သင်ကိုယ်တိုင် လေ့လာသင်ယူရမယ့် ဘဝသင်ခန်းစာများ

12-10-2021yyl01.png

လူရယ်လို့ ဖြစ်လာရင် ဘယ်သူမဆို ဘဝမှာ အခက်အခဲတွေကို ရင်ဆိုင်ကြုံတွေ့ကြရမှာပါပဲ။ အဲဒီဘဝအခက်အခဲတွေကို ကြံ့ကြံ့ခိုင်ရင်ဆိုင်နိုင်ဖို့တော့ လိုပါတယ်။ ဘဝမှာ ဝေဖန်ပြောဆိုမှု တွေ၊ ခွဲခြားဆက်ဆံမှုတွေ၊ လောကဓံရဲ့ဖိအားတွေကို ကြုံတွေ့ရနိုင်တာကြောင့် မားမားမတ်မတ်ရပ်ပြီး တွန်းလှန်ပစ်နိုင်ရပါမယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်ရှိရပါမယ်။ သင့်ပတ်ဝန်းကျင်ကလူတွေဆီကနေ ဘဝသင်ခန်းစာတွေ သင်ယူရနိုင်သလို သင်ကိုယ်တိုင်ကြုံတွေ့ရတဲ့အရာတွေကနေလည်း ဘဝသင်ခန်းစာတွေကို သိရှိနားလည်သွားနိုင်ပါတယ်။ သင့်ရဲ့ခက်ခဲတဲ့အချိန်တွေမှာ သင့်အတွက် အကူအညီဖြစ်စေမယ့်၊ သင်ကိုယ်တိုင်လေ့လာသိရှိရမယ့် ဘဝသင်ခန်းစာတွေရှိပါတယ်။ အဲဒါတွေကတော့

အခြားသူတွေရဲ့ဂရုစိုက်မှုကို မမျှော်လင့်ပါနဲ့

သင်ပြောနေတဲ့အရာတွေ၊ သင်လုပ်နေတဲ့အရာတွေကို အခြားသူတွေ ဂရုစိုက်လာဖို့ မမျှော်လင့်ပါနဲ့။ သူတို့ကိုယ်တိုင်ကိုက သူတို့အလုပ်နဲ့သူတို့ရှုပ်နေကြတာပါ။ သင့်ကို ဂရုစိုက်ဖို့တောင် အားမှာမဟုတ်ပါဘူး။ တချို့လူတွေကတော့ သင့်ကို ဂရုစိုက်ကြမှာပါ။ ဒါပေမဲ့ သူတို့ရဲ့ဂရုစိုက်မှုကို မမျှော်လင့်ပါနဲ့။ သင့်မှာ ကြုံတွေ့နေရတဲ့ ပြဿနာ၊ အခက်အခဲတွေကို သင်ကိုယ်တိုင်ဖြေရှင်းရမှာဖြစ်လို့ပါပဲ။

စိတ်ရှည်သည်းခံပါ

သင့်လုပ်ငန်းအလုပ်ဖြစ်ဖို့ (သို့) သင့်မိသားစုနဲ့ဖြစ်ဖြစ်၊ သင့်မိတ်ဆွေသူငယ်ချင်းနဲ့ဖြစ်ဖြစ် ဆက်ဆံရေးတိုးတက်ဖို့ဆိုရင် အချိန်ယူရပါလိမ့်မယ်။ စိတ်ရှည်သည်းခံရပါမယ်။ သင့်ရဲ့ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့အတွက် အလျင်စလိုမလုပ်ပါနဲ့။ စိတ်ရှည်သည်းခံမှုမရှိဘဲ အလျင်စလိုလုပ်မယ်ဆိုရင် သင့်ရဲ့ပန်းတိုင်ကိုမရောက်ဘဲ ပြဿနာတွေပဲ ဖန်တီးမိစေပါလိမ့်မယ်။ ဒါကြောင့် လူတစ်ယောက်အတွက် စိတ်ရှည်သည်းခံမှုကလည်း သော့ချက်ပါပဲ။

