ဆစ်ဒနီမြို့ ဓာတ်ခွဲခန်းက ကိုဗစ်-၁၉ ရှိသူ ၈၀၀ ကျော်ရဲ့ ဆေးစစ်ချက်ကို မှားယွင်းဖော်ပြခဲ့

28.12.2021yyl2.jpg

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ ဓာတ်ခွဲခန်းက ကိုဗစ်-၁၉ ကူးစက်ခံထားရတဲ့ လူရာပေါင်းများစွာကို ရောဂါမရှိဘူးလို့ မှားယွင်းဖော်ပြခဲ့ပါတယ်။ အချက်အလက် စီမံခန့်ခွဲမှု အမှားအယွင်းကြောင့် ပြီးခဲ့တဲ့ခရစ္စမတ်ကာလမှာ အခုလို လွဲမှားမှုကြုံခဲ့တာပါ။ သြစတြေးလျနိုင်ငံ နယူးဆောက်ဝေးလ်ပြည်နယ်မှာ ကူးစက်မြန် အိုမီခရွန် ကိုဗစ်မျိုးကွဲသစ် ရောက်ရှိလာပြီးနောက်ပိုင်း ရောဂါကူးစက်ခံရသူအရေအတွက် မြင့်တက်နေပါတယ်။ ကိုဗစ်-၁၉ စစ်ဆေးရာမှာ တို့ဖတ်နမူနာစစ်ဆေးမှုတွေ မြင့်တက်လာလို့ ဝန်ပိစေတယ်လို့ ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။

ရောဂါစစ်ဆေးချက် လွဲမှားဖော်ပြခံရသူတွေဟာ ခရစ္စမတ်ကာလမှာ သူတို့ကြောင့် သူတို့ချစ်တဲ့သူတွေ ရောဂါကူးစက်ခံရမှာ စိုးရိမ်ပူပန်နေကြပါတယ်။လူ ၈၈၆ ယောက်ရဲ့ ရောဂါစစ်ချက်တွေကို လွဲမှားဖော်ပြမိခဲ့တဲ့ အမှားအယွင်းအတွက် ဒီဇင်ဘာလ ၂၈ ရက်မှာ SydPath ဓာတ်ခွဲခန်းက တောင်းပန်ခဲ့ပြီး ဝန်ထမ်းတွေအနေနဲ့ မကြုံစဖူး များပြားလှတဲ့ ပမာဏကို စစ်ဆေးရတာကြောင့် အခုလို အမှားအယွင်းဖြစ်ခဲ့ရတာလို့ ဆိုပါတယ်။

SydPath ဓာတ်ခွဲခန်းဟာ ရောဂါစစ်ဆေးသူပမာဏ အဆမတန်များပြားလာတာလို့ အလိုအလျောက်စနစ်အစား လူကိုယ်တိုင် စစ်ဆေးပေးတဲ့ပုံစံကို ပြောင်းလဲအသုံးပြုခဲ့ရာမှာ လွဲမှားမှုကြုံခဲ့တာလို့ ဆိုပါတယ်။ အခုအခါမှာတော့ အလိုအလျောက်စနစ်ကို ပြန်လည်အသုံးပြုနေပြီး ရောဂါစစ်ဆေးမှု စံအရည်အသွေးကို ထိန်းသိမ်းနိုင်ဖို့ တို့ဖတ်နမူနာစစ်ဆေးမှု အရေအတွက်ကို လျှော့ချသွားမယ်လို့ ဆိုပါတယ်။

Ref: BBC “Australia: Hundreds given false Covid results in Sydney lab error”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top