အပတ်စဉ် ဗေဒင်ဟောစာတမ်းကဏ္ဍ (၃၁-၃-၂၀၁ ၉ မှ ၆-၄-၂၀၁ ၉ ရက်နေ့အထိ)

Bay-Din-31to4-march-april.jpg

အပတ်စဉ်တင်ဆက်ပေးနေကျဖြစ်တဲ့ ဆရာကင်္ကသူရဲ့စန္ဒသူရိယ နက္ခတ္တဝေဒဟောစာတမ်းကို ရိုးရာလေးပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ (၃၁-၃-၂၀၁ ၉ မှ ၆-၄-၂၀၁ ၉ ရက်နေ့အထိ) တွက်ချက်လမ်းညွှန်ပေးထားမှုကို ပုံတစ်ပုံချင်းစီမှာ Unicode/ Zawgyi version နှစ်မျိုးနဲ့ တွဲဖက်ဖော်ပြပေးထားပါတယ်။

တနင်္ဂနွေ

တနင်္ဂနွေသားသမီးများ ယခုတစ်ပတ်အတွင်း စီးပွားရေးနှင့်ပတ်သက်ပြီး သတိထားလုပ်ဆောင်ရမည့်ကာလဖြစ်လာပါပြီ။ အထူးသဖြင့် လုပ်ငန်းလိုင်စင်မရှိဘဲလုပ်ဆောင်နေသော လုပ်ငန်းများအတွက် စစ်ဆေးခံရခြင်းနှင့် လုပ်ငန်းပိတ်ထားရခြင်းများဖြစ်မည်။ ထိုအတွက် ဆရာသမားလူကြီးတစ်ဦး၏ အကူအညီကို ရယူပါ။ ကောက်ပဲသီးနှံသမားများ အရင်းမရဖြစ်မည်၊ လုပ်အားဆုံးနေမည်။ ဆောက်လုပ်ရေးသမားများ အဆင်ပြေပါသည်။ ပြည်ပဆက်သွယ်ရောင်းဝယ်သူများ ကံကောင်းသည်။ ကျန်းမာရေးအနေနှင့် ခေါင်းကိုက်ခြင်း၊ ဆီးချိုသမားများ မူးခြင်း၊ သွေးတိုးခြင်းများဖြစ်လာမည်။ အချစ်ရေး ကံကောင်းပါသည်။ အိမ်ထေင်ရေးအခြေအနေမှာ သံသယများနေရတတ်သည်။ ပညာရေးသမားများ ဘာသာစကားနှင့်ဆိုင်သော သင်တန်းများတက်ရောက်ရမည်။ ကားဝင်မည်၊ ထွက်မည်။ နိုင်ငံဝန်ထမ်းများ အပြောင်းအရွေ့ဖြစ်မည်။
အကျိုးပေးဂဏန်း – ၁ ၊ ၅ ၊ ဝ။ ယတြာ – တနင်္ဂနွေနေ့တွင် အုန်းသီး (၆) စိတ် ဘုရားလှူပါ။

တနင်္လာ

ယခုအပတ်အတွင်း တနင်္လာသားသမီးများ စီးပွားနေအနေနှင့် အထူးခက်ခဲနေလိမ့်မည်။ လုပ်သမျှကိစ္စတို့ အဆင်မပြေဖြစ်မည်၊ အထူးသဖြင့် စပ်တူလုပ်ငန်းများမှ ပြဿနာများမည်၊ ငွေစုငွေချေးကိစ္စရပ်များ၊ ငွေချေးငှါးခြင်းများကြောင့် အထူးထူးသောကိစ္စများပေါ်မည်။ တရားရင်ဆိုင်ရတတ်သည်။ စားသောက်ဆိုင်လုပ်ငန်းများ ကံကောင်နေပါမည်။ ကျောက်မျက်ရတနာလုပ်ကိုင်သူများကတော့ သတိထားရမည်။ ကျန်းမာရေးအနေနှင့် အသည်းရောဂါရှိသူများ သတိထားပါ၊ ဆေးရုံအမြန်ပြသပါ။ အချစ်ရေးတွင် ကံကောင်းနေသော်လည်း ချစ်သူနှင့် လက်ထပ်ရန် ရက်စောင့်ရအုံးမည်။ အိမ်ထောင်သည်များ ခရီးသွားရမည့်ကိန်းဖြစ်သည်။ ဘုရားဖူးခရီးဖြစ်မည်။ ပညာရေးလိုက်စားသူများ စားရင်းနှင့်ပတ်သက်သောဘာသာရပ်ကို လေ့လာပါ။ စက်ပစ္စည်းကိုအကြောင်းပြုပြီး ကိစ္စပေါ်တတ်သည်။ ငြင်းခုံရတတ်သည်။ နိုင်ငံဝန်ထမ်းများ မိမိလုပ်ကိုင်သောဌာနမှအကြီးအကဲကြောင့် သောကရောက်ရတတ်သည်။
အကျိုးပေးဂဏန်း – ၂ ၊ ၇၊ ၉။ ယတြာ – မည့်သည်ရက်တွင်မဆို ငှက်ကလေးများကို အစာကျွေးပြီး လိုရာဆုတောင်းပါ။

