စန္ဒသူရိယ နက္ခတ္တဝေဒ ဟောစာတမ်း။ ( ၂၁-၈-၂၀၂၂ မှ ၂၇-၈-၂၀၂၂ ရက်နေ့အထိ )

BayDin21to27.jpg

တနင်္ဂနွေ

ယခုအပတ်အတွင်း တနင်္ဂနွေသား/သမီးတို့သည် စီးပွားရေးအတွက် ရည်ရွယ်ချက်၊ ရည်မှန်းချက်များ များသော်လည်း ရည်ရွယ်ချက်အတိုင်းဖြစ်မလာသေး၍ စိတ်မောနေရမည်။ လုပ်ငန်းများအားတစ်ခုပြီးမှ တစ်ခုလုပ်ပါ။ တစ်ခုထည်းကိုလုပ်ခြင်းဖြင့် ပိုမိုအောင်မြင်မှုရှိမည်။ စပ်တူလုပ်ငန်းများအတိုက်အခံပေါ်မည်။ သို့သော် ကျော်လွှားနိုင်မည်။ ရုတ်တရတ် ယာဉ်ထိခိုက်ကိန်းရှိသည်၊အရိုးရောဂါသတိထားပါ။ အသွား၊ အလာ၊ အတက် အဆင်း ဂရုစိုက်ပါ။ အချစ်ရေးမှာ ပုံမှန်အဆင်ပြေမည်။ အစာအိမ်နှင့်ပတ်သတ်၍ သတိထားပါ။အချစ်ရေးတွင် စိတ်သောက အနည်းငယ်ဖြစ်ရမည်၊ အိမ်ထောင်ပြုရန်ရည်ရွယ်သူများ မိဘတို့ကြောင့် စိတ်သောကရောက်ရမည်။ အိမ်ထောင်သည်များ စိတ်ချမ်းသာမည်။ ငွေအစုလိုက် အပြုံလိုက် ဝင်မည်။ ဝန်ထမ်းများ အလုပ်ရာထူးတက်မည်။

အကျိုးပေးဂဏန်း ၁၊ ၅၊ ၇

ယတြာ – တနင်္ဂနွေနေ့နံနက်တွင် အုန်းသီး(၆)စိတ်ဘုရားလှူပါ။

တနင်္လာ

ယခုအပတ်အတွင်း တနင်္လာသား/သမီးတို့သည် စီးပွားရေးတွင် ကွက်ကျော်မြင် အကဲခတ်ကောင်းမှုကြောင့် ကံကောင်းမှုနှင့် အောင်မြင်မှု မုတ်ချရရှိလိမ့်မည်။ ဆုံးရှုံးသွားသောငွေကြေး၊ပစ္စည်းများ ပြန်ရမည်။ အရင်းနှီးဆုံးသူငယ်ချင်း၊မိတ်ဆွေ၊အစုရှယ်ယာဝင်များနှင့် စိတ်ဝမ်းကွဲမည်၊အထင်လွဲမည်။ သူများအတွက် အာမခံပါက သူများအရှုပ် ကိုယ့်အရှုပ်ဖြစ်မည်။ အချစ်ရေးညံ့မည်။ မရည်ရွယ်ပဲ ခရီးဝေးသွားဖြစ်မည်။ ခြေ၊ လက်တို့ အနာတရ ဖြစ်ရန်ရှိသည်။ စက်ပစ္စည်း အပြောင်းအလဲ အဝင်အထွက်ဖြစ်မည်။အချစ်ရေးတွင် အဆင်ပြေမည်၊ ရွေးချယ်စရာတွင် ဗျာများနေရတတ်ချိန်လည်းဖြစ်တယ်။အိမ်ထောင်ရှင်များ အိမ်ပြောင်းရမည်။ဝန်ထမ်းများ အလုပ်အကိုင် အပြောင်းအလဲ ဖြစ်မည်။ နှလုံးရောဂါသည်များ သတိထားသင့်ပါသည်။

