ဆောင်းတွင်းကာလ အသားရေထိန်းသိမ်းနည်း

3.12.2021yyl15.jpg

တစ်ရာသီနဲ့တစ်ရာသီ ပြောင်းလဲလာတာနဲ့ ကျွန်မတို့အသားရေကို ဂရုစိုက်ဖို့ လိုပါတယ်။ ဆောင်းရာသီလည်း ရောက်လာပြီဖြစ်တဲ့အတွက် ကျွန်မတို့ရဲ့အသားရေက ခြောက်သွေ့ပြီး မွဲခြောက်ခြောက်ဖြစ်လာမှာဖြစ်ပါတယ်။ ဆောင်းရာသီလေက အသားရေရဲ့အစိုဓာတ်ကို ခြောက်သွေ့သွားစေပြီး အသားရေနူးညံ့မှုကို သွားသက်ရောက်စေနိုင်ပါတယ်။ ဆောင်းရာသီမှာ အသားရေက နီမြန်းတာ၊ အက်ကွဲတာတွေဖြစ်လာပြီး အလွန်အမင်းခြောက်သွေ့တာမျိုးတွေဖြစ်လာတတ်ပါတယ်။ ဒါကြောင့် ဆောင်းရာသီမှာ အသားရေထိန်းသိမ်းတဲ့အခါ မျက်နှာသန့်စင်တာကစပြီး ရေဓာတ်ဖြည့်ပေးတဲ့အထိ ကျွန်မတို့ရဲ့အသားရေကို ဂရုတစိုက်ထိန်းသိမ်းပေးရတော့မှာဖြစ်ပါတယ်။ ဆောင်းတွင်းကာလ အသားရေကြည်လင်ပြီး ခြောက်သွေ့တာတွေမဖြစ်ဖို့

နွားနို့ (သို့) နို့ပါတဲ့မျက်နှာသစ်ဆေးနဲ့ မျက်နှာသစ်ပါ

နွားနို့က အံ့ဩစရာကောင်းလောက်အောင်မျက်နှာသန့်စင်ပေးနိုင်ပါတယ်။ နွားနို့မှာ လက်တစ်အက်ဆစ်ပါဝင်တဲ့အတွက် ကောင်းမွန်တဲ့ မျက်နှာသန့်စင်ဆေးအဖြစ် စွမ်းဆောင်နိုင်ပါတယ်။ နွားနို့နဲ့ မျက်နှာသစ်ပေးနိုင်သလို နွားနို့ပါဝင်တဲ့ မျက်နှာသစ်ဆေးနဲ့လည်း သန့်စင်ပေးနိုင်ပါတယ်။ ညအိပ်ရာမဝင်ခင် မျက်နှာက အညစ်အကြေး၊ ဖုန်မှုန့်တွေ ဖယ်ရှားဖို့အတွက် နွားနို့ပါဝင်တဲ့ မျက်နှာသစ်ဆေးနဲ့ သေချာလေး သစ်ပေးသင့်ပါတယ်။ မျက်နှာက အညစ်အကြေးနဲ့ဖုန်မှုန့်တွေကို ဖယ်ရှားပေးရုံသာမက အသားရေကို နူးညံ့ချောမွေ့လာစေပါလိမ့်မယ်။ ဆောင်းရာသီမှာဆိုရင် ဒါက အကောင်းဆုံးနည်းပါပဲ။ နွားနို့နဲ့ မျက်နှာသန့်စင်မယ်ဆိုရင်တော့ နွားနို့အနည်းငယ်ယူပြီး မျက်နှာကို ဆေးချပါ။ နွားနို့ထဲ ဂျုံမှုန့်အနည်းငယ်ထည့်ပြီး မျက်နှာသန့်စင်ပေးလို့လည်းရပါတယ်။

တချို့ရက်တွေ့မှာ အသားရေကို exfoliation လုပ်ပေးပါ

ဆောင်းရာသီမှာ အရေပြားဆဲလ်အသေတွေဖယ်ရှားဖို့အတွက် exfoliation လုပ်တာက လည်း အရေးကြီးပါတယ။ ဒါပေမဲ့ ဆောင်းရာသီမှာ exfoliation ကို အလွန်အကျွံမလုပ်ဖို့တော့ သတိထားပါ။ အုန်းဆီ (သို့) နွားနို့ တို့နဲ့ ရောစပ်ပြီး ကော်ဖီ၊ အုတ်ဂျုံမှုန့်တို့ကို အသုံးပြုထားတဲ့ အိမ်လုပ် Scrub နဲ့ ဖြည်းဖြည်းသာသာလေး ဆဲလ်အသေတွေကို ဖယ်ရှားလို့ရပါတယ်။

