ဂျပန်နိုင်ငံမှာ အဆောက်အအုံတစ်လုံး မီးလောင်ပြီး အနည်းဆုံး လူ ၂၇ ဦး သေဆုံးဖွယ် ရှိ

Japan.jpg

ဂျပန်နိုင်ငံ အိုဆာကာမြို့လယ်က အဆောက်အအုံတစ်လုံး မီးလောင်ကျွမ်းခဲ့ပြီး အနည်းဆုံး လူ ၂၇ ယောက် သေဆုံးနိုင်တယ်လို့ NHK သတင်းဌာနက ဖော်ပြပါတယ်။ ဒီဖြစ်ရပ်က ရှို့မီးဖြစ်နိုင်သလားဆိုတာကို ရဲတပ်ဖွဲ့က စစ်ဆေးနေပါတယ်။

ရုပ်သံမှတ်တမ်းတွေအရ အဆောက်အအုံ လေးလွှာမှာရှိတဲ့ မီးကျွမ်းထားတဲ့ ပြတင်းပေါက်တွေမှာ မီးသတ်သမားတွေ မီးငြှိမ်းသတ်နေတာ တွေ့ရပါတယ်။ ဒီမီးလောင်မှုမှာ စတုရန်းပေ ၂၁၅ ပေ လောင်ကျွမ်းခဲ့ပြီး မိနစ် ၃၀ အကြာမှာ မီးသတ်သမားတွေက မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ ဒေသခံမီးသတ်တပ်ဖွဲ့က ပြောပါတယ်။ မီးလောင်ခဲ့တဲ့ အဆောက်အအုံဟာ အိုဆာကာမြို့ရဲ့ စီးပွားရေးနဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေ ပေါများတဲ့ခရိုင်မှာ တည်ရှိပါတယ်။

Ref: BBC “Japan: 27 feared dead in Osaka building fire”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply