The Matrix ပထမဆုံးဇာတ်ကားက ရရှိခဲ့တဲ့ အနုပညာကြေးရဲ့ ၇၀ ရာခိုင်နှုန်းကို လှူဒါန်းပစ်ခဲ့ဖူးတဲ့ ကီနူးရိဗ်

6-2-2022-yyl4.png

အလှူအတန်းရက်ရောတဲ့ မင်းသားကြီး ကီနူးရိဗ်ဟာ The Matrix ပထမဆုံးဇာတ်ကားကနေ ရရှိခဲ့တဲ့ အနုပညာကြေးရဲ့ ၇၀ ရာခိုင်နှုန်းကို Leukaemia Research ဖောင်ဒေးရှင်းဆီ လှူဒါန်းခဲ့ဖူးတယ်လို့ သတင်းထွက်ရှိချက်အရ သိရပါတယ်။ ကီနူးရိဗ်ဟာ ၁၉၉၉ခုနှစ် က The Matrix ပထမဆုံးဇာတ်ကားအတွက် အနုပညာကြေး ဒေါ်လာ ၁၀ သန်း ကြိုတင်ရရှိခဲ့ပြီး အားလုံးစုစုပေါင်း ဒေါ်လာ ၃၅ သန်း ဝင်ခဲ့ပါတယ်။

သူဟာ သူ့ရဲ့ပိုက်ဆံတွေအားလုံးကို သူ့ကိုယ်တိုင်အတွက်ချည်း မသုံးချင်ခဲ့ပါဘူး။ သူ့ရဲ့ညီမလေး ကင်မ်က ၁၀ နှစ်တာ သွေးကင်ဆာရောဂါကို တွန်းလှန်ကျော်လွှားခဲ့ရဖူးတဲ့အတွက် Leukaemia Research ဖောင်ဒေးရှင်းဆီ လှူဒါန်းဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ညီမလေးက ၁၉၉၁ခုနှစ်မှာ သွေးကင်ဆာရောဂါကို ခံစားခဲ့ရပြီး ကီနူးရိဗ်က အဲဒါကို ဘယ်တော့မှ မမေ့ခဲ့ပါဘူး။ ကီနူးရိဗ်က သူ့ညီမလေးအပေါ် သူ့ရဲ့ဘဝကို မြှုပ်နှံထားခဲ့တာပါ။ သူ့ရဲ့ညီမလေးနဲ့ အနေနီးဖို့အတွက် သူ့ရဲ့အိမ်ကို ရောင်းပစ်ခဲ့သလို သူ့ရဲ့ the Matrix နောက်ဆက်တွဲဇာတ်ကားတွေလည်း နှောင့်နှေးခဲ့ရပါတယ်။ ကင်မ် ပြန်လည်သက်သာလာဖို့ ရောဂါကုထုံးတွေအတွက် ဒေါ်လာ ၅ သန်းအကုန်အကျခံခဲ့ပါတယ်။

ကီနူးရိဗ်က ၁၉၉၀ပြည့်နှစ်အစောပိုင်းမှာ သူ့ရဲ့အနုပညာအလုပ်ကို လုပ်ရင်းနဲ့ ကင်မ်ရဲ့အဓိကပြုစုစောင့်ရှောက်သူဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့ကျန်းမာရေးကောင်းမွန်လာစေဖို့ ကူညီစောင့်ရှောက်ပေးခဲ့ပါတယ်။ “သူက ကျွန်တော့်အတွက် အမြဲရှိနေခဲ့တာ။ သူ့အတွက် ကျွန်တော် အမြဲရှိနေပေးရမယ်” လို့ ကီနူးရိဗ် ပြောခဲ့ဖူးပါတယ်။ ကင်မ်ဟာ သူ့ရဲ့ရောဂါကနေ ပြန်လည်ကောင်းမွန်လာခဲ့ပြီး အဲဒီကတည်းက ကင်ဆာနဲ့ပတ်သက်တဲ့ ပရဟိတလုပ်ငန်းတစ်ခုကို တည်ထောင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီပရဟိတလုပ်ငန်းမှာ သူ့ရဲ့နာမည်ကို မတပ်ခဲ့ဘူး။ ၂၀၀၉ခုနှစ်က ကီနူးရိဗ်က Ladies Home Journal ကို ပြောခဲ့ပါတယ်။ “ကျွန်တော် ၅ နှစ် – ၆ နှစ် ကြာ လုပ်ဆောင်နေခဲ့တဲ့ သီးသန့်ဖောင်ဒေးရှင်းတစ်ခုရှိပြီး အဲဒါက ကလေးဆေးရုံတွေနဲ့ ကင်ဆာသုတေသနတွေကို ကူညီထောက်ပံ့ပေးတာပါ” လို့ ဆိုခဲ့ပါတယ်။

ပရဟိတစိတ်အပြည့်ရှိပြီး သဒ္ဒါတရားထက်သန်တဲ့ ကီနူးရိဗ်က သူ့ရဲ့ ဒုတိယမြောက်နဲ့ တတိယမြောက် Matrix ဇာတ်ကားရဲ့ အကျိုးအမြတ်တွေကိုလည်း VFX နဲ့ ဝတ်စုံဒီဇိုင်းအဖွဲ့တွေဆီ ခွဲဝေပေးခဲ့တယ်လို့ ၂၀၀၁ခုနှစ်ရဲ့ Wall Street Journal အရ သိရပါတယ်။ ၂၀၂၀ခုနှစ် ဇွန်လမှာလည်း ကလေးကင်ဆာရောဂါပရဟိတအဖွဲ့ Camp Rainbow Gold အတွက် ရန်ပုံငွေရှာပေးဖို့အတွက် ၁၅ မိနစ်ကြာ Virtual Zoom Date ကို လေ့လာတင်ရောင်းချခဲ့ပါတယ်။ ၂၀၂၁ခုနှစ် အောက်တိုဘာလတုန်းကလည်း John Wick 4 စတန့်အဖွဲ့ကို ဒေါ်လာ ၉၁၅၀ တန် Rolex Submariners နာရီတွေ လက်ဆောင်အဖြစ် ပေးခဲ့ပါသေးတယ်။

Ref: Dailymail & 9GAG “Keanu Reeves Donated 70% Of His ‘Matrix’ Salary To Leukaemia Research”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top