မသန်စွမ်းကလေးတွေကို နှစ်သိမ့်အဖော်ပြုပေးနေတဲ့ တိရစ္ဆာန်ဂေဟာက ခွေးလေးများ

25-2-2021-yyl01.jpg

တချို့စူပါဟီးရိုးတွေဟာ အပေါင်းအဖော်လိုအပ်ကြပါတယ်။ အသက် ၅ နှစ်အရွယ် ဟာပါ (Harper) အတွက်ကတော့ ခြေထောက်တစ်ဖက်နဲ့ အဖြူရောင်အမွေးပွနဲ့ခွေးလေး ဟာလို (Halo) ပါပဲ။ ဟာပါကလည်း မသန်စွမ်းကလေးလေးဖြစ်တဲ့အတွက် သူ့လို မသန်စွမ်းတဲ့ခွေးမျိုးရှိတဲ့အတွက် ကံကောင်းတယ်လို့ ဆိုပါတယ်။ ဟာပါရဲ့စူပါပါဝါကတော့ မတူကွဲပြားစွာ ပုံဖော်တဲ့ သူ့ရဲ့လက်ဖြစ်ပါတယ်။

အပတ်တိုင်း ဟာပါက အော်စတင် (Austin) အပြင်ဘက်က ကယ်ဆယ်ရေးတိရစ္ဆာန်ဂေဟာကို သူ့ရဲ့အပေါင်းအဖော်ခွေးလေးတွေတွေ့ရဖို့အတွက် အလည်လာလေ့ရှိပါတယ်။ အဲဒီဂေဟာမှာ ဝီးချဲနဲ့ ခွေး (၄) ကောင်ရှိတဲ့အပြင် ဝီးချဲနဲ့ နွား (၁) ကောင်နဲ့ ဝီးချဲနဲ့ သိုး (၁) ကောင်လည်းရှိတယ်လို့ သေမင်းတံခါးဝရောက်ခဲ့ရတဲ့ မသန်စွမ်းတိရစ္ဆာန် (၁၆၀) ကျော်ကို ဂရုစိုက်ပေးနေတဲ့ ဂျာမီ ဝေါလေ ဂရင်နာ (Jamie Wallace Griner) က ပြောပါတယ်။

Safe in Austin ဆိုတဲ့ တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာက မသန်စွမ်းကလေးတွေကို သူတို့နဲ့လိုက်ဖက်တဲ့ တိရစ္ဆာန်တွေနဲ့ တွဲပေးလေ့ရှိပါတယ်။ ခွေးလေးတွေက ကလေးတွေ စိတ်အားမငယ်အောင် အဖော်ပြုနှစ်သိမ့်ပေးနိုင်လို့ပါပဲ။ ဟာပါနဲ့ ဟာလိုတို့ အတူတူရှိတဲ့အချိန် ကြည်နူးဖို့ကောင်းတယ်လို့ ဟာပါရဲ့မိခင်က ဆိုပါတယ်။ “ဟာပါဟာ အဲဒီတိရစ္ဆာန်တွေ ဘယ်လောက်ဒဏ်ခံနိုင်လဲဆိုတာ မြင်တွေ့ရင်းနဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်တော်တော်ရှိလာတယ်လို့ ကျွန်မ ထင်တယ်” လို့ ဟာပါရဲ့မိခင်က ပြောပါတယ်။

တစ်ခါတလေ အကြွင်းမဲ့ချစ်ခြင်းမေတ္တာဟာ ကလေးတွေကို ကယ်တင်ပေးနေတဲ့ ကယ်ဆယ်ရေးတိရစ္ဆာန်တွေဆီကလာတတ်ကြပါတယ်။

Ref: CBSNews “Rescue animals offer comfort to children with disabilities”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top