ထူးထူးခြားခြား မင်္ဂလာဆောင်ခဲ့တဲ့ တရုတ်ဇနီးမောင်နှံ

china-wedding.jpg

ပြီးခဲ့တဲ့ အင်္ဂါနေ့ဟာ တရုတ်ရိုးရာအရ ချစ်သူများနေ့ ဖြစ်ပါသတဲ့။ အဲဒီနေ့မှာ ဟူနန်ပြည်နယ်က ချစ်သူစုံတွဲတစ်တွဲဟာ သူတို့ရဲ့ အချစ်ကို ဆန်းဆန်းပြားပြားဖော်ကျူးချင်တဲ့အတွက် သမားရိုးကျ မဟုတ်တဲ့ မင်္ဂလာအခမ်းအနားတစ်ခုနဲ့ လက်ထပ်ထိမ်းမြားခြင်းအမှုကို ပြုခဲ့ပါတယ်။

ဟူနန်ပြည်နယ် ပင်ဂျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ရှိတဲ့ ရှင်းအျူကျိုက် သဘာဝပန်းခြံထဲမှာ လက်ထပ်ပွဲကျင်းပခဲ့ပါတယ် ။ အဲဒီပန်းခြံထဲက ဇောက်အနက် ၁၈၀ မီတာ ရှိတဲ့ တောင်ကြားပေါ်မှာ ဖောက်ထွင်းမြင်ရတဲ့ ဖန်သားကြမ်းပြင်တွေနဲ့ တည်ဆောက်ထားတဲ့ တံတားတစ်စင်းရှိနေပြီး စုံတွဲဟာ တံတားပေါ်ကနေ အောက်ကို ကြိုးသိုင်းဆွဲထားတဲ့ ဘုတ်ပြားပေါ်မှာ ထိုင်ပြီး သူတို့ရဲ့ မင်္ဂလာအခမ်းအနားကို ကျင်းပခဲ့တာပါ။ အဲဒီနေ့ကလေးဟာ သူတို့တစ်သက်လုံးအတွက် အမှတ်တရနေ့လေးတစ်နေ့ ဖြစ်မှာ အသေအချာပါပဲ။

Reference: CCTV News

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top