“Sad Keanu” Meme ရဲ့နောက်ကွယ်က အကြောင်းအရင်းကို ထုတ်ပြောပြလာခဲ့တဲ့ ကီနူးရိဗ်

15.12.2021yyl7.png

ပရိသတ်တွေ ချစ်ခင်လေးစားကြရတဲ့ John Wick မင်းသားကြီး ကီနူးရိဗ်ရဲ့ ပုံတစ်ပုံက Sad Keanu Meme အနေနဲ့ လူမှုကွန်ယက်ပေါ်မှာ ရေပန်းစားခဲ့ကြပါတယ်။ ပုံထဲမှာ ကီနူးရိဗ်က ဝမ်းနည်းနေတဲ့ပုံပေါက်နေတဲ့အတွက် Sad Keanu အဖြစ် ခေါ်တွင်ခဲ့ကြတဲ့ပုံပါပဲ။ မကြာသေးခင်ကမှ ကီနူးရိဗ်က “The Late Show With Stephen Colbet” ရှိုးအစီအစဉ်မှာ Sad Keanu Meme နောက်ကွယ်က ဇာတ်လမ်းအကြောင်း ထုတ်ပြောပြလာခဲ့ပါတယ်။

Sad Keanu Meme ပုံဟာ၂၀၁၀ခုနှစ်က ကီနူးရိဗ်ကို ပါပါရာဇီတွေ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေထဲက တစ်ခုပါ။ အဲဒီပုံမှာ နယူးယောက်မြို့က ခုံတန်းရှည်မှာ ထိုင်ပြီး ကီနူးရိဗ်က ဆန်းဝှစ်စားနေခဲ့တာကို မြင်တွေ့ရမှာပါ။ တစ်ခုခုကိုလည်း တွေးနေခဲ့တဲ့ပုံပါပဲ။ အဲဒီပုံက အင်တာနက်မှာ Meme အဖြစ် ခေတ်စားသွားခဲ့ပါတယ်။

တကယ်တော့ အင်တာနက်မှာ ပြောနေကြသလို ကီနူးရိဗ် ဝမ်းနည်းနေတာမဟုတ်ပါဘူး။ အဲဒီအကြောင်းအရင်းကို ကီနူးရိဗ်က “ကျွန်တော် ဆန်းဝှစ်စားနေတာပါ။ ကျွန်တော် ဆန်းဝှစ်စားနေခဲ့ရုံပါ” လို့ ဆိုပါတယ်။ အစီအစဉ်တင်ဆက်သူ စတီဖန် ကော်လ်ဘတ်က ဒါဆို Sad Keanu Meme မှာ တကယ်ဝမ်းနည်းနေတာမဟုတ်ဘူးလား” လို့ မေးတော့ ကီနူးရိဗ်က “ကျွန်တော်မှာ လုပ်စရာတွေရှိနေတာကို စဉ်းစားနေခဲ့တာ။ ကျွန်တော်ဗိုက်ဆာနေခဲ့တာ”လို့ ထုတ်ပြောပြခဲ့ပါတယ်။ ဘာလို့ သူ့ရဲ့ပုံတွေက Meme ဖြစ်လာခဲ့တာလဲဆိုတာတော့ သူမသိဘူးလို့လည်း ပြောခဲ့ပါတယ်။

အဲဒီရှိုးမှာ ကီနူးရိဗ်က Constantine ဇာတ်ကားနောက်ဆက်တွဲမှာ ပါဝင်ချင်တဲ့အကြောင်းနဲ့ နောက်ဆက်တွဲကို ဘယ်သူမှ ရိုက်ကူးမှာမဟုတ်ကြောင်းလည်း ပြောခဲ့ပါတယ်။ ကီနူးရိဗ်ဟာ ၂၀၀၅ခုနှစ်က Constantine ဇာတ်ကားမှာ စုံထောက်ဂျွန်အဖြစ် ပါဝင်ခဲ့တဲ့ အချိန်ကောင်းတစ်ခုရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒုတိယအကြိမ် သူ့ကို အဲဒီဇာတ်ကောင်နဲ့ မြင်တွေ့ရဖို့ ဘယ်သူမှ စိတ်ဝင်စားမှုမရှိခဲ့ဘူးလို့ ဖွင့်ဟခဲ့ပါတယ်။

စတီဖန် ကော်လ်ဘတ်က ကီနူးရိဗ်ကို ထပ်ပြီးသရုပ်ဆောင်ချင်တဲ့ ဇာတ်ကောင်ရှိမရှိ၊ကမ်းလှမ်းမခံချင်တဲ့ ဇာတ်ရုပ်ရှိမရှိမေးမြန်းတော့ ကီနူးရိဗ်က “ကမ်းလှမ်းမခံချင်တဲ့ဇာတ်ရုပ်မရှိပါဘူး။ ကျွန်တော် Constantine ဇာတ်ကားမှာ ထပ်ပြီး ဂျွန်အဖြစ် ပါဝင်ချင်တယ်”လို့ ဆိုပါတယ်။ “ဂျွန်အဖြစ် သရုပ်ဆောင်ချင်တယ်လို့ အခုပြောနေတာလား။ ဘယ်သူမှ အဲဒီဇာတ်ကားကို ထပ်ပြီးမရိုက်တာလား” လို့ စတီဖန်က မေးတော့ ကီနူးရိဗ်က “ကျွန်တော် သရုပ်ဆောင်ချင်လို့ ကျွန်တော် ကြိုးစားကြည့်ခဲ့ဖူးတယ်။ ကြိုးစားကြည့်ခဲ့ဖူးတယ် စတီဖန်” လို့ ဖြေကြားခဲ့ပါတယ်။

Ref: 9gag & Asiaone “Keanu Reeves Finally Explains What He Was Thinking In The ‘Sad Keanu’ Meme”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top