနာပစ္စည်း၊ကျောက်မျက်ရတနာနှင့်ဆိုင်သောလုပ်ငန်းများ၊ ကျောက်မျက်တူးဖော်ခြင်း၊သတ္တုတွင်း လုပ်ငန်း၊ရွှေ၊ရေနံ တူးဖော်ခြင်းနှင့်ဆိုင်သောပစ္စည်းများ ရောင်းဝယ်ခြင်းကောင်းပါသည်။ ရေလုပ်ငန်းနှင့် ဆောက်လုပ်သောလုပ်ငန်းများ အညံ့ဘက်ပါတတ်သည်။ ချေးငွေကိစ္စအတွက် စိတ်သောကများနေတတ်ပါသည်။

ကျန်းမာရေး။ ။ မျက်လုံးထိခိုက်မိခြင်း၊ရေချိုးမှားသဖြင့်အဆုတ်ရေဝင်ခြင်း၊ချောင်းဆိုးခြင်း စသည့် ရောဂါများရတတ်ပါ သည်။ သတိထားပါ။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် ကံကောင်းပါသည်။ ချစ်ရသောသူနှင့် မကြာခဏ ရန်ဖြစ််နေတတ်သည်။ အိမ်ထောင်ရေးအနေနှင့် မိသားစု ယာယီခရီးသွားရတတ်သည်။ကောင်းသောခရီးဖြစ်မည်။

ပညာရေး။ ။ပညာရေးအနေနှင့် နိုင်ငံဝန်ထမ်းများ ကံကောင်းပြီး အစိုးရစရိတ်ဖြင့် အဆင့်မြင့်တန်းများတက်ရမည်။

အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း ရတနာပစ္စည်းရတတ်သည်။စက်ပစ္စည်းအသေးစားများ စသည့်ပစ္စည်းသစ်များ ရောက်လာတတ်သည်။ နိုင်ငံဝန်ထမ်းများ အရာထမ်း စာမေးပွဲ ဖြေပါက အောင်မည်။

အကျိုးပေးဂဏန်းမှာ ။ ။၁။၄။၉

ယတြာ။ ။ အုန်းသီး (၆) စိတ်ကို အိမ်ဘုရားတွင် လှူပေးပါ။

တနင်္လာ

ယခုအပတ်အတွင်း တနင်္လာသားသမီးတို့ကတော့

စီးပွားရေး။ ။ ရေထွက်ပစ္စည်းများ၊ ငါးလုပ်ငန်း၊ရေသန့်လုပ်ငန်း၊ ရေခဲနှင့်ဆိုင်သောလုပ်ငန်း၊အအေးခန်းနှင့်ဆိုင်သော စက်ရုံအလုပ်ရုံများ နှင့်ပါတ်သက်ပြီး ကံကောင်းပါသည်။ အထည်လုပ်ငန်း၊စားသောက်ဆိုင်လုပ်ငန်းများ အညံ့ဘက်ပါတတ်သည်။ မီးအထူးသတိပြုပါ၊ လုပ်ငန်းတွင် မီးလောင်သဖြင့် ရုံးတွင်ဖြေရှင်းရတတ်သလို စီးပွားရေးလည်း များစွာထိခိုက်နိုင်ပါသည်။

ကျန်းမာရေး။ ။ အရိုးထိခိုက်ခြင်း၊ ယာဉ်အန္တရာယ်ဖြစ်ခြင်းများရှိသည်။ သွားရောဂါ ဖြစ်တတ်ပါသည်။ ပြင်ပထိခိုက်ခြင်းကြောင်း(မီး၊ရေနွေးပူလောင်ခြင်း) ဆေးရုံရောက်ရတတ်သည်။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့်အနည်းငယ်ည့ံပါသည်။ ချစ်သူ၏ မိဘမောင်နှမများနှင့်ပါတ်သက်ပြီး ပြသနာတက်တတ်သည်။ အိမ်ထောင်ရေးတွင် ခရီးဝေးသွားရတတ်သည်၊ သို့သော် ပြသနာမရှိ ကံကောင်းပါသည်။

ပညာရေး။ ။ပညာရေးအနေနှင့် ကံကောင်းသောအချိန်ကာလဖြစ်ပြီး ဘဝအတွက် အဖိုးတန်သော ပညာရပ်တစ်ခုကို သင်ကြားရလိမ့်မည်။

အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း အဝတ်အထည်သစ်များ ရတတ်သည်။ အစိုးရဝန်ထမ်းများ ငွေကံကောင်းပါလိမ့်မည်။

အကျိုးပေးဂဏန်း – ၄ ၊ ၅ ၊ ၉။

ယတြာ– တနင်္လာနေ့တွင် တံခိုးကြီးဘုရားတွင် ဆီမီးသက်စေ ကပ်လှူပါ။

အင်္ဂါ

ယခုအပတ်အတွင်း အင်္ဂါသားသမီးတွေကတော့

စီးပွားရေး။ ။ သစ်လုပ်ငန်း၊သစ်တောနှင့်ပါတ်သက်သော လုပ်ငန်းများကံကောင်းနေပါလိမ့်မည်။ ပရိဘောက၊ကြိမ်နှင့် ပါတ်သက်သောလုပ်ငန်း၊ယွန်းထည်နှင့် ရိုးရာလက်မှု့လုပ်ငန်းများ အထူးကံကောင်းသည်။ ပြည်ပပို့ရမည်။ ကားလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ကိုင်သူများ သောကရောက်ရလိမ့်မည်။

ကျန်းမာရေး။ ။ သွေးနှင့်ပါတ်သက်သည့်ရောဂါနှင့် အဆုတ်ရောင်ရောဂါရရှိတတတ်သည်။ အဆုတ်ရေးဝင်ပါက ဆေးရုံအမြန်သွားဖို့ တိုက်တွန်းပါတယ်။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် အထူးသတိထားရန်မှာ ချစ်သူနှင့် သဘောမတူသဖြင့် ခိုးပြေးရသည့်အခြေအနေမျိုးဖြစ်တတ်သည်။ အိမ်ထောင်ရေးအနေနှင့်လည်း အညံဘက်ပါပြီး အိုးအိမ်နှင့်ပါတ်သက်ပြီး စကားများရတတ်သည်။

ပညာရေး။ ။ပညာရေးအနေနှင့် သင်တန်းတစ်ခုခုကို တက်လိုက်ပါ၊ နောင်တစ်ချိန်အကျိုးရှိမည့်ပညာတစ်ခုရရှိမည်။

အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း ဘာသာရေးနှင့်ဆိုင်သော ကုသိုလ်တစ်ခုတွင် ပါဝင်ရမည်။ လက်နက်ကိုင်ဝန်ထမ်းများ သတိရှိပါစေ။

အကျိုးပေးဂဏန်း – ၃၊ ၄ ၊ ၉။

ယတြာ – အင်္ဂါနေ့တွင် အင်္ဂါနံဘုရားတွင် ဇီးသီးများလှူပြီး လိုရာဆုတောင်းပါ။

ဗုဒ္ဓဟူး

ယခုအပတ်အတွင်း ဗုဒ္ဓဟူးသားသမီးတို့အနေဖြင့်

စီးပွားရေး။ ။ စားသောက်ဆိုင်နှင့်ဆိုင်သောလုပ်ငန်းများ၊စားသောက်ကုန်လုပ်ငန်းများ၊ ဖုန်း၊ကွန်ပျူတာနှင့်ဆိုင်သော လုပ်ငန်းများ ကောင်းပါသည်။ အစားအသောက်နှင့်ဆိုင်သော လုပ်ငန်းသုံး စက်ပစ္စည်းများ တင်သွင်းခြင်းလုပ်ငန်းလည်း အထူးကောင်းပါသည်။ ညံ့နေသည်မှာ ကျောက်မျက်ရတနာလုပ်ငန်းဖြစ်သည်။

ကျန်းမာရေး။ ။ ဒူးနာခါးနာဖြစ်မည်။ သွေးနှင့်ပါတ်သက်သော သွေးတိုးရောဂါသတိထားပါ။ ခေါင်းကိုက်မည်။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် ကံကောင်းပါသည်။ မိမိအားအလွန်ချစ်တတ်ပြီး နာလည်မှု့ပေးနိုင်သော ချစ်သူကို ရရှိမည်။သို့သော် အိမ်ထောင်ရေးအနေနှင့် အေးစက်သော အိမ်ထောင်ရေး ဖြစ်နေတတ်ပါသည်။

