ကိုဗစ်ရောဂါနဲ့ HIV ပိုးရှိသူ

Nov-8-News-2-1.jpg

HIV ပိုးရှိသူတွေရဲ့ Covid-19 ရောဂါ ပြင်းထန်မှုက ကိုယ်ခံအားအခြေအနေကြောင့် မဟုတ်ဘဲ HIV ပိုးရှိသူတွေမှာ တွေ့ရလေ့ရှိတဲ့ ပူးတွဲရောဂါတွေကြောင့်ဖြစ်ပါတယ်။

ဖြစ်လေ့ရှိတဲ့ ရောဂါများ

  • နှလုံးရောဂါ
  • ကျောက်ကပ်ရောဂါ
  • ဆီးချိုရောဂါ
  • နာတာရှည် အဆုတ်ရောင်ရောဂါ
  • အဝလွန်ခြင်း
  • ကိုယ်ခံအားကျဆင်းမှုကြောင့် တီဘီရောဂါကူးစက်နိုင်သလို
  • HIV ပိုးရှိသူတွေက Covid-19 ရောဂါ ပိုမိုကူးစက်ခံရနိုင်ပါတယ်။

ART ဆေး

  • ART(အေအာရ်တီ) ဆေးသောက်သုံးနေတဲ့ HIV ပိုးရှိသူတွေအနေနဲ့ ပိုးကောင်ရေ ထိန်းခြင်းအပါအဝင် Covid-19 ကာလအတွင်း ကျန်းမာရေးအန္တရာယ် နောက်ဆက်တွဲပြဿနာတွေကို လျေ့ချနိုင်ဖို့အတွက် ART ဆေးတွေကို ဆက်လက်သောက်သုံးသင့်ပါတယ်။
  • ART ဆေးဝါးတွေက HIV ပိုးရှိနေသူတွေကို Covid-19 ရောဂါကို မကာကွယ်၊ မကုသနိုင်ပါ။

ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်

  • HIV ပိုးရှိတဲ့ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေမှာဖြစ်ပွားတဲ့ Covid-19 ရောဂါဟာ HIV ပိုးကဲ့သလို့ မိခင်ကနေ ကလေးငယ်ကို တိုက်ရိုက်ကူးစက်တတ်တဲ့ သက်သေအထောက်အထားမတွေ့ရှိရပေမယ့်လည်း မွေးဖွားချိန်မှာ မိခင်ရဲ့အသက်ရှူလမ်းကြောင်းက ထွက်တဲ့ ရောဂါပိုးပါရှိတဲ့ အရည်ကနေတစ်ဆင့် ကလေးငယ်ကို ကူးစက်နိုင်ခြေရှိပါတယ်။
  • Covid-19 ရောဂါလက္ခာဏာရှိသူ နို့တိုက်မိင် (သို့မဟုတ်) ရင်ခွင်ကပ်ပြုစုနည်းကို ကျင်သုံးတဲ့ မိခင်(သို့မဟုတ်) အရေပြားချင်းထိတွေ့မှုရှိတဲ့ မိခင်နဲ့ ကလေးငယ်တွေအတွက် မိခင်က ကလေးငယ်နဲ့ ထိတွေ့နေသမျှ ကာလပတ်လုံး တခြား Covid-19 ရောဂါအတည်ပြုလူနာ (သို့မဟုတ်) သံသယလူနာတွေလို Covid-19 ရောဂါ ကာကွယ်ရေးနည်းလမ်းတွေကို လိုက်နာကျင့်သုံးသင့်ပါတယ်။
  • နှာချေ၊ ချောင်းဆိုးရင် ပါးစပ်နဲ့ နှာခေါင်းစည်းကို သေချာဝတ်ဆင်တာ။
  • ကလေးနဲ့ မထိတွေ့ခင်နဲ့ ထိတွေ့ပြီးချိန်တိုင်းမှာ လက်ကို ပုံမှန်သန့်စင်ဆေးကြောပေးတာ။
  • Covid-19 ရောဂါလက္ခဏာရှိတဲ့ မိခင်ထိတွေ့ထားတဲ့ မျက်နှာပြင်နေရာတွေကို ပိုးသတ်သန့်စင်ခြင်း အစရှိတဲ့တွေကို သေချာစွာလိုက်နာဖို့ လိုအပ်ပါတယ်။

ကာကွယ်ဆေးထိုးနှံခြင်း

  • ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လက်ရှိမှာ အရေးပေါ်သုံးဖို့ အကြံပြုထားတဲ့ Covid-19 ကာကွယ်ဆေးတွေက (AstraZeneca/Oxford Johnson and Johnson, Moderna, Pfizer/ BioNTech, Sinopharm and Sinovac) တို့ဟာ HIV ပိုးရှိသူတွေအတွက် ဘေးကင်းစိတ်ချရပါတယ်။
  • Covid-19 ကာကွယ်ဆေးနဲ့ ART(အေအာရ်တီ) ဆေးတွေအကြား အပြန်အလှန်ဆေးဓာတ်ပြုမှုတွေ့ မတွေ့ရပါ။
  • Covid-19 ကာကွယ်ဆေးထိုးပြီးနောက်မှာ ကျန်းမာနေစေဖို့အတွက် ART(အေအာရ်တီ)ဆေးတွေကို ဆက်လက်သောက်သုံးသင့်ပါတယ်။

Photo- Internet
Source- ကမ္ဘာ့ကျန်းမာရေးအဖွဲ့
Team(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top