လေမှုတ်ရဲတိုက် လေပေါ်လွင့်ပါသွားလို့ ကလေး ၂ ယောက် သေဆုံး၊ ကလေးအများအပြား အပြင်းအထန် ဒဏ်ရာရ

15.12.2021yyl11.jpg

သြစတြေးလျနိုင်ငံမှာ ကလေးကစားတဲ့ လေမှုတ်ရဲတိုက်တစ်ခု လေပေါ်လွင့်ပါသွားခဲ့လို့ ကလေးငယ် ၂ ယောက် သေဆုံးခဲ့ပြီး တခြားကလေးတွေ ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပါတယ်။ တက်စ်မန်နီယာပြည်နယ်၊ ဒီဗွန်ပို့တ်မြို့ မူလတန်းကျောင်း ပျော်ပွဲရွှင်ပွဲနေ့ဖြစ်တဲ့ ဒီဇင်ဘာလ ၁၆ ရက်မှာ လေရူးမွှေ့ခဲ့လို့ အခုလို ဖြစ်ပွားခဲ့တာပါ။ လေမှုတ်ရဲတိုက်နဲ့အတူ အပေါ်မြောက်တက်သွားတဲ့ ကလေးငယ်တွေဟာ ၃၂ ပေ အမြင့်ကနေ ပြုတ်ကျခဲ့ကြတာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။


အာဏာပိုင်တွေက ကလေးငယ်တွေရဲ့ အသက်အရွယ်ကို ထုတ်မပြောခဲ့သလို ဘယ်လို ပြုတ်ကျခဲ့တာလဲဆိုတာကိုလည်း မပြောခဲ့ပါဘူး။ ဒါပေမဲ့ ကလေးတော်တော်များများ ဒဏ်ရာပြင်းထန်တယ်လို့ အတည်ပြုခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ ထင်မထားနိုင်လောက်အောင် ရင်ကွဲပက်လက် ဖြစ်ရတယ်လို့ သြစတြေးလျဝန်ကြီးချုပ် စကော့မော်ရစ်ဆန်က ပြောပါတယ်။ အခင်းဖြစ်ပွားပြီးနောက် အချိန်တိုအတွင်းမှာပဲ ဆေးအဖွဲ့တွေ ရောက်ရှိလာခဲ့ပြီး ကလေးငယ်တွေကို ရှေးဦးသူနာပြုစုနည်းနဲ့ ပြုစုခဲ့ကြပြီးနောက်မှာ ရဟတ်ယာဉ်နဲ့ ဆေးရုံပို့ဆောင်ပေးခဲ့တာပါ။


Ref:BBC “Tasmania bouncy castle fall: Two children killed and several others injured”


Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top