အဆိုတော်တစ်ဉီးရဲ့သီချင်းသစ်တစ်ပုဒ်မှာ ပါဝင်အားဖြည့်သီဆိုပေးထားတဲ့ The Rock

11-10-2021yyl01.jpg

အခုဆိုရင် The Rock လို့ လူသိများတဲ့ မင်းသားကြီး ဒွိန်းဂျွန်ဆင် (Dwayne Johnson) ဟာ ရက်ပ်သီချင်းသီဆိုနေပါပြီ။ သူဟာ ရက်ပ်အဆိုတော် Tech N9ne ရဲ့ သီချင်းအသစ်တစ်ပုဒ်ဖြစ်တဲ့ FaceOff မှာ ပါဝင်အားဖြည့်သီဆိုပေးထားတာဖြစ်ပါတယ်။ The Rock က Tech N9ne နဲ့ Ballers ဇာတ်လမ်းတွဲရိုက်ကွင်းမှာ ပထမဆုံးဆုံမိကြရင်း ပူးပေါင်းတင်ဆက်ဖို့ ပြောဆိုဖြစ်ခဲ့ကြတာပါ။

“ကျွန်တော် ဂီတကို နှစ်သက်ပါတယ်။ ကျွန်တော့်ရဲ့ဇာတ်ကားတွေမှာ ဂီတအစိတ်အပိုင်းတချို့ကို ထည့်တဲ့အချိန်တိုင်း အဲဒါလုပ်ရတာ ကြိုက်တယ်”လို့ The Rock က ဂီတကို နှစ်သက်ကြောင်း အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။ သူ့ရဲ့ရက်ပ်ပါသူငယ်ချင်းတွေက သူတို့ရဲ့သီချင်းတွေမှာ ပါဝင်သီဆိုပေးဖို့ တောင်းဆိုခဲ့ဖူးပေမဲ့ အခုထိ သူ ပါဝင်သီဆိုဖို့ အမြဲတမ်းငြင်းနေတုန်းပါပဲလို့လည်း ဆိုပါတယ်။ “ဟစ်ဟော့သီချင်းတွေသီဆိုတဲ့ ကျွန်တော့်သူငယ်ချင်းတော်တော်များများက ကျွန်တော့်ကို ပါဝင်သီဆိုပေးဖို့ ခဏခဏတောင်းဆိုကြတယ်။ ဒါပေမဲ့ ကျွန်တော် သူတို့ကို ငြင်းနေတုန်းပါပဲ”လို့ The Rock က ပြောပါတယ်။

ဒါပေမဲ့ Tech N9ne ရဲ့သီချင်းမှာ ပါဝင်သီဆိုဖြစ်ခဲ့ပုံကို The Rock က အခုလိုဖြေကြားခဲ့ပါတယ်။ “Tech က ကျွန်တော့်ဆီကို သီချင်းပါဝင်သီဆိုပေးဖို့ စာပို့တော့ ဒီအလုပ်ကို ကျွန်တော်လုပ်ဖို့ စဉ်းစားမိခဲ့တယ်။ ကျွန်တော်တို့ရဲ့အလုပ်ကျင့်ဝတ်နဲ့ ဆန္ဒတွေအရ ကျွန်တော်တို့ ပူးပေါင်းဖြစ်ကြတယ်။ လွန်ခဲ့တဲ့နှစ်တွေတုန်းက Tech နဲ့ ကျွန်တော် Ballers ရိုက်ကွင်းမှာ ပထမဆုံးဆုံမိကြတာပါ။ ပူးပေါင်းတင်ဆက်ဖို့အကြောင်း ပြောဖြစ်ခဲ့ကြတယ်”လို့ ပြောပါတယ်။

The Rock ပါဝင်အားဖြည့်သီဆိုပေးထားတဲ့ Face Off သီချင်းဟာ အောက်တိုဘာ ၉ ရက်နေ့က ထွက်ရှိထားပါတယ်။ ဒီသီချင်းက အလေးမတဲ့သူတွေ၊ ကိုက်ခံပညာသိုင်းပေါင်းစုံအားကစားသမားတွေ၊ ဂိမ်းကစားသမားတွေအတွက် ခွန်အားဖြစ်စေမယ့် သီချင်းဖြစ်ပါတယ်။

Face Off သီချင်းနားဆင်ကြည့်ရှုရန်

Ref: AsiaOne “Dwayne ‘The Rock’ Johnson making his rap debut”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top