ပညာရေး။ ။ပညာရေးအနေနှင့် ပြည်ပတက္ကသိုလ်ပညာရေးကြိုးစားနေသူများ အဆင်ပြေမည်။အင်္ဂလိပ်စာကို အထူးအလေးပေးပါ။

အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း မိမိနှင့်ပါတ်သက်သောအစိုးရဝန်ထမ်းတစ်ဦးထံမှ အကူအညီရမည်၊ ဝန်ထမ်းများ စိိတ်သောကများရတတ်သည်။

ရာဟု သားသမီးတို့ကတော့ ကျန်းမာရေး အနေနှင့် ခါးနာရောဂါရတတ်သည်။ အချစ်ရေးတွင်လည်း အညံ့ဖြစ်မည်။ စီးပွားရေးတွင် ရောင်း/ဝယ်ရေးကို ဦးစားပေးသင့်ပါတယ်။ ဝန်ထမ်းဖြစ်ပါက ကံကောင်းပါလိမ့်မည်။

အကျိုးပေးဂဏန်း – ၄ ၊ ၂ ၊ ၆။

ယတြာ။ ။ ဗုဒ္ဓဟူးနေ့တွင် ငါးအရှင်များလွတ်ပေးပါ။

ကြာသပတေး

ယခုအပတ်အတွင်း ကြာသာပတေး သားသမီးတို့အတက်

စီးပွားရေး။ ။ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း အထူးကောင်းမွန်ပါသည်။ စားသောက်ဆိုင်နှင့် ခရီးသွားဝန်ဆောင်မှု့ကောင်းပါသည်။အစားအသောက်ထုတ်ပိုးသောလုပ်ငန်းလည်း ကောင်းပါသည်။

ကျန်းမာရေး။ ။ ဝမ်းဗိုက်နှင့်ဆိုင်သောရောဂါ ၊အသဲနှင့် သက်ရက်ရွက်ဆိုင်သောရောဂါ တို့ကြောင့် ဆေးရုံဆေးခန်းတွင် ကုသရလိမ့်မည်။ အစားအသောက်ကြောင့်ဖြစ်တတ်သဖြင့် သတိထားပါ။အစားအဆိပ်သင့်တတ်သည်၊ အထူးသဖြင့် အရက်ကြောင့် သောကရောက်ရတတ်သေးသည်။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် ကံကောင်းပါသည်။ ချစ်ရသောသူနှင့် အမြန်ဆုံးလက်ထပ်ရ လိမ့်မည်။ အိမ်ထောင်သည်များလည်း အလုပ်ကိစ္စများနှင့်ပါတ်သက်ပြီး ခရီးဝေးသွားရပြီး ခွဲနေရမည်။

ပညာရေး။ ။မိဘများကြောင့် ပညာသင်ကြားရေးတွင် အဆင်မပြေဖြစ်တတ်သည်။ သို့သော် ပညာရေးကောင်းပါသည်။

အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း ဘာသာရေးခရီးသွားရပါက ထီထိုးလိုက်ပါ။ ဝန်ထမ်းများ ကောင်းသော ပြောင်ခြင်းဖြင့် နယ်ပြောင်းရမည်။မပြောင်းရပါက ရာထူးဆိုင်ရာစာမေးပွဲဖြေရတတ်သည်။

အကျိုးပေးဂဏန်း – ၅ ၊ ၃ ၊ ၀။

ယတြာ – ကြာသာပတေးနေ့တွင် ကြာသာပတေးနံပါသော ဘုရားတွင် သစ်သီး(၉) မျိုးပူဇော်ပါ။

သောကြာ

ယခုအပတ်အတွင်း သောကြာသားသမီးတို့သည်

စီးပွားရေး။ ။ လယ်၊ယာ လုပ်ငန်း၊ တောင်သူလုပ်ငန်း၊ ဥယဉ်ခြံမြေများနှင့် စိုက်ပျိုးရေးလုပ်ငန်းများ အထူးကောင်းမွန်သောအချိန်ဖြစ်ပြီး၊ စီးပွားဖြစ်ထွန်းပါလိမ့်မည်။ ပွဲရုံလုပ်ငန်းနှင့် ပဲအမျိုးမျိုးလုပ်ငန်းများ တိုးတက်မည်။ ငွေကြေးကိစ္စများတွင် သတိထားပါ။ ငွေလိမ်ခံရတတ်သည့် အချိန်ဖြစ်သည်။ငွေလိမ်ခံရပါက လုံးဝပြန်မရဖြစ်မည်။

