ရှင်ကျန်းဒေသ သဲကန္တာရမှာ တရုတ်နိုင်ငံက အမေရိကန် စစ်သင်္ဘောပုံတူတွေ ဖန်တီးထား

11-9-2021yyl8.jpg

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်ကျန်းဒေသ သဲကန္တာရထဲမှာ အမေရိကန်နိုင်ငံရဲ့ စစ်သင်္ဘောတွေနဲ့ ပုံစံတူတွေ တည်ဆောက်ထားတယ်လို့ ဂြိုဟ်တုဓာတ်ပုံတွေမှာ တွေ့ရပါတယ်။ အမေရိကန် အာကာသနည်းပညာကုမ္ပဏီ Maxar က ရိုက်ယူခဲ့တဲ့ ဓာတ်ပုံတစ်ပုံမှာ အမေရိကန် လေယာဉ်တင်သင်္ဘောနဲ့တူတဲ့ အရာတစ်ခုကို ရထားလမ်းပေါ် တင်ထားတာ တွေ့ရပါတယ်။ အဲဒီအရာဟာ တရုတ်စစ်တပ်က ပစ်မှတ်အဖြစ် အသုံးပြုဖို့ တည်ဆောက်ထားတာ ဖြစ်လိမ့်မယ်လို့ အမေရိကန်ရေတပ်သတင်းတွေကို အထူးပြုဖော်ပြတဲ့ USNI News သတင်းဌာနက ဖော်ပြပါတယ်။

တရုတ်နိုင်ငံဟာ နှစ်အတော်ကြာကတည်းက သင်္ဘောဖျက် ပဲ့ထိန်းဒုံးကျည်တွေကို ဖွံ့ဖြိုးတိုးတက်အောင်၊ စမ်းသပ်မှုတွေ လုပ်နေပါတယ်။ တောင်တရုတ်ပင်လယ်အတွင်း တင်းမာမှုတွေ ဖြစ်ပေါ်လာချိန်မှာ တရုတ်နိုင်ငံက နျူကလီးယားတိုက်ခိုက်နိုင်စွမ်းအပါအဝင် သူတို့စစ်တပ်ရဲ့စွမ်းဆောင်ရည်ကို အရှိန်အဟုန် မြှင့် တိုးချဲ့နေတယ်လို့ မကြာသေးခင်လတွေအတွင်း အမေရိကန်နိုင်ငံက သတိပေးခဲ့ပါတယ်။

တာကလာမာကန်သဲကန္တာထဲကနေ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေအရ အမေရိကန်စစ်သင်္ဘောတွေရဲ့ ကောက်ကြောင်းပုံတူကို ဖန်တီးထားတာဖြစ်ပြီး လက်နက်တပ်ဆင်မှု ဒါမှမဟုတ် အသေးစိတ် ဖန်တီးထားတာမျိုးမဟုတ်ဘူးလို့ USNI News က ဆိုပါတယ်။ အမေရိကန် လေယာဉ်တင်သင်္ဘောတစ်စင်းနဲ့ အနည်းဆုံး ဖျက်သင်္ဘောပုံတူ ၂ ခု တည်ဆောက်ထားတဲ့ ဓာတ်ပုံတွေ တွေ့ရှိရပါတယ်။

အခုနှစ်အစောပိုင်းမှာ တရုတ်နိုင်ငံက နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်ပြီး အသံထက်မြန်တဲ့ ဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်ခဲ့ဖွယ်ရှိတယ်လို့ ထင်မှတ်ခဲ့ကြပါတယ်။ အဲဒီဒုံးကျည်တွေဟာ အသံထက် ၅ ဆ ပိုမြန်ပြီး ကမ္ဘာ့လေထုအပေါ်လွှာအထိ ပျံသန်းနိုင်ပါတယ်။ အဲဒီအတွက် အမေရိကန်နိုင်ငံက စိုးရိမ်ပူပန်ခဲ့ကြပေမဲ့ တရုတ်နိုင်ငံကတော့ ဒုံးကျည်စမ်းသပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆန်ခဲ့ပြီး ပုံမှန်လုပ်နေကြ အာကာသယာဉ်စစ်ဆေးမှု လုပ်ခဲ့ခြင်းလို့ တုံ့ပြန်ခဲ့ပါတယ်။

Ref: BBC “Satellite images appear to show mock-up US warships in China desert”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top