ရွှေတြိဂံဒေသမှာ အာရှတိုက်ရဲ့အကြီးမားဆုံးမူးယစ်ဆေးဝါးပမာဏ သိမ်းဆည်းရမိ

drug.jpg

ရွှေတြိဂံဒေသမှာ လာအိုရဲတပ်ဖွဲ့ သိမ်းဆည်းရမိခဲ့တဲ့ မူးယစ်ဆေးဝါးပမာဏဟာ အာရှတိုက်ရဲ့ အကြီးမားဆုံး မူးယစ်ဆေးဝါး သိမ်းဆည်းရမိမှုဖြစ်တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ခဲ့ပါတယ်။


ထိုင်း – မြန်မာ – လာအို နယ်စပ်မှာရှိတဲ့ ဘိုခေါင်မြို့မှာ (Bokeo) Lao Brewery အမှတ်တံဆိပ် ဘီယာဖာတွေ တင်ဆောင်လာတဲ့ ထရပ်ကားတစ်စီးကို လာအိုရဲအရာရှိတွေက တားဆီးရှာဖွေခဲ့ရာမှာ မက်သမ်ဖက်တာမင်း ဆေးပြား ၅၅ သန်း၊ crystal meth ၁.၅ တန်ကျော် သိမ်းဆည်းရမိခဲ့တာလို့ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံးက ပြောပါတယ်။

ရွှေတြိဂံဒေသဟာ မူးယစ်ဆေးဝါး အကြီးအကျယ် ထုတ်လုပ်တဲ့ သမိုင်းမှတ်တမ်း ရှိပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းကလည်း ရွှေတြိဂံဒေသမှာ မူးယစ်ဆေးဝါး စစ်ဆင်ရေး ၂ ကြိမ်လုပ်ခဲ့ရာမှာ အမ်ဖက်တာမင်းဆေးပြား ၁၆ သန်းကျော် သိမ်းဆည်းရမိခဲ့ပါတယ်။

တရုတ်၊ လာအို၊ ထိုင်းနိုင်ငံတွေနဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်မှာ နယ်မြေမတည်ငြိမ်မှု ဖြစ်ပွားနေလို့ ပြီးခဲ့တဲ့လပိုင်းအတွင်း ရွှေတြိဂံဒေသရဲ့ မူးယစ်ဆေးဝါးစီးဆင်းမှုကလည်း သိသိသာသာ မြင့်တက်လာခဲ့တယ်လို့ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံးရဲ့ အရှေ့တောင်အာရှ ဒေသဆိုင်ရာ ကိုယ်စားလှယ် ဒေါက်ဂလက်စ်က ပြောပါတယ်။

မြန်မာနိုင်ငံနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးနဲ့ လုံခြုံရေး စည်းမျဉ်းတွေ တင်းကျပ်လိုက်ချိန်မှာ မူးယစ်ဆေးဝါး ထုတ်လုပ်သူတွေက အရှုံးပေါ် မခံနိုင်တဲ့အတွက် အရှေ့ပိုင်းမှာရှိတဲ့ လာအို၊ တောင်ပိုင်းမှာရှိတဲ့ ထိုင်းနိုင်ငံတို့ထံ မူးယစ်ဆေးဝါး ကုန်ကူးမှုတွေ တိုးမြှင့်လာဖွယ်ရှိတယ်လို့ ဒေါက်ဂလက်စ်က ဆိုပါတယ်။

Lao Brewery အမှတ်တံဆိပ် ဘီယာဖာတွေထဲမှာ မူးယစ်ဆေးဝါးတွေ ထည့်သွင်းသယ်ဆောင်ခဲ့ပေမဲ့ ဒီကိစ္စဟာ သူတို့ကုမ္ပဏီနဲ့ ပတ်သက်မှုမရှိဘူးလို့ Lao Brewery ကုမ္ပဏီက ထုတ်ပြန်ခဲ့ပါတယ်။

Ref: BBC ” Laos makes Asia’s largest ever drug bust “

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top