သဘာဝဘေးအန္တရာယ်ကျရောက်ပါက မိဘနဲ့ ကလေးငယ် ကွဲကွာနိုင်ချေကို လျော့ချပေးနိုင်မယ့် နည်းလမ်းများ

UN040092.jpg

သဘာဝဘေးအန္တရာယ်တွေ ကျရောက်ပါက မိဘနဲ့ ကလေးသူငယ် ပြုစုစောင့်ရှောက်နေသူတွေ၊ ဆယ်ကျော်သက်ကလေးငယ်တွေအနေနဲ့ မိမိရဲ့ မိသားစုနဲ့ ကွဲကွာနိုင်ခြေတွေမဖြစ်ဖို့အတွက် ကြိုတင်ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

မိဘနဲ့ ကလေးသူငယ်စောင့်ရှောက်သူတွေ ပြုလုပ်သင့်တဲ့ နည်းလမ်းတွေ

  • ကလေးတွေနဲ့ အမြဲအတူရှိနိုင်ဖို့ ကြိုးစားပါ။
  • တကယ်လို့ ကလေးတွေနဲ့ အတူမရှိနိုင်ပါက ရင်းနှီးယုံကြည်ရသူတွေနဲ့ အတူထားပါ။ ဘေးကင်းလုံခြုံမှုအတွက် သင့်ရဲ့ကလေးတွေကို ပြောင်းရွှေ့ပေးမယ်ဆိုပါက မိသားစုဝင်တစ်ဦး (သို့မဟုတ်) ကလေးနဲ့ ရင်းနှီးတဲ့ မိတ်ဆွေ၊ ဆွေမျိုးတစ်ဦး အတူလိုက်ပါဖို့ လိုအပ်ပါတယ်။
  • တကယ်လို့ ကလေးနဲ့ ကွဲကွာသွားပါက မိမိတို့ ဘယ်နေရာမှာ ပြန်လည်ဆုံတွေ့မယ်။ ဘာတွေ ဆက်လက်လုပ်ကိုင်ကြမယ်ဆိုတာကို ကြိုတင် သဘောတူညီမှု ရယူထားပါ။ အဲ့ဒီနေရာကို ကလေးတွေကိုယ်တိုင် ကောင်းစွာ သိရှိပြီး ကလေးအတွက် သက်သောင့်သက်သာရှိတဲ့ နေရာလည်း ဖြစ်သင့်ပါတယ်။
  • မိသားစုနဲ့ ကွဲကွာဖို့ ဖြစ်နိုင်ချေရှိတဲ့ အန္တရာယ်တွေကို လျှော့ချဖို့အတွက် တတ်နိုင်သလောက် အစီအမံတွေအားလုံးကို ကလေးတွေနဲ့ ကြိုတင်ဆွေးနွေးထားပါ။
  • ကလေးတွေကို သူတို့ရဲ့ အမည်၊ လိပ်စာနဲ့ မိသားစုဝင်တွေရဲ့ ဖုန်းနံပါတ်တွေကို သိရှိအောင် လုပ်ထားပေးဖို့ လိုအပ်ပါတယ်။

ဆယ်ကျော်သက်ကလေးငယ်တွေ ပြုလုပ်သင့်တဲ့ နည်းလမ်းတွေ

  • သင့်သွားတဲ့နေရာ၊ သွားလာမယ့် လမ်းကြောင်း၊ ပြန်လာမယ့်အချိန် စတာတွေကို အိမ်မှာရှိတဲ့ မိသားစုဝင်တစ်ဦးဦးကို အမြဲပြောပြပါ။
  • တကယ်လို့ လမ်းပျောက်သွားပါက (သို့မဟုတ်) မိသားစုနဲ့ ကွဲကွာသွားပါက မိမိ ဘယ်လိုဆက်လုပ်ရမလဲ မိဘ/ ပြုစုစောင့်ရှောက်သူတွေနဲ့ ကြိုတင်အစီအစဉ်ဆွဲထားပါ။ မိသားစုနဲ့ ကွဲကွာသွားပါက ဘယ်သူကို ဆက်သွယ်ရမယ် (သို့မဟုတ်) ဘယ်နေရာမှာ အတူတူပြန်ဆုံမယ် စတာတွေကို ကြိုတင်သဘောတူပြင်ဆင်ထားပါ။
    မှတ်သားထားသင့်တဲ့ အချက်အလက်တွေ
  • မိမိရဲ့ နာမည်အပြည့်အစုံ
  • လက်ရှိနေထိုင်နေတဲ့နေရာ
  • မိဘတွေရဲ့ နာမည်နဲ့ ဖုန်းနံပါတ်တွေ
  • မိသားစုဝင်၊ ဆွေမျိုးတွေရဲ့ ဖုန်းနံပါတ်တွေ
  • မိမိ အကူအညီရရှိနိုင်တဲ့ လူမှုအဖွဲ့အစည်းတွေရဲ့ အမည်နဲ့ ဖုန်းနံပါတ်တွေ
  • တကယ်လို့ မိသားစုနဲ့ ကွဲသွားပါက မိမိကိုယ်တိုင် ကောင်းစွာသိတဲ့ ယုံကြည်စိတ်ချရတဲ့ အိမ်နီးချင်း (သို့မဟုတ်) ဈေးရောင်းသူတွေ (သို့မဟုတ်) သူငယ်ချင်းတစ်ဦးဦးကို ရှာပြီး အကူအညီတောင်းပါ။
  • ဆေးကုသမှုခံယူဖို့ လိုအပ်ပါက ဆေးရုံကို တစ်ဦးထဲပို့ဆောင်ခံရပါက ဆေးရုံမှာရှိတဲ့ ဝန်ထမ်း (သို့မဟုတ်) လူမှုကူညီရေးလုပ်သားတွေကို မိမိရဲ့ အုပ်ထိန်းသူတွေကို အကြောင်းကြားပေးဖို့ အကူအညီတောင်းပါ။
  • တကယ်လို့ မိမိနဲ့ မသိသူ တစ်ဦးဦးရဲ့ စောင့်ရှောက်မှု အောက်မှာ ရှိနေပါက မိမိရဲ့ မိသားစုဝင်တွေကို ရှာဖွေ အကူအညီရယူနိုင်ဖိုပအတွက် အဖွဲ့အစည်းတွေကို စုံစမ်းဆက်သွယ်ပါ။

Photo- Unicef
Source- Save the Children
Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top