ကျွမ်းကျင်သူတွေပြောတဲ့ နေ့တိုင်း သန့်စင်ပေးသင့်တဲ့ခန္ဓာကိုယ်အစိတ်အပိုင်း ၃ ခု

23-2-2022-yyl20.jpg

နေ့တိုင်း ရေချိုးတာက တစ်ကိုယ်ရေသန့်ရှင်းမှုအတွက် အရေးကြီးပါတယ်။ မိမိကိုယ်ကို သန့်ရှင်းအောင်ထားခြင်းဖြင့် ရောဂါများစွာကို ကင်းဝေးစေနိုင်ပါတယ်။ ဒါပေမဲ့ နေ့တိုင်း ကိုယ့်ကိုယ်ကို scrubလုပ်ဖို့ မလိုအပ်ဘူးလို့ တချို့လေ့လာချက်အရ သိရပါတယ်။ ရေချိုးလွန်းတာကလည်း ကျန်းမာတဲ့ဘက်တီးရီးယား​တွေကို ဖယ်ရှားနိုင်ပြီး အရေပြားခြောက်သွေ့ခြင်း၊ အက်ကွဲခြင်း၊ ယားယံခြင်းတွေကို ဖြစ်စေပါတယ်။ နေ့စဉ်ရေချိုးတာ ရေမချိုးတာက သင့်အပေါ်မှာ မူတည်ပါတယ်။ ဒါပေမဲ့ နေ့တိုင်းရေမချိုးဖြစ်ရင်တောင် ကျွမ်းကျင်ပညာရှင်တွေ အကြံပြုတဲ့ နေ့တိုင်း သန့်စင်ပေးဖို့ လိုအပ်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း ၃ ခု ရှိပါတယ်။

ချိုင်းကြား

ချွေးအရမ်းထွက်ရင် အရေပြားမှာ ဘက်တီးရီးယားတွေ စုပုံနေလာတာကြောင့် သင့်ခန္ဓာကိုယ်က မနှစ်မြို့ဖွယ် အနံ့ဆိုးတွေ ထွက်လာပါလိမ့်မယ်။ ဘက်တီးရီးယား ပေါက်ဖွားမှုက ချိုင်းလို အရေပြားအခေါက်တွေမှာ အမြင့်ဆုံး ဖြစ်ပါတယ်။ သင့်ချိုင်းကြားကို အနံ့များစွာထွက်စေပြီး ယားယံခြင်းနဲ့ ရောင်ရမ်းခြင်းတွေဖြစ်စေပါတယ်။ ချိုင်းကြားကို ဆပ်ပြာ၊ ရေတို့နဲ့ နေ့စဉ်သန့်စင်ပေးတာက ဘက်တီးရီးယားတွေကို သေစေပြီး ဘတ်တီးရီးယားကြီးထွားမှုကို တားဆီးပေးပါတယ်။ အရေပြားပြဿနာတွေဖြစ်နိုင်ခြေကို လျှော့ချပေးပြီး သင့်အနံ့ကို ကောင်းမွန်စေပါတယ်။

ပေါင်ခြံ

သင်နေ့စဉ်ရေမချိုးရင်တောင် သင့်ပေါင်ခြံနေရာကို သန့်စင်ပေးပြီး အတွင်းခံအ၀တ်အစား​တွေကို နေ့စဉ်လဲလှယ်ပေးဖို့ လိုအပ်ပါတယ်။ လိင်အင်္ဂါတစ်ဝိုက်က အရေပြားနဲ့ အမွှေးအမျှင်တွေက အန္တရာယ်ရှိတဲ့ ဘက်တီးရီးယား သန်းပေါင်းများစွာကို ခိုအောင်းစေပြီး ရောဂါပိုးနဲ့ အနံ့အသက်ဆိုးတွေကို ဖြစ်ပေါ်စေပါတယ်။ အဲဒါက သင့်ကို ပြင်းထန်တဲ့ရောဂါတွေ ဖြစ်ပွားနိုင်ခြေများပါတယ်။ သင့်ရဲ့သီးသန့် အစိတ်အပိုင်းတွေကို ရေနွေးနွေး၊ ဆပ်ပြာနဲ့ ​ဆေးကြောသန့်စင်ပေးတာက အထိခိုက်လွယ်တဲ့အရေပြားကို နူးညံ့စေပြီး ချွေးကင်းစင်စေပါတယ်။

ခြေဖဝါး

အထူးသဖြင့် တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ပတ်သက်လာရင် ခြေဖဝါးဟာ ခန္ဓာကိုယ်ရဲ့ လျစ်လျူရှုမှုအရှိဆုံး အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ လူတွေက ရေချိုးရာမှာ တစ်ကိုယ်လုံးကို ပွတ်တိုက်သန့်စင်​​ကြပေမဲ့ ခြေထောက်ကို ရေစိုရုံနဲ့ပဲ လုပ်ကြပါတယ်။ ဒါ​​​ပေမဲ့ သင့်ခြေထောက်က အဲဒါထက် ပိုဂရုစိုက်ဖို့ လိုပါတယ်။​ ခြေဖဝါးက ချွေးတွေစုပုံတတ်တဲ့ နေရာပါ။ နေ့စဉ် သန့်ရှင်းပေးခြင်းဖြင့် အနံ့ဆိုးထွက်ခြင်းမှ ကာကွယ်နိုင်ပါတယ်။

သန့်စင်ပေးဖို့ လိုအပ်တဲ့ အခြားကိုယ်​ခန္ဓာအစိတ်​အပိုင်းတွေ

ရေချိုးတဲ့အခါ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတိုင်းကို ဆပ်ပြာနဲ့ ကောင်းကောင်း ပွတ်တိုက်သန့်စင်ပေးပါ။ ဒါပေမဲ့ ခန္ဓာကိုယ်ရဲ့ အချို့သော အစိတ်အပိုင်းတွေက ပိုဂရုစိုက်ဖို့ လိုအပ်ပြီး ရေချိုးတဲ့အခါမှာလည်း စနစ်တကျ သန့်စင်ပေးဖို့ လိုပါတယ်။ ချိုင်းကြား၊ ပေါင်ခြံနဲ့ ခြေဖဝါးတွေအပြင် ဘက်တီးရီးယားပိုးတွေခိုအောင်းရာနေရာအဖြစ် သတ်မှတ်ခံထားရတဲ့ ခန္ဓာကိုယ်ရဲ့အချို့အစိတ်အပိုင်း​တွေကတော့
လက်သည်းအောက်
နားနောက်
ချက်
လည်ပင်းအနောက်ဘက် တို့ပါပဲ။

Ref: Experts say these three body parts must be washed daily

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top