တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားတို့ စက်တင်ဘာမှာ ထိပ်သီး အစည်းဝေးကျင်းပဖို့ သဘောတူ

thRJ59LC05.jpg

မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားတို့ဟာ ထိပ်သီး အစည်းအဝေးကို လာမယ့်စက်တင်ဘာလမှာ ပြုလုပ်ဖို့ သဘောတူညီခဲ့ကြောင်း တောင်ကိုရီးယား ယွန်ယတ် သတင်းစာကဖော်ပြခဲ့ပါတယ်။ ကိုရီးယားကျွန်းဆွယ်ကို ပိုင်ခြားထားတဲ့ စစ်မဖြစ်ရဇုန်မှာ အဆင်မြင့် ထိပ်သီးအစည်းဝေးကို ကျင်းပမှာဖြစ်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံဆီ သွားရောက်မယ့် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်ရဲ့ခရီးစဉ်ဟာ ဆယ်စုနှစ်ကျော်အတွင်း တစ်ကြိမ်မက ရှိလာနိုင်ပြီး ကိုရီးယားကျွန်းဆွယ် ပြန်တည်ဆောက်ရေးအတွက် အဓိက ထားဆွေးနွေးဖွယ် ရှိနေပါတယ်။ တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်ဟာ ပြီးခဲ့တဲ့ဧပြီလက ပန်မွန်ဂျွန်မှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်နဲ့ ပထမဆုံးအကြိမ် တွေဆုံခဲ့ရာ အဲဒီ အစည်းအဝေးအတွင်း တောင်ကိုရီးယား သမ္မတက မြောက်ကိုရီးယားနိုင်ငံကို အလှည့်ပတ်သွားရောက်ဖို့ သဘောတူညီခဲ့ပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့က မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယား အဆင့်မြင့်အရာရှိတွေဟာ ထိပ်သီးအစည်းဝေးကျင်းပဖို့ သဘောတူညီခဲ့ပါတယ်။ မြောက်ကိုရီးယား အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ကိုဦးဆောင်တဲ့ ရီဆွန်ဂွမ်က တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားခေါင်းဆောင်တွေနဲ့ ထိပ်သီးတွေဆုံဆွေးနွေးမှုက ပြည်သူတွေရဲ့ ဆန္ဒကို အထောက်အပံ့ ပေးနိုင်မယ်လို့ ထင်ပါတယ်လို့ ပြောခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ အရင်နဲ့မတူ ဆက်ဆံရေး ကောင်းမွန်ဖို့ ပြန်လုပ်ဆောင်နေပေမယ့် နိုင်ငံတကာ အဖွဲ့အစည်းတွေက နျူကလီးယား၊ ဒုံးကျည်အစီစဉ်တွေနဲ့ ပတ်သက်လို့ မြောက်ကိုရီးယားနိုင်ငံကို ပိတ်ဆို့မှုတွေ ချမှတ်ထားဆဲ ဖြစ်ပါတယ်။ ထိပ်သီး တွေဆုံဆွေးနွေးပွဲအတွင်း အခြား ပြဿနာများစွာ ရှိလာနိုင်ပေမယ့် ပြဿနာတွေကို ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ကြောင်း တောင်ကိုရီးယား ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

Ref: CNA “Koreas to hold summit in Pyongyang in September”

Kaung Hteg Ngwe ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top