လာဘ်စားထားတဲ့ငွေတွေပြန်ပေးဖို့ နိုင်ငံရေးသမားတွေကို အိန္ဒိယပြည်သူတွေ တောင်းဆို

65085508_2451199371577635_8612656708457594880_n.jpg

သူတို့ဆီက လာဘ်စားထားတဲ့ငွေတွေပြန်ပေးဖို့ အိန္ဒိယနိုင်ငံ၊ အနောက်ဘန်ဂေါပြည်နယ်မှာနေထိုင်တဲ့ ပြည်သူတွေက နိုင်ငံရေးသမားတွေကို တောင်းဆိုခဲ့ပါတယ်။ အစိုးရစီမံကိန်းတွေမှာပါဝင်ချင်လို့ ဒေသခံတွေ လာဘ်ထိုးခဲ့တဲ့ငွေတွေကိုပြန်ပေးဖို့ အနောက်ဘန်ဂေါပြည်နယ်ဝန်ကြီးချုပ် မာမာတာဘာနာဂျီက ဝန်ကြီးတွေကို တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့တနင်္လာနေ့မှာ ဘာနာဂျီရဲ့ပါတီဝင်ဖြစ်တဲ့ ဒေသခံခေါင်းဆောင်တစ်ယောက်ရဲ့နေအိမ်ကို ငွေပြန်လိုချင်တဲ့ ဒေသခံတွေက ဝိုင်းခဲ့ကြပါတယ်။ အနောက်ဘန်ဂေါ ပြည်နယ်တစ်ခုလုံးမှာ အလားတူဖြစ်ရပ်တွေ ကြုံတွေ့နေတာဖြစ်ပါတယ်။ ”သူတို့လာဘ်စားခဲ့တဲ့ငွေတွေ ပြန်ပေးရမှာပါ။ ဒီလိုခေါင်းဆောင်တွေကို ကျွန်တော်တို့သင်ခန်းစာပေးရမယ်”လို့ ဆန္ဒပြသူတစ်ယောက်က ပြောခဲ့ပါတယ်။ အိန္ဒိယနိုင်ငံရေးလောကမှာ လာဘ်စားတာဟာ သိပ်မထူးဆန်းပေမဲ့ အခုလိုလာဘ်ပေးခဲ့တဲ့ငွေတွေ ပြန်တောင်းတာမျိုးကတော့ ကြုံတောင့်ကြုံခဲပါပဲ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top