စန္ဒသူရိယ နက္ခတ္တဝေဒ ဟောစာတမ်း ( ၂၄-၇-၂၀၂၂ မှ ၃၀-၇-၂၀၂၂) ရက်နေ့အထိ

BayDin24to30.jpg

တနင်္ဂနွေ

ယခုအပတ်တွင် စိတ်ပျော်ရွှင်မှု့ ၊ စိတ်လန်းဆန်းမှုများ မုတ်ချဖြစ်လာလိမ့်မည်။ လွတ်လပ်ပျော်ရွှင်သော ခရီးလမ်းတစ်ခု သွားဖြစ်မည်။ စီးပွားရေးကောင်းလာပြီဖြစ်သည်။ ချစ်သူ ၂ ဦး တစ်ပြိုင်နက် ပေါ်လိမ့်မည်။ အစုရှယ်ယာလုပ်နေသူများအဖို့တော့ အထင်မြင်လွဲစရာ တစ်ခု နှင့် ပြစ်တင်ခံရမှု့ တစ်ခုတော့ကြုံတွေ့ရမည်။ မိဘနှင့်အတူနေ အိမ်ထောင်ရှင်များ အိမ်ခွဲရန်အကြောင်းဖြစ်လာမည်။ ပြောင်းရွှေ့ မှု့ နှင့် ပြောင်းလဲမှု့ တစ်ခု မုချ ဖြစ်လာမည်။ ခါးနာသောဝေဒနာအား အထူးဂရုစိုက်ပါ။ ငွေချေးလိုက်ပါက ပြန်မရနိုင်တော့ပါ။ ပညာရေးအတွက် သင်တန်းတက်နေပါက ကောင်းပါသည်။ဝန်ထမ်းများ အထက်လူကြီး အပြောင်းအလဲ ကြောင့်အလုပ်များနေမည်။

အကျိုးပေးဂဏန်း – ၁ ၊ ၆ ၊ ၈
ယတြာ – တနင်္ဂနွေ နေ့ တွင် ရဟန်းတစ်ပါးအား ငွေ (၉၀၀) လှူပါ။

တနင်္လာ

ယခုအပတ်တွင် ပျော်ရွှင်စရာများ ဝမ်းသာစရာ များနှင့် ကြုံတွေ့ရမည်။ ဘာသာရေးနှင့်ဆိုင်သော ခရီးများ သွားနေရမည်။ စီးပွားရေးလုပ်ငန်းတွင် လိမ်ညာနေသော ရှယ်ယာရှင်နှင့် တွေ့လိမ့်မည်။ ရည်ရွယ်တာ တစ်မျိုး လုပ်နေတာ က တစ်မျိုး ဖြစ်နေရတတ်ပါတယ်။ ကျန်းမာရေး ကတော့ အစာအိမ်ရောဂါ ဖြစ်တတ်သည်။ သူများကိစ္စအာမခံပါက ထိုကိစ္စအတွက် အလုပ် ရှုပ်နေမည်။ ကား၊စက်ပစ္စည်းတစ်ခုအတွက် ရင်မောရတတ်တယ်။ ထီစပ်ထိုးပါ။ သင်ပေါက်ပါလိမ့်မည်။ အချစ်ရေးတွင် ချစ်သူနှင့် အဆင်မပြေဖြစ်နေလိမ့်မည်။ပညာရေးအနေနှင့် လက်မှု့ပညာတစ်ခုခုကို လေ့လာပါ။ အိမ်ထောင်သည်များ ရန်ရှိသည်။ ဝန်ထမ်းများ သင်တန်းတစ်ခုတက်ရလိမ့်မည်။

အကျိုးပေးဂဏန်း – ၅ ၊ ၆ ၊ ၈
ယတြာ – ငါးအရှင်(သို့) ငှက်အရှင် လွှတ်ပါ။

အင်္ဂါ

ယခုအပတ်တွင် အတိုက်အခံ ကြားမှ အောင်မြင်ခြင်းများရမည်။ ညှိနှိုင်းမရသောကိစ္စ ပြေလည်မှု့ရမည်။ လုပ်ငန်းသစ်၊ပညာသစ် ကြုံလာတော့မည်။ အောင်မြင်မှု့ တွေလည်း ဆက်တိုက်ရပါမည်။ စွန့်စားမှု့ နှင့် စူးစမ်းမှုများကြောင့် ဂုဏ်ပြုခံရမည်။ အောင်မြင်မှု့ရမည်။ အချစ်ရေးတွင် တိတ်တိတ်ပုန်း အချစ်တစ်ခုက ရုတ်တရက် ထင်ပေါ်ကျော်ကြားလာလိမ့်မည်။ လျို့ဝှက်ချက် နှင့် လူမသိစေရန် ဖုန်းကွယ်ထားတာခြင်းများ ပေါ်ပေါက်လာတတ်၍ ဂရုစိုက်ပါ။ စက် ပစ္စည်း ယာဉ် ၊ မြေ ပြောင်းလဲမှု့ ရောင်းဝယ်မှု့ တွေဖြစ်လာမည်။ပညာရေးအနေဖြင့် ပြည်ပ ပညာရေးတစ်ခု လေ့လာသင့်သည့်အချိန်ဖြစ်သည်။ အိမ်ထောင်သည်များ အဆင်ပြေမည်။ဝန်ထမ်းများ အဆင်ပြေသောကာလဖြစ်မည်။