အင်္ဂါ

ယခုအပတ်အတွင်း အင်္ဂါသားသမီးတို့အနေဖြင့် စီးပွားရေးအတွက် ကံကောင်းသောအချိန်ဖြစ်သည်။ စားသောက်ဆိုင်၊ လက်္ဘရည်ဆိုင်နှင့် မီးဖိုပါသောလုပ်ငန်းများ တိုးတက်နေမည်ဖြစ်သည်။ ဓာတ်ဆီ၊ ဒီဇယ် စသည့် စက်သုံးလောင်စာဆီလုပ်ငန်းများနှင့် တိုးတက်လိမ့်မည်။ ရေလုပ်ငန်းနှင့် ရေထွက်ပစ္စည်းလုပ်ကိုင်သူများကတော့ စိတ်သောကရောက်ရမည်။ အထူးသဖြင့် ငါးနှင့်ဆိုင်သောလုပ်ငန်းလုပ်ကိုင်သူများ သတိပြုပါ။ ကျန်းမာရေးအနေနှင့် နှလုံးရောဂါအခံရှိသူတို့ ဆေးရုံ၊ ဆေးခန်းပြရမည့်အခြေအနေဖြစ်သည်။ အပူကြောင့် ဖြစ်သောရောဂါများဖြစ်မည်။ အချစ်ရေးအတွက် ကံကောင်းသည်၊ ချစ်သူထံမှ အဖြေရမည်၊ အိမ်ထောင်သည်များလည်း ကံကောင်းပါသည်၊ အိမ်နေရာ အပြောင်းအရွေ့ကိုအကြောင်းပြုပြီး ငွေကုန်မည်။ ပညာရေးအနေနှင့် နည်းပညာသင်တန်းတစ်ခုခုကို တက်ရောက်ပါ။ ရွှေနှင့် လက်ဝတ်ရတနာများ ရတတ်သည်။ နိုင်ငံ့ဝန်ထမ်းများ မိမိထက်ရာထူးငယ်သူကြောင့် တာဝန်ယူဖြေရှင်းရမည့်ကိစ္စရှိနေပါသည်။
အကျိုးပေးဂဏန်း – ၃ ၊ ၅ ၊ ဝ။ ယတြာ – လူအများကို ဇီးဖျော်ရည်တိုက်ပါ။

ဗုဒ္ဓဟူး

ဗုဒ္ဓဟူးသားသမီးများအတွက် ယခုတစ်ပတ်အတွင်း စီးပွားရေးဆိုင်ရာကိစ္စရပ်များ အားလုံးရပ်နေပါလိမ့်မည်။ လုပ်လက်စများလည်း လက်စမသိမ်းနိုင်ဖြစ်မည်။ လုပ်ငန်းသစ်များ မကြာခင်ပြန်လည်အသက် ဝင်လာတော့မည်ဖြစ်သောကြောင့် လုပ်ငန်းသစ်အတွက်ကိုသာ အရုံစိုက်ပါ။ လုပ်ငန်းဟောင်းများကို စွန့်လွတ်ခဲ့ရမည့်အချိန်ဖြစ်သည်။ အထူးသဖြင့် ရေခြား မြေခြား ပြည်ပနှင့်ဆက်စပ်သောလုပ်ငန်းများ မဖြစ်ပါ။ ပညာဖြင့် လုပ်ကိုင်ရသောလုပ်ငန်းများ အထူးအဆင်ပြေပါလိမ့်မည်။ ကျန်းမာရေးအနေနှင့် ဦးခေါင်းနှင့်ဆိုင်သောရောဂါ၊ ခေါင်းကိုက်ခြင်းနှင့် ဦးနှောက်က်သွေးကြောနှင့် ပတ်သက်သော ရုတ်တရက်ဖြစ်သည့်ကိစ္စများ သတိပြုပါ။ အချစ်ရေးတွင် အဆင်ပြေမည်၊ အိမ်ထောင်ရေးအဆင်မပြေဖြစ်မည်။ ပညာရေးအနေနှင့် ထူးဆန်းသောအတတ်ပညာတို့ကို မထင်မှတ်ဘဲဆည်းပူးရမည်။ ယခုအချိန်တွင် ရွှေထွက်မည်။ မြေဝင်မည်။ နိုင်ငံ့ဝန်ထမ်းများ ကံကောင်းပါသည်။