အကျိုးပေးဂဏန်း ၂၊ ၃၊ ၄

ယတြာ – တနင်္လာနေ့တွင် အိမ်ဘုရားတွင် ကံကော်ပန်း(၁၅) ခက်လှူပါ။

အင်္ဂါ

ယခုအပတ်အတွင်း အင်္ဂါသား/သမီးတို့သည် စီးပွားရေးအတွက် အပြောတစ်မျိုး ၊ အလုပ်တစ်ခြား ဖြစ်နေမည်။ ရည်ရွယ်ချက်မရှိဘဲ စီးပွားရေးလုပ်ငန်းအတွက် ခရီးထွက်ဖြစ်မည်။ အချစ်ရေး၊ အိမ်ထောင်ရေးကိစ္စများ ရှုပ်ထွေးနေမည့် ကာလတစ်ခုဖြစ်သည်။အချစ်ရေးရှုပ်ထွေးပြီး အလွန်စိတ်ညစ်စရာကိစ္စပေါ်နေတတ်ပြီး ထိုကိစ္စကြောင့် ဂုဏ်သိက္ခာအနည်းငယ် ထိခိုက်မိတတ်သည်။ ကျန်းမာရေးအရ မျက်လုံးသတိထားပါ၊ မျက်မှန်တတ်ရလိမ့်မည်။ သူများအတွက် ဂတိပေးခြင်း၊ အာမခံခြင်းများ လုံးဝမပြုလုပ်သင့်ပါ။ အနုပညာလုပ်ငန်းလုပ်နေသူများအတွက် ကောင်းပါသည်။ ယခုအပတ်အတွင်း ထီးထိုးသင့်သည်။ ဝန်ထမ်းများ အထက်လူကြီးကြောင့် စိတ်သောကရောက်ရမည်။

အကျိုးပေးဂဏန်း ၃၊ ၅၊ ၇

ယတြာ – အင်္ဂါနေ့နံနက်တွင် အိမ်ဘုရားကို ဇီးသီး ကပ်လှူပါ။

ဗုဒ္ဓဟူး

ယခုအပတ်အတွင်း ဗုဒ္ဓဟူးသား/သမီးတို့သည် စီးပွားရေးအတွက် စိတ်လေနေမည်။ လုပ်သမျှစီးပွားရေး အရာမထင်ဖြစ်နေမည်။လူယုံသတ်သဖြင့် ငွေကြေး၊ပစ္စည်းဆုံးမည်။အချစ်ရေးတွင် ရည်းစားတစ်ယောက်မက ထားဖြစ်မည်၊အချစ်ရေးကြောင့် စိတ်မကြည်မသာဖြစ်ရမည်။ ငွေထွက် ကြမ်းနေမည်၊ အိမ်ထောင်ရှင်များ အဝေးမှ လက်ဆောင်ရမည်။ ကျန်းမာရေး သတိရှိပါ။နေမကောင်းဖြစ်တတ်သည် ။ လုပ်ငန်းအတွင်းပစ္စည်း ပျောက်ကိန်းရှိသည်။ ဝန်ထမ်းများ လုပ်ငန်းစာမေးပွဲအောင်မည်။ နေရာအပြောင်းအရွှ့ရှိသည်။ သတိပြုရန်မှာ ယခုအချိန်သည် ဗုဒ္ဓဟူးသားနှင့် ရာဟုသား နှစ်ဦးလုံး အသက် (၃၃)(၄၄)(၆၆) ရှိသူများ အလွန်သတိထားဆောင်ရွက်ရမည့်အချိန်ဖြစ်သည်။ ထိုအသက်ပိုင်းရှိသူများသည် အိမ်ထောင်ရေး၊စီးပွားရေး၊ကျန်းမာရေးများ အခွန်ထိခိုက်နေတတ်သည်။

