အများသုံးယာဉ်ကို စီးပြီး မြို့ပတ်လေ့ရှိတာကြောင့် လူစိတ်ဝင်စားမှုများနေတဲ့ လေလွင့်ခွေးလေး

11-10-2021yyl03.jpg

နိုင်ငံရပ်ခြားမှာဆိုရင် လူတွေတော်တော်များများက အများပြည်သူသုံးယာဉ်တွေပေါ်မှာ ခွေးလေးတွေနဲ့ ရင်းနှီးလာကြပါတယ်။ အဲဒီခွေးလေးတွေထဲမှာ တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့က ဘိုဂျီလို့ခေါ်တဲ့ လေလွင့်ခွေးလေးလည်း အပါအဝင်ပါပဲ။ ဘိုဂျီက နေ့တိုင်း အများပြည်သူသုံးယာဉ်ကို စီးပြီး မြို့ပတ်လေ့ရှိပါတယ်။ အစ္စတန်ဘူလ်မြို့မှာတော့ ဘိုဂျီက သခင်မပါဘဲ မြေအောက်ရထား၊ ဘတ်စ်ကားတွေစီးနိုင်တဲ့အချက်ကြောင့်ပဲ လူစိတ်ဝင်စားမှုရရှိနေတဲ့ ခွေးလေးဖြစ်နေပါပြီ။

မကြာသေးခင်ကမှ မြို့နေပြည်သူတွေက ဘိုဂျီကို ဘတ်စ်ကား၊ ရထားစီးနေတဲ့အတွက် သတိထားမိခဲ့ပြီး ဓာတ်ပုံတွေရိုက်လာကြပါတယ်။ သူက တကယ်ကို လိမ္မာတဲ့ခွေးလေးပါပဲ။ အများပြည်သူသုံးယာဉ်ရဲ့စည်းမျဉ်းတွေအားလုံးကိုလည်း သိပါတယ်။ ရထားနဲ့ ဘတ်စ်ကားပေါ်ကနေ ခရီးသည်တွေ အရင်ဆင်းပြီးမှ သူက ဆင်းလေ့ရှိပါတယ်။ ယာဉ်ပေါ်တက်ရင်လည်း ခရီးသည်တွေအရင်တက်တာကို စောင့်ဆိုင်းပြီးမှ တက်ပါတယ်။

ရထားဘူတာနဲ့ ဘတ်စ်ကားမှတ်တိုင်ရောက်လာရင်လည်း ဘိုဂျီက ရာသီဉတုသာယာရင် လှေကားထစ်မှာ စောင့်ပြီး မိုးရွာရင်တော့ မိုးလုံတဲ့နေရာဝင်ပြီး စောင့်ပါတယ်။ Istanbul Metropolitan Municipality အဖွဲ့အစည်းက ဘိုဂျီ ဘယ်အထိ သွားလဲဆိုတာ သိရဖို့အတွက် ခြေရာခံစက်တပ်ပေးထားပါတယ်။ ဘိုဂျီက တစ်နေ့ကို မှတ်တိုင် ၂၉ ခုကို လည်ပတ်ပြီး အကွာအဝေး ၂၇ ကီလိုမီတာကနေ ကီလိုမီတာ ၃၀ ထိ ရောက်တယ်ဆိုတာ သိခဲ့ရပါတယ်။

ဘိုဂျီက လေလွင့်ခွေးဖြစ်ပေမဲ့ သူ့ရဲ့နာမည်ကို ရထားလမ်းဝေါဟာရကနေ ယူထားတာပါ။ ဘိုဂျီကို ကျန်းမာရေးစစ်ဆေးမှုတွေအားလုံး လုပ်ပေးထားပါတယ်။ ခရီးသည်တွေ အများပြည်သူသုံးယာဉ်စီးရင်းနဲ့ ဘိုဂျီကို ဘယ်မှာ တွေ့ခဲ့လဲဆိုတာ သိရဖို့အတွက် လူမှုကွန်ယက်အကောင့်တွေလည်း ဖွင့်ထားတယ်လို့ သိရပါတယ်။

Ref: Boredpanda “This Stray Dog Has Captured The Attention Of Local People of Istanbul Because He Uses Public Transport To Travel Around The City”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top