မင်းသားဂျီချန်ဝု ကိုဗစ်ပိုးတွေ့ရှိလို့ ရိုက်ကူးနေတဲ့ စီးရီးတွဲကို ရပ်နားထားရ

17-7-2021-yyl-43.jpg

ကိုရီးယားနိုင်ငံရဲ့နာမည်ကျော်မင်းသားတွေထဲက တစ်လက်ဖြစ်တဲ့ မင်းသား ဂျီချန်ဝု (Ji Chang Wook) ဟာ COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ မနေ့က ဇူလိုင် ၂၆ ရက်နေ့က အတည်ပြုပေးခဲ့ပါတယ်။ ဂျီချန်ဝုက ကိုဗစ်ရောဂါပိုးကို ပြီးခဲ့တဲ့အပတ်က စစ်ဆေးခဲ့ပြီး မနေ့က တနင်္လာနေ့မနက်ခင်းမှာ ရလဒ်ထွက်ရှိလာခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ ဂျီချန်ဝုဟာ ကျန်းမာရေးအာဏာပိုင်တွေရဲ့လမ်းညွှန်ချက်အတိုင်း Quarantine နေထိုင်နေပြီး ကုသမှုလည်း ခံယူနေတယ်လို့ သိရပါတယ်။ သူဟာ Netflix စီးရီးတွဲဖြစ်တဲ့ The Sound of Magic ကို တွဲဖက်သရုပ်ဆောင်တွေဖြစ်တဲ့ ချွိုင်ဆောင်အွန် (Choi Sung Eun)၊ ဟွမ်အင်ယို့ (Hwang In Yeop) တို့နဲ့ ရိုက်ကူးနေတာဖြစ်ပါတယ်။

ဂျီချန်ဝု ကိုဗစ်ပိုးတွေ့ရှိခဲ့တာကြောင့် ရိုက်ကူးရေးအဖွဲ့သားတွေနဲ့ သရုပ်ဆောင်တွေအားလုံးကလည်း ကိုဗစ်ပိုး စစ်ဆေးခဲ့ရပြီး ရိုက်ကူးရေးကိုလည်း ရပ်နားထားရပါတယ်။ တွဲဖက်သရုပ်ဆောင်တွေဖြစ်တဲ့ ချွိုင်ဆောင်အွန်နဲ့ ဟွမ်အင်ယို့တို့ကတော့ ရောဂါပိုးမတွေ့ရှိရဘူးလို့ သူတို့ရဲ့အေဂျင်စီတွေက အတည်ပြုပေးခဲ့ပါတယ်။

ဂျီချန်ဝုနဲ့အတူ ရိုက်ကူးရေးအဖွဲ့သားတစ်ဉီးကတော့ ကိုဗစ်ပိုးတွေ့ရှိခဲ့ရတယ်လို့ Netflix က အတည်ပြုပေးခဲ့ပါတယ်။ ရိုက်ကူးရေးကိုတော့ ဘေးကင်းတဲ့အထိ ရပ်နားထားမှာဖြစ်ပြီး ရိုက်ကူးရေးပြန်လည်စတင်မယ့်အချိန်ကျရင် ရောဂါပိုးထပ်မံစစ်ဆေးသွားမယ်လို့ သိရပါတယ်။

Ref: Ji Chang Wook Tests Positive For COVID-19 + Drama Co-Stars Test Negative
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top