ကျန်းမာရေး။ ။ မတော်တဆထိခိုက်မိတတ်သည်။ ယာဉ်ကားအန္တရယ်ရှိသည်။ အစာအိမ်သတိထားပါ။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် ကံကောင်းသော်လည်း ချစ်သူနှင့် နယ်ဝေးနေရတတ်သည်။ အိမ်ထောင်သည်များလည်း ခွဲနေရတတ်သည်။ စိတ်ပူရန်မရှိပါ။အနေဝေးသော်လည်း ချစ်နေပါလိမ့်မည်။

ပညာရေး။ ။ပညာရေးအနေနှင့် ဝန်ထမ်းအရာရှိနှင့် ဆိုင်သော သင်တန်းတက်ရမည်။ကံကောင်းပါလိမ့်မည်။ နိုင်ငံခြားဘာသာတစ်ခုခုကို လေ့လာပါ။ Online ပညာရေးကောင်းမွန်ချိန်ဖြစ်သည်။

အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း ကား၊ဆိုင်ကယ် စသည့် ယာဉ်တစ်ခုခုဝင်တတ်ထွက်တတ်သည့်အချိန်ဖြစ်ပါသည်။ ဝန်ထမ်းများလည်း မိမိနှင့် ဌာနတွင်း နေရာပြောင်းရတတ်သည်။

အကျိုးပေးဂဏန်း – ၂ ၊ ၅ ၊ ၉။

ယတြာ – သောကြာနေ့တွင် ငှက်များကို တတ်နိုင်သလောက် လွတ်ပေးပါ။

စနေ

ယခုအပတ်အတွင်း စနေသားသမီးတို့သည်

စီးပွားရေး။ ။ ကျောက်မျက်ရတနာနှင့်ဆိုင်သောလုပ်ငန်း၊ သတ္တုလုပ်ငန်း၊ဆောက်လုပ်ရေးလုပ်ငန်းများ စသည်တို့ ကံကောင်းသည့်အချိန်ဖြစ်သည်။ ဆောက်လုပ်ရေး၊အိမ်ဆောက်ပစ္စည်းလုပ်ငန်း၊ သံထည်ပစ္စည်းလုပ်ငန်းများ ကောင်းပါသည်။ သတိထားရမည်မှာ သစ်လုပ်ငန်းဖြစ်သည်။ဥပေးနှင့်မလွတ်သည့် လုပ်ငန်းလုပ်ကိုင်နေသူများလည်း သတိထားရန်လိုသည့်အချိန်ဖြစ်သည်။

ကျန်းမာရေး။ ။ ကျောရိုးနှင့်ဆိုင်သောရောဂါ၊ အာရုံကြောရောဂါများရတတ်သည်။ အမျိုးသမီးများ လေးဘက်နာသတိပြုပါ။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် ကံကောင်းပါသည်။ ချစ်သူတို့ အိမ်ထောင်ပြုရန် အဆင်ပြေမည်။ အိမ်ထောင်သည်များ အနေဝေးနေပါက ယခုတစ်ပါတ်တွင် ပြန်လည်ပေါင်းစုံရပါမည်။ သတိထားရမည်မှာ နှစ်ဘက်မိဘတို့ကြောင့် စိတ်ညစ်ရတတ်သည်။အိမ်ထောက်ဘက် ကျန်းမာရေး သတိပြုပါ။

ပညာရေး။ ။နိုင်ငံခြားပညာတော်သင်အတွက် ကြိုးစားပါ။ ဝင်ခွင့်အောင်နိုင်သောကာလဖြစ်သည်။

အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း ဝန်ထမ်းများ ကံကောင်းပါသည်။ ခရီးသွာရပါက အပိုဝင်ငွေရပါလိမ့်မည်။

အကျိုးပေးဂဏန်း – ၃။၆။၉ ၊

ယတြာ – ရဟန်းတစ်ပါးကို ငွေလှူပါ။

ဆရာကင်္ကသူ

Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top