အလုပ်ကြိုးစားပါ

ဘယ်အရာကိုမှ ပေါ့ပေါ့တန်တန်မထားပါနဲ့။ သင့်ကို ပေးအပ်ထားတဲ့အလုပ်က ဘယ်လောက်သေးငယ်တဲ့ကိစ္စဖြစ်ပါစေ။ ဘယ်လောက်အရေးမကြီးတဲ့ကိစ္စဖြစ်ပါစေ။ အဲဒီအလုပ်ကို ကြိုးစားပြီးလုပ်ပါ။ ဘယ်လိုအလုပ်မျိုးဖြစ်ပါစေ။ အလုပ်ရဲ့တန်ဖိုးကို နားလည်ပြီး ကြိုးစားလုပ်ကိုင်ပါ။ သင့်ရဲ့အတ္တနဲ့မာနကိုလည်း အလုပ်နဲ့ မရောထွေပါနဲ့။

ကြင်နာတတ်ပါစေ

ကြင်နာတတ်ခြင်းက သင့်ကို ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်လာစေပါလိမ့်မယ် တစ်ကိုယ်ကောင်းဆန်တဲ့၊ ဘဝင်ကိုင်တဲ့အပြုအမူမျိုးမရှိသင့်ပါဘူး။ အခြားသူတွေပေါ်မှာ စိတ်ကောင်းနှလုံးကောင်းထားပါ။ သနားကြင်နာတတ်ခြင်းက တစ်စုံတစ်ယောက်ရဲ့နေ့ရက်ကို တောက်ပသွားစေနိုင်ပါတယ်။ စိတ်ကောင်းနှလုံးကောင်းရှိဖို့ အမြဲအမှတ်ရနေပါ။

ဆုံးဖြတ်ချက်သေချာချပါ

ဘယ်တော့မှ နှစ်ခေါက် မစဉ်းစားဘဲ ဆုံးဖြတ်ချက်တစ်ခုကို ချက်ချင်းမချလိုက်ပါနဲ့။ ဆုံးဖြတ်ချက်တစ်ခုချတဲ့အခါမှာ သင်က စိတ်ကို တည်တည်ငြိမ်ငြိမ်ထားပြီး ကောင်းမွန်ရင့်ကျက်တဲ့စိတ်ရှိသင့်ပါတယ်။ နှစ်ခါမစဉ်းစားဘဲဆုံးဖြတ်ချက်တစ်ခုကိုဘယ်တော့မှမယူလိုက်ပါနဲ့။ ဆုံးဖြတ်ချက်တစ်ခုချတဲ့အခါသင်ဟာတည်တည်ငြိမ်ငြိမ်၊ ကောင်းမွန်ပြီးရင့်ကျက်တဲ့စိတ်ရှိသင့်ပါတယ်။ သင့် စိတ်ခံစားချက်မကောင်းဘူးလို့ခံစားရရင် တစ်ခုခုအပေါ် ဆုံးဖြတ်ချက်မချလိုက်ပါနဲ့။

နားထောင်ပေးပါ

အခြားသူစကားပြောနေရင် သင်စကားပြောနေတာကို ရပ်ပြီး နားထောင်ပေးလိုက်ပါ။ သင်က အရင်ဆုံး စပြောနေတဲ့သူဖြစ်နေရင်တောင် လိမ္မာပါးနပ်စွာနဲ့ စကားပြောတာရပ်တန့်လိုက်ပြီး နားထောင်လိုက်ပါ။ အခြားသူအပေါ် အာရုံစိုက်ပေးတာကလည်း သင့်ရဲ့ကြင်နာတတ်မှုနဲ့ ဂရုစိုက်မှုကို ပြရာရောက်ပါတယ်။

Ref: Life lessons you have to learn by yourself

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top