ရာဟု။ ။ ရာဟုသားသမီးများ ယခုတစ်ပတ်အတွင်း ကံကောင်းပါသည်။ ကျောက်မျက်ရတနာကို အကြောင်းပြုပြီး ငွေကြေး မြတ်စွန်းမည်။ အချစ်ရေးကံကောင်းပါသည်။ ကျန်းမာရေးအနေနှင့် ဒူးဝေဒနာခံစားနေရသူများ ဆရာကောင်းတွေပြီး သက်သာမည်။
အကျိုးပေးဂဏန်း – ၄ ၊ ၀ ၊ ၇။ ယတြာ – ငှက်၊ ငါး ရရာတိရိစ္ဆာန်ကို တတ်နိုင်သလောက်ွှလွတ်ပေးပါ။

ကြာသပတေး

ကြာသာပတေးသားသမီးတို့အနေဖြင့် ယခုတစ်ပတ်အတွင်း စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရာတွင် သတိကြီးစွာထားပြီး လုပ်ကိုင်သင့်ပါသည်။ အထူးသဖြင့် အစုအစပ်လုပ်ငန်းတွင် ကံညံ့ပြီး ထိုအစုအစပ်လူများအတွင်းမှ သစ္စာဖောက်ဖြင်းခံရနိုင်သည်။ မိမိလုပ်ကိုင်သော လုပ်ငန်းများမှ ငွေကြေးချေးငှားခြင်းနှင့်ဆိုင်သောလုပ်ငန်းများ အထူးသတိပြုပါ။ ငွေကြေးအရှုပ်အထွေမျာဖြစ်မည်။ မိမိချေးငွေပြန်မဆပ်နိုင်သလို မိမိရင်းနှီးချေးငှားပေးထားသည့်ငွေလည်း ပြန်မရနိုင်ပါ။ ကျန်းမာရေးအနေနှင့် ခါးရောဂါဝေဒနာအထူးနှိပ်စက်မည်။ အာရုံကြောထိတတ်သည်၊ အချစ်ရေးအနေနှင့် မိဘတို့သဘောမတူသူကို ချစ်မိနေသဖြင့် စိတ်သောကရောက်ရမည်။ အိမ်ထောင်ရေးတွင် မိမိအိမ်ထောက်ဘက် ခြေလှမ်းပျက်နေတတ်သည်။ ပညာရေးသမားများ အထူးသဖြင့် ဆေးပညာဆိုင်ရာပညာရေးသမားများ စာကြိုးစားရန်လိုအပ်ပါသည်။ မြေနှင့်ပတ်သက်သော ငွေကိစ္စပြဿနာတက်တတ်သည်။ နိုင်ငံ့ဝန်ထမ်းများ မိမိလုပ်ကိုင်သော ဌာနတွင်း နေရာပြောင်းရတတ်သည်။ ကောင်းပါသည်။
အကျိုးပေးဂဏန်း – ၂ ၊ ၅ ၊ ဝ။ ယတြာ – ဘုန်းကြီးရဟန်းများကို ရေသန့်ဗူးများ ဆက်ကပ်လှူဒန်းပါ။

