လူငယ်လေးတစ်ယောက်ကို မက်ဆေ့ရာနဲ့ချီ ပို့ခဲ့တဲ့ဖြစ်ရပ်ကြောင့် စကော့တလန်ဘဏ္ဍာရေးဝန်ကြီး ရာထူးက နုတ်ထွက်

yyl-049.jpg

အသက် ၁၆ နှစ်အရွယ် လူငယ်လေးတစ်ယောက်ကို မက်ဆေ့ ရာနဲ့ချီ ပို့ခဲ့မိတယ်လို့ သတင်းထွက်ပေါ်လာပြီးနောက်မှာတော့ စကော့တလန် ဘဏ္ဍာရေးဝန်ကြီး ဒီရက်မက်ကိုင်းက ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။ ဒီရက်မက်ကိုင်းဟာ လာမယ့်နှစ်အတွက် ဘတ်ဂျက်မကြေညာခင် နာရီပိုင်းအလိုမှာ ရာထူးကနေ နုတ်ထွက်သွားခဲ့တာပါ။ ပြီးခဲ့တဲ့ကြာသပတေးနေ့က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ မက်ကိုင်းက ပြန်တောင်းပန်သွားခဲ့ပြီး သူ့ရဲ့ ရူးမိုက်တဲ့ လုပ်ရပ်တွေအတွက် အပြည့်အဝ တာဝန်ယူတယ်လို့ ဆိုပါတယ်။

“ ဒီဖြစ်ရပ်မှာ ပါဝင်ခဲ့တဲ့ တစ်ယောက်သောသူနဲ့ သူ့ရဲ့မိသားစုကို ကျွန်တော် တောင်းပန်ပါတယ်။ အစိုးရအဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ခွင့်ရတာ အရမ်းဂုဏ်ယူစရာကောင်းပါတယ်။ ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ ကျွန်တော့်ကို အားပေးထောက်ခံသူတွေကို စိတ်ပျက်အောင် လုပ်မိခဲ့လို့ တောင်းပန်ပါတယ်’’လို့ မက်ကိုင်းက ပြောပါတယ်။ မက်ကိုင်းဟာ ၁၆ နှစ်အရွယ် ကောင်လေးကို ဖေ့ဘွတ်ခ်နဲ့ အင်စတာဂရမ်မှာ မိတ်ဆွေဖွဲ့ပြီး မက်ဆေ့တွေ ပေးပို့ခဲ့တာကို The Scottish Sun သတင်းဌာနက စတင်ဖော်ပြခဲ့တာဖြစ်ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top