စိန်ရဲ့အလေးချိန်ကို ကာရက်နဲ့ တိုင်းတာ ဘာကြောင့်လဲ

17.12.2021yyl8.jpg

စိန်ရဲ့ အလေးချိန်ကို ကာရက်နဲ့ တိုင်းတာလေ့ရှိတယ်။ လူတော်တော်များများကတော့ ကာရက်ဆိုတာ စိန်ရဲ့ အရွယ်အစားကို တိုင်းတဲ့ယူနစ်လို့ ထင်ကြတယ်။ တကယ်တော့ ကာရက်က အလေးချိန်ကို တိုင်းတာတဲ့ယူနစ်ပါ။ ၁ ကာရက်မှာ ၂၀၀ မီလီဂရမ်ရှိတယ်။ စိန်ပွင့်ရဲ့ အလျားနဲ့ အနံကို မီလီမီတာနဲ့ပဲ တိုင်းတာကြတာပါ။ စိန်ပွင့်က လုံးဝန်းရင် အချင်းကို တိုင်းတာလေ့ရှိတယ်။ ဥပမာ လုံးဝန်းတဲ့ စိန်တစ်ပွင့်က ၁ ကာရက်ရှိမယ်ဆိုရင် အချင်းက ၆.၄ မီလီမီတာဝန်းကျင် ရှိမယ်။

ကာရက်ဆိုတဲ့ ယူနစ် ဘယ်လိုဖြစ်ပေါ်လာသလဲဆိုတဲ့ သမိုင်းကြောင်းက ရှည်လျားပါတယ်။ ဂရိ – အာရေဗီ – အီတလီ ဘာသာစကား (၃)မျိုးကနေ ဆင်းသက်လာခဲ့တာပါ။ ကျောက်မျက်ရတနာတွေရဲ့ အလေးချိန်ကို ကာရိုပင်ရဲ့အစေ့နဲ့ တိုင်းတာတဲ့ သမိုင်းရှိခဲ့ဖူးပါတယ်။ ကာရိုစေ့ရဲ့ ဒြပ်ထုက ပြောင်းလဲမှုနည်းပါးတယ်လို့ ယုံကြည်ခဲ့တာကြောင့်ပါပဲ။ ဒါပေမဲ့ ကာရိုစေ့ကလည်း တခြားအစေ့တွေလိုပဲ ပြောင်းလဲမှုတွေ ရှိပါတယ်။ ကာရိုစေ့နဲ့ တိုင်းတာရာကနေ ကာရက်ဆိုတဲ့ ယူနစ် ဖြစ်လာတာပါ။

စိန်ရဲ့အလေးချိန် အတိအကျကတော့ စိန်သွေးတဲ့အပေါ် မူတည်ပါတယ်။ အနက်သွေး(Deep Cut)တာလား၊ စံသွေး (Ideal Cut)လား၊ အတိမ်သွေး (Shallow Cut)တာလားပေါ့။ ဥပမာပြောရရင် အလေးချိန် ၁ ကာရက်ရှိပြီး လုံးဝန်းတဲ့ စိန်တစ်ပွင့်ကို အနက်သွေး ( Deep Cut) ထားရင် အလေးချိန် ဝ.၉၅ ကာရက်ပဲရှိပြီး အတိမ်သွေးထားတဲ့ စိန်ပွင့်ထက် သေးငယ်သယောင် ထင်ရတယ်။

စိန်ပွင့်ရဲ့ အလေးချိန်နဲ့ အချင်း ဆက်နွှယ်ချက်တွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

0.25 carats — diameter 4 mm
0.5 carats — diameter 5 mm
0.75 carats — diameter 5.7 mm
1 carat — diameter 6.4 mm
1.5 carats — diameter 7.4 mm
2 carats — diameter 8 mm
3 carats — diameter 9.3 mm
4 carats — diameter 10.2 mm
5 carats — diameter 11 mm

Ref: 5minutecrafts “Why Diamonds Are Measured in Carats”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top