ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့် ဂျိန်းစဘွန်းဇာတ်ကားသစ် No Time To Die ထွက်ရှိဖို့ကို နိုဝင်ဘာလအထိ ရွှေ့ဆိုင်းထားမယ်

6-3-2020-yyl-001.jpg

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုက ပြည်သူတွေကို ထိခိုက်စေရုံသာမက ရုပ်ရှင်လောကကိုလည်း ထိခိုက်မိစေပါတယ်။ အခုဆိုရင် ကမ္ဘာတစ်ဝှမ်းမှာ ရုံတင်ပြသမဲ့ ဂျိန်းစဘွန်းဇာတ်ကားသစ် No Time To Die ဟာ ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့် (၇) လအထိ ရုံတင်ပြသခွင့်ကို ရွှေ့ဆိုင်းထားမှာဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံက ရုပ်ရှင်ရုံတွေကို ပိတ်ထားရသလို အခြားဟောလိဝုဒ် ရုပ်ရှင်ထုတ်လုပ်ရေးကိုလည်း ရွှေ့ဆိုင်းထားမှုတွေ ဖြစ်စေခဲ့ပါတယ်။

007 အဖြစ် ဒန်နီရယ် ခရိတ် (Daniel Craig) ပါဝင်ထားတဲ့ ဇာတ်ကားသစ် ရုံတင်ပြသမှုကို ဧပြီလကစတင်ပြီး နိုဝင်ဘာလအထိ ရွှေ့ဆိုင်းထားမှာဖြစ်တယ်လို့ ဂျိန်းစဘွန်းဇာတ်ကား ထုတ်လုပ်ရေးက ပြောပါတယ်။ “သေချာစဉ်းစားဆုံးဖြတ်ပြီးတော့မှ No Time To Die” ဇာတ်ကားထွက်ရှိမှုကို ၂၀၂ဝပြည့်နှစ် နိုဝင်ဘာအထိ ရွှေ့ထားမှာဖြစ်ပါတယ်” လို့ ဂျိန်းစဘွန်းဇာတ်ကားရဲ့ တရားဝင်တွစ်တာအကောင့်မှာ တင်ထားတာဖြစ်ပါတယ်။

တင်ထားတဲ့ပို့်စ်က ကိုရိုနာဗိုင်းရပ်စ်ကြောင့်လို့ သေချာညွှန်းဆိုပြောထားခြင်းမရှိပေမဲ့ ဟောလိဝုဒ်ရဲ့အကြီးဆုံးနိုင်ငံရပ်ခြားရုပ်ရှင်ဈေးကွက်ဖြစ်တဲ့ တရုတ်နိုင်ငံမှာ အဲဒီဇာတ်ကားရဲ့ Red Carpet အတွက် အစီအစဉ်တွေကို ပြီးခဲ့တဲ့အပတ်က ဖျက်သိမ်းခဲ့ပါတယ်။ ဇန်နဝါရီလကတည်းက တရုတ်နိုင်ငံမှာ ရုပ်ရှင်ရုံတွေကို ပိတ်ထားခဲ့ပြီး ဂျပန်၊ တောင်ကိုရီးယား၊ အီတလီအပါအဝင် အခြားနိုင်ငံတွေကလည်း ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ဟန့်တားဖို့အတွက် ရုပ်ရှင်ရုံတွေကို ပိတ်နေပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဂျိန်းစဘွန်းဇာတ်ကားသစ်ရွှေ့ဆိုင်းထားတဲ့အပြင် ဇာတ်ကားသစ်တွေနဲ့ တီဗီရှိုးရိုက်ကူးမှုတွေကိုလည်း အနှောင့်အယှက်ဖြစ်စေခဲ့ပြီး တရုတ်နိုင်ငံမှာ အမေရိကန်ရုပ်ရှင်ကားတွေ ရုံတင်ပြသမှုကို နှောင့်နှေးစေခဲ့ပါတယ်။ No Time To Die က ထုတ်လုပ်ရေးပိုင်းမှာ အမေရိကန်ဒေါ်လာ သန်း (၂၀၀) အကုန်အကျခံထားတာဖြစ်ပါတယ်။ အစက လန်ဒန်မြို့မှာ ရုပ်ရှင်အထူးပြပွဲကို မတ်လ ၃၁ ရက်နေ့ပြသဖို့ စီစဉ်ထားခဲ့ပြီး ဧပြီ ၂ ရက်နေ့မှာ ရုံတင်ပြသဖို့လုပ်ခဲ့တာဖြစ်ပါတယ်။ အခုတော့ ဒီရုပ်ရှင်ကို UK မှာ နိုဝင်ဘာ ၁၂ ရက်နေ့ ၊ US မှာ နိုဝင်ဘာ ၂၅ ရက်နေ့ ရုံတင်ပြသမှာဖြစ်ပါတယ်။

Ref: Coronavirus: Release of new James Bond film, No Time To Die, postponed until November

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top