သောကြာ

သောကြာသားသမီးများအနေနှင့် ယခုတစ်ပတ်အတွင်းလည်း ကံကောင်းနေသဖြင့် လုပ်လက်စ စီးပွားရေးလုပ်ငန်းကို ဆက်လက်လုပ်ကိုင်သင့်ပါသည်။ လုပ်ငန်းသစ်စတင်ခြင်း၊ နေရာသစ်ပြောင်းရွေ့ရခြင်းများလည်း ကောင်းသည်။ နေရာသစ်တွင် လုပ်ငန်းသစ်စတင်မည့်သူများ အချိန်ကောင်းဖြစ်သည်။ လုပ်ငန်းသုံးပစ္စည်းများပျက်စီးနေတတ်သဖြင့် ပြုပြင်ရတတ်သည်။ အထူးသဖြင့် ရွှေလုပ်ငန်းလုပ်ကိုင်သူများ အကျိုးများမည့်အချိန်ဖြစ်သည်။ ကျန်းမာရေးအနေနှင့် သွေးနှင့်ပါတ်သက်သောရောဂါ၊ အရိုးရောဂါများ သတိပြုရမည်၊ မတော်တဆအရိုးထိခိုက်မိပါက ကုသရန်ခက်ပါလိမ့်မည်။ အချစ်ရေးတွင် နာကျင်စွာလမ်းခွဲရတတ်သဖြင့် အထူးအထူးသတိထားပြီး ချစ်သူအပေါ် အလိုလိုက်ပါ။ အိမ်ထောင်ရေးကံကောင်းပါသည်၊ သားသမီးကျန်းမာရေးသတိပြုပါ။ ပညာရေးလိုက်စားသူများ အင်ဂျင်နီယာဆိုင်ရာပညာရပ်အတွက် ကံကောင်းချိန်ဖြစ်သည်။ အစိုးရဝန်ထမ်းများ စိတ်ချမ်းသာရမည်။
အကျိုးပေးဂဏန်း – ၂ ၊ ၆ ၊ ၉။ ယတြာ – သောကြာထောင့်တွင် ဘုရားကို ထီးအဖြူရောင်လှူပါ။

စနေ

ယခုတစ်ပတ်အတွက် စနေသားသမီးတို့ စီးပွားရေးလုပ်ရာတွင် အဆင်မပြေခြင်းများနှင့် ကြုံတွေ့နေရမည်။ သို့သော် ကံကောင်းစွာဖြင့် ကူညီမည့်သူများပေါ်လာမည်။ စပ်တူလုပ်ငန်းများအတွက် အစုဝင်အသစ်များရမည်။ အလွန်ခက်ခဲနေသော ငွေရေးကြေရေးကိစ္စတစ်ခု အဆင်ပြေမည်။ ရေလုပ်ငန်း၊ လောင်စာလုပ်ငန်းများ ကံကောင်းသည်၊ အမြတ်ရမည်။ တောင်ယာလုပ်ငန်းများ အနည်းငယ်ကျဆင်းမည်။ ကျောက်ထုတ်လုပ်ရေးလုပ်ငန်းများ အခက်ကြုံရတတ်သည်။ ကျန်းမာရေးအနေနှင့် ယခုတစ်ပတ်အတွင်း မျက်လုံးရောဂါရတတ်သည်၊ အဆုတ်နှင့်ပတ်သက်ပြီး သတိထားပါ။ အချစ်ရေးတွင် အလွန်သံသယများသော ချစ်သူကြောင့် စိတ်သောကရောက်နေရမည်။ အိမ်ထောင်ရေးတွင် နှစ်ဘက်မိဘတို့ကြောင့် အခက်အခဲများကြုံနေရမည်။ ပညာရေးသမားများ အထူးသဖြင့် ရာထူးစာမေးပွဲဖြေမည့်သူများ ဗဟုသုတများရန်လိုပါသည်။ အိမ်၊ ခြံ၊ မြေများဝင်လိမ့်မည်။ နိုင်ငံ့ဝန်ထမ်းများ စိတ်ညစ်စရာဌာနတွင်းကိစ္စဖြစ်မည်။
အကျိုးပေးဂဏန်း – ၇ ၊ ၆ ၊ ဝ။ ယတြာ – ထန်းသီးမုန့် (သို့) ထန်းလျက်ကို ဘုရားတွင် ဆွမ်းနှင့်အတူကပ်လှူပါ။

ဆရာကင်္ကသူ
Ph.D-Palmistry. (H.A.P.R.I)
Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top