နေ့တိုင်း အသားရေကို နှိပ်နယ်ပေးပါ

နေ့တိုင်း အသားရေကို နှိပ်နယ်တာမျိုးတွေလုပ်ပေးသင့်ပါတယ်။ အထူးသဖြင့် exfoliation လုပ်ပြီးတဲ့နောက်မျိုးမှာ။ ဆီတစ်မျိုးမျိုးနဲ့လည်း အသားရေကို နှိပ်နယ်ပေးလို့ရပါတယ်။ ဝယ်ယူရလွယ်ကူတဲ့ အုန်းဆီကို အသုံးပြုပြီး နှိပ်နယ်ပေးလို့ရပါတယ်။ အုန်းဆီမရှိဘူးဆိုရင် ရှာစောင်းလက်ပက်ဂျယ်လ်နဲ့လည်း အသားရေကို နှိပ်နယ်ပေးလို့ရပါတယ်။ အုန်းဆီ (သို့) ဂျယ်လ်တို့နဲ့ နှိပ်နယ်ပြီးသွားရင် ကြက်သီးနွေးရေနဲ့ မျက်နှာကို သန့်စင်ပေးပါ။

ရေဓာတ်ဖြည့် ပေးတဲ့ ဂျယ်လ် (သို့) moisturizer ကို ရွေးချယ်အသုံးပြုပေးပါ

ဆောင်းတွင်းကာလ ညဘက်အရေးကြီးဆုံးအဆင့်ကတော့ ရေဓာတ်ဖြည့်ပေးတဲ့ ဂျယ်လ်၊ ခရင်မ်၊ moisturizerလိမ်းပေးဖို့ပါပဲ။ အသားရေကို အစိုဓာတ်ထိန်းပေးပြီး နူးညံ့စေဖို့အတွက် ဂျယ်လ်၊ ခရင်မ်၊ moisturizer ကို မျက်နှာမှာ လိမ်းပေးရုံသာမက လက်နဲ့ ခြေထောက်တွေကိုလည်း လိမ်းပေးသင့်ပါတယ်။

အပတ်တိုင်း ရေဓာတ်ဖြည့်တဲ့ face mask ကပ်ပေးပါ

ဆောင်းရာသီမှာ ရေဓာတ်ဖြည့်ပေးတဲ့ face mask က သင့်အသားရေကို နုပျိုလာစေနိုင်စွမ်းရှိပါတယ်။ face mask ကို တစ်ပတ် (၁) ခါ (သို့) တစ်ပတ် (၂) ခါ ကပ်ပေးနိုင်ပါတယ်။ face mask မကပ်ဘဲ သဘာဝနည်းလမ်းနဲ့ မျက်နှာပေါင်းတင်ချင်ရင်တော့ ငှက်ပျောသီးတစ်လုံးကို ချေမွပြီး ပျားရည်၊ ဒိန်ချဉ် (စားပွဲတင်ဇွန်း ၁ ဇွန်းစီ)၊ အယ်လ်မွန်ဆီ အစက်အနည်းငယ်တို့ကို ရောစပ်ပြီး မျက်နှာမှာ လိမ်းပေးနိုင်ပါတယ်။ ခြောက်သွားတဲ့အထိ စောင့်ပါ။ အဲဒီနောက် ရိုးရိုးရေနဲ့ မျက်နှာသန့်စင်ပေးလိုက်ပါ။ ပြီးရင် moisturizer လိမ်းပေးပါ။

ဒီနည်းလမ်းတွေကို ညဘက် အသားရေထိန်းသိမ်းတဲ့အနေနဲ့ လုပ်ပေးနိုင်ပြီး ဆောင်းရာသီမှာ သင့်အသားရေကို ကြည်လင်ဝင်းပပြီး နူးညံ့ချောမွေနေစေဖို့ အကူအညီပေးပါလိမ့်မယ်။

Ref: Perfect night skincare for winter season

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top