အကျိုးပေးဂဏန်း ၄၊ ၉၊ ၆

ယတြာ – ဗုဒ္ဓဟူးနေ့နံနက်တွင် ရွက်လှပန်း(၁၇) ညွှန်ပူဇော်ပါ။

ကြာသပတေး

ယခုအပတ်အတွင်း ကြာသာပတေးသား/သမီးတို့သည် စီးပွားရေးအတွက်စကားပြောဆိုရာတွင် အထူးဆင်ခြင်ပါ။ ခင်မင်သူများ၊အစုရှယ်ယာရှင်များ၊စပ်တူလုပ်သူများ စိတ်ဝမ်းကွဲကိန်းရှိသည်။ လုပ်ငန်းအောင်မြင်ခြင်းအပေါ် မနာလိုသူများမည်၊အတိုက်အခံရှိသည်။ လက်လွန်ထားသောငွေများ မရနိုင်သေးပါ။ ကိုယ်ပိုင်လုပ်ငန်း၊ စပ်တူရှယ်ယာလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ပါ။ အချစ်ရေး၊ အိမ်ထောင်ရေး၊ကံ ကောင်းသည်၊ လက်ထပ်ရန်ရည်ရွယ်သူတို့ အဆင်ပြေမည်။ ဆွေမျိုးသားချင်းနေမကောင်းဖြစ်လိမ့်မည်။ အလုပ်အကိုင်စာမေးပွဲ၊ အင်တာဗျုး ဖြေလျှင် အောင်မည်။ ဝန်ထမ်းများနေရာ ပြောင်းရတတ်သည်။

အကျိုးပေးဂဏန်း ၅၊ ဝ၊ ၃

ယတြာ – ကြာသပတေးနေ့တွင် အိမ်ဘုရားကို ပေါက်ပေါက် လှူပါ။

သောကြာ

ယခုအပတ်အတွင်း သောကြာသား/သမီးတို့သည် စီးပွားရေးအတွက် လူယုံလုံးဝမထားသင့်ပါ။ လူယုံကြောင့် မိမိနှင့် လုပ်ဖော်ကိုင်ဘက်များ၏ အထင်အမြင်လွဲခံရခြင်း ၊ အစွပ်စွဲခံရခြင်း အပြစ်တင်ခံရခြင်းများ ကြုံကိန်းရှိသည်။ လုပ်ငန်းနှင့်ပါတ်သက်ပြီး ခရီးတစ်ခု ရည်ရွယ်ပြီးမှ ပျက်ပြယ်လိမ့်မည်။ အချစ်ရေးတွင် လက်ထပ်ရက်ရွေးပြီးမှ နောက်တစ်ရက်ပြန်ရွေးရတတ်သည်။အိမ်ထောင်ရှင်များ ကောင်းပါသည်။ ကျန်းမာရေးအတွင် ခါးနာခြင်းသတိပြုပါ။ ရည်ရွယ်ချက်အသစ်ဖြင့် အကောင်အထည်ဖော်မှုများ အောင်မြင်လိမ့်မည်။ ဝန်ထမ်းများရာထူးတက်မည်။ အလုပ်အကိုင်ဖြစ်မြောက်မည်။

အကျိုးပေးဂဏန်း ၆၊ ၁၊ ၈

ယတြာ – သောကြာနေ့နံနက်တွင် သစ်သီးအစုံလှူဒါန်းပါ။

စနေ

ယခုအပတ်အတွင်း စနေသား/သမီးတို့သည် စီးပွားရေးအတွက် ရည်ရွယ်ချက်များ ထက်ဝက် အကောင်အထည်ဖော်ဖြစ်မည်။ အလုပ်အကိုင်များ အချို့အဆင်ပြေမည်။ ရေလုပ်ငန်းလုပ်သူများ ပို၍ကောင်းလာမည်။ ထီပေါက်ခြင်း၊ မြေရောင်းမြေဝယ်ခြင်း ဖြစ်လိမ့်မည်။ကျန်မားရေးအတွက် နှလုံးဝေဒနာသတိပြုပါ၊ ဆေးရုံတွင် နှလုံးရောဂါပြနေရသူတို့ သတိထားရမည်။ အလှူအတန်းလုပ်ဖြစ်မည်။ဘာသာရေးအဆောက်အဦးတစ်ခု ပြုပြင်ရလိမ့်မည်။ အချစ်ရေးတွင် စွဲလန်းသူတွေ့မည်။ အိမ်ထောင်ရှိသောသူတို့ အေးစက်နေမည်။ ဝန်ထမ်းများလုပ်ငန်းတိုးတက်မှုရှိမည်။ အင်တာဗျုးအောင်မည်။

အကျိုးပေးဂဏန်း ၇၊ ၉၊ ၂

ယတြာ – စနေနေ့တွင် သံဃာတစ်ပါးအား ထီး ကပ်လှူပါ။

Team ( ရိုးရာလေး )

ဆရာကင်္ကသူ
Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top