မန်စီးတီးကို ငြင်းပယ်ပြီး လီဗာပူးကို ရွေးချယ်ခဲ့တဲ့အကြောင်းကို ဗန်ဒိုက်ဂျ် ထုတ်ပြော

11-5-2020-yyl-021.jpg

ဆောက်သမ်တန်ကနေ ထွက်ခွာလာချိန်မှာ မန်စီးတီးကို ငြင်းပယ်ပြီး လီဗာပူးကို ပြောင်းရွှေ့ခဲ့ရတဲ့ အကြောင်းရင်းကို ဟော်လန်နောက်ခံလူ ဗန်ဒိုက်ဂျ်က ထုတ်ပြောခဲ့ပါတယ်။ ဗန်ဒိုက်ဂျ်ဟာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှာ ခံစစ်မှူးတစ်ယောက်အတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၇၅ သန်းနဲ့ လီဗာပူးအသင်းကို ပြောင်းရွှေ့ခဲ့သူပါ။ အဲဒီနောက်ပိုင်း လီဗာပူးရဲ့ အဓိကကစားသမားဖြစ်လာခဲ့ပြီး ပြိုင်ပွဲစုံ ၁၁၃ ပွဲ ကစားပေးခဲ့ပါတယ်။

” လီဗာပူးကို ပြောင်းဖို့ မဆုံးဖြတ်ခင် (ကျွန်တော့်ကိုခေါ်ချင်တဲ့) ကလပ်အသင်းတွေကို ဘက်စုံထောင့်စုံကနေ လေ့လာခဲ့ပါတယ်။ သူတို့အသင်း ကစားဟန်၊ အသင်းဖော်တွေအကြောင်းနဲ့ အနာဂတ်အလားအလာ စတဲ့ အခြေအနေတွေပေါ့။ အသင်းတည်ရှိရာမြို့နဲ့ ပရိသတ်တွေကိုလည်း ထည့်စဉ်းစားတယ်။ လီဗာပူးကို ပြောင်းရွှေ့ခဲ့တာ ဆုံးဖြတ်ချက်မှန်ကန်ခဲ့တယ်ထင်ပါတယ်။ ပထမ ၆ လအတွင်း ချန်ပီယံလိဂ်ဖိုင်နယ် တက်လှမ်းနိုင်ခဲ့တာက အပိုဆုကြီးတစ်ခုဖြစ်ခဲ့ပြီး ကျွန်တော့်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အများကြီးပံ့ပိုးပေးခဲ့ပါတယ်”လို့ ဗန်ဒိုက်ဂျ်က ပြောပါတယ်။ ဗန်ဒိုက်ဂျ်ဟာ ကမ္ဘာ့အကောင်းဆုံး ခံစစ်မှူးတစ်ယောက်အဖြစ် တင်စားခံနေရပြီး ပြီးခဲ့တဲ့ရာသီက ဥရောပတစ်နှစ်တာအကောင်းဆုံးကစားသမားဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top