ကလေးတွေရဲ့စိတ်ခံစားချက်ကောင်းစေမယ့် အကောင်းဆုံးအစားအစာများ

12-10-2021yyl06.jpg

ကျန်းမာရေးနဲ့ညီညွှတ်တဲ့တစ်နေ့တာအစားအစာက ကျန်းမာရေးအတွက် ကောင်းတဲ့အပြင် စိတ်ခံစားချက်ကိုလည်း ကောင်းမွန်စေပါတယ်။ မိဘတွေက သူတို့ရဲ့သားသားမီးမီးတွေကို ရွှင်လန်းတက်ကြွစေမယ့်နည်းလမ်းတွေရှာဖွေနေကြတဲ့အပြင် ကလေးတွေရဲ့စိတ်ခံစားချက်ကောင်းအောင် ဘာတွေကျွေးရမလဲဆိုတာကိုလည်း သိချင်နေကြပါတယ်။ ကလေးတွေရဲ့စိတ်ခံစားချက်ကောင်းပြီး ပျော်ရွှင်နေစေဖို့ဆိုရင် အောက်မှာ ဖော်ပြပေးထားတဲ့အစားအစာတွေကို ကျွေးလို့ရပါတယ်။

အမျှင်ဓာတ်ကြွယ်ဝတဲ့အစားအစာ (အစေ့အဆန်)

သင့်ကလေးကို အသင့်ပြုလုပ်ထားတဲ့အစားအစာ၊ အဆီများတဲ့အစားအစာတွေကို ကျွေးမယ့်အစား အမျှင်ဓာတ်ကြွယ်ဝတဲ့အစားအစာတွေကို ကျွေးသင့်ပါတယ်။ အထူးသဖြင့် ဆန်လုံးညို၊ ဂျုံကြမ်းတွေလို အစေ့အဆန်တွေပါပဲ။ သင့်ကလေးရဲ့စိတ်ခံစားချက်ကို ကောင်းစေတဲ့အပြင် အစာခြေစနစ်အားလည်း ကောင်းစေပါတယ်။

ရေဓာတ်ပြည့်ဝတဲ့အသီးတွေ

ရေဓာတ်ကလည်း ကလေးတစ်ယောက်ရဲ့စိတ်ခံစားချက်ကောင်းဖို့၊ ရွှင်လန်းတက်ကြွနေဖို့အတွက် သော့ချက်ပါပဲ။ ရေသောက်တာကတော့ မရှိမဖြစ်အရေးပါတဲ့ အချက်ပါ။ ဖရဲသီး၊ လိမ္မော်သီး၊ စတော်ဘယ်ရီ၊ မက်မွန်သီးလို ရေဓာတ်ပြည့်ဝတဲ့အသီးတွေကလည်း ကလေးတွေအတွက် လိုအပ်ပါတယ်။

ဒိန်ချဉ်

ကလေးတွေကို ဒိန်ချဉ်ကျွေးပေးသင့်ပါတယ်။ ဒိန်ချဉ်က ပရိုတင်းဓာတ်မြင့်မားစွာပါဝင်ပြီး စိတ်ခံစားချက်ကို မြှင့်တင်ပေးနိုင်ပါတယ်။

အုတ်ဂျုံမှုန့်

အမျှင်ဓာတ်ကြွယ်ဝတဲ့အုတ်ဂျုံမှုန့်ကလည်း ကလေးတွေအတွက် အကောင်းဆုံးမနက်ခင်းအစားအစာပါပဲ။ ကလေးတွေကို တစ်နေ့ကုန် စိတ်ခံစားချက်ကောင်းစေပြီး အားအင်ပြည့်နေစေမှာဖြစ်ပါတယ်။

ဆယ်လမွန်ငါး

အိုမီဂါ ၃ ကြွယ်ဝတဲ့ ဆယ်လမွန်ငါးက ကလေးတွေအတွက် ရော အရွယ်ရောက်ပြီးသားသူတွေအတွက်ပါ စိတ်ခံစားချက်ကောင်းစေတဲ့အစားအစာပါပဲ။

ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်းက အရေးကြီးတဲ့အာဟာရဓာတ်တွေနဲ့ပြည့်ဝနေတဲ့အရွက်ပါပဲ။ ကလေးရဲ့ကိုယ်ခံအားစနစ်ကို ကောင်းစေတဲ့အပြင် စိတ်ခံစားချက်ကောင်းအောင်လည်း ကူညီပေးနိုင်ပါတယ်။

ဉအမျိုးမျိုး

ကြက်ဉ၊ ဘဲဉ၊ ငုံးဉတွေကလည်း သင့်ကလေးရဲ့ဉီးနှောက်စွမ်းအားနဲ့မှတ်ဉာဏ်အတွက် ကောင်းရုံသာမက စိတ်ခံစားချက်ကောင်းအောင်လည်း လုပ်ဆောင်ပေးနိုင်ပါတယ်။

အစေ့အဆံ

ဗီတာမင်ဓာတ်၊ သတ္တုဓာတ်၊ အန်တီအောက်စီဒန့်ဓာတ်၊ ကျန်းမာရေးနဲ့ညီညွှတ်တဲ့အဆီအနှစ်၊ ပရိုတင်း၊ အမျှင်ဓာတ်တွေလို အာဟာရဓာတ်တွေပြည့်ဝတဲ့ အစေ့အဆံတွေကလည်း ကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုအတွက် ကောင်းပါတယ်။ ကလေးရဲ့စိတ်ခံစားချက်ကိုလည်း တိုးမြှင့်ပေးနိုင်ပါတယ်။

Ref: Best Foods to boost your child’s mood

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top