အကျိုးပေးဂဏန်း – ၃ ၊ ၆ ၊ ၉
ယတြာ – အင်္ဂါနေ့ နံနက်တွင် ဆွမ်းလောင်းပါ။

ဗုဒ္ဓဟူး

ယခုအပတ်တွင် လှုပ်ရှားမှု၊သွားလာမှု ပြောင်းလဲမှု တိုးတက်မှု များရှိမည်။ ငွေဝင်နည်းပြီး ငွေထွက် ကြမ်းမည်။ ငွေစုလို့မရပါ။ စကားပြောအထူးဆင်ခြင်ပါ။ ယခုအပတ်တွင် ဒေါသကြီးနေတတ်ပြီး ထိုဒေသကြောင့် လုပ်ငန်းနှောင့်နှေးတတ်သည်။ အကြီးအကဲ၏ မြှောက်စားခြင်း ခံရမည်။ ကျန်းမာရေး ကောင်းမည်။ စက် ပစ္စည်း ထွက်မည်။ကတိမတည် ၊ သစ္စာမရှိသော သူတစ်ချို့ နှင့် တွေ့ ပြီးအလိမ်ခံရတတ်သည်။ သူတပါး အရှုပ် ကိုယ့်အရှုပ် ဖြစ်တတ်ပါတယ်။ ပညာရေးကောင်းနေချိန်ဖြစ်သည် ဘာသာစကားနှင့်ဆိုင်သော သင်တန်းတစ်ခုတက်ပါ။အချစ်ရေးတွင် အချစ်သစ်တွေ့တတ်သည်။ အိမ်ထောင်ရေးကောင်းပါသည်။ ဝန်ထမ်းများ အလုပ်ပိနေတတ်သည်။

အကျိုးပေးဂဏန်း – ၄ ၊ ၇ ၊ ၉
ယတြာ – ဗုဒ္ဓဟူးနေ့နံနက်တွင် ခွေး၊ကြောင် များအား ကုသိုလ်ပြုပါ။

ကြာသပတေး

ယခုအပတ်တွင် မသေချာမရေရာသော လုပ်ငန်းများမှ ပီပြင် တိကျမှုရှိသောလုပ်ငန်းများသို့ ပြောင်းလဲခြင်းကို တွေ့ရမည်။ မိမိကိုယ်တိုင် လွတ်လပ်စွာ လုပ်ကိုင်မှု ဖြင့် အောင်မြင်မှု ရလိမ့်မည်။လုပ်ငန်းအတွက် နိုင်ငံခြားခရီး ယာယီ သွားဖြစ်မည်။ အရှုပ်အရှင်း တစ်ခု ဖြေရှင်းရမည်။ ထီပေါက်ခြင်း ၊ အမွေရခြင်း ၊ မြေရောင်းခြင်း တို့ တခုခု ကြောင့် သင်ငွေစုလိုက် ပြုံလိုက် ဝင်လာမည်။ပညာရေးအနေဖြင့် တက္ကသိုလ်ပညာရေးကို လိုက်နေသူများ အဆင်ပြေမည်။ ချစ်သူရှိသူများ အမြန်ဆုံးလက်ထပ်ရတော့မည်။အိမ်ထောင်ရှင်များ သံသယများနေတတ်သည်။ မျက်လုံးဝေဒနာဖြစ်တတ်သည်၊ ဂရုစိုက်ပါ။ ဝန်ထမ်းများ နေရာအပြောင်းအရွေ့ရှိပါသည်။

အကျိုးပေးဂဏန်း – ၅ ၊ ၆ ၊ ၈
ယတြာ – နွမ်းပါးသူကို အဝတ်အထည်များ လှူဒန်းလိုက်ပါ။

သောကြာ

ယခုအပတ်တွင် မိမိလုပ်ကိုင်ရသော အလုပ်တွင် တဇွတ်ထိုး လုပ်ကိုင်မှု့ တယူဿန် စိတ်ထားရှိမှု့ ဖြင့် လုပ်ဆောင်မှု့ များ အထူးဆင်ခြင်ပါ။ လျို့ဝှက် စွာ လုပ်ဆောင်သွားလာမှု ကို သင်လုပ်ဆောင်ရပါက အထူးသတိထားပါ။ သင့်ရဲ့ စိတ်ကိုထိန်းပါ။ မစဉ်းစားဘဲ လုပ်ဆောင်ပါက မှားယွင်းမှု့ နှင့် လွဲချော်မှု ဖြစ်တတ်ပါတယ်။ လက်ရှိအလုပ်မှ ရုန်းထွက်ချင်နေသည်။ ပညာရေးအနေနှင့် သတိထားပါ တက်ရောက်သင်ကြားနေသောပညာရေး ခါးပြတ်သွားတတ်သည်။ချစ်သူများ ရုတ်တရက် အိမ်ထောင်ကျမည်။ စက်ပစ္စည်း ဝင်ခြင်း၊ထွက်ခြင်းတို့ဖြစ်တတ်တယ်။ ဝန်ထမ်းများ အထက်အလူကြီးနှင့် အဆင်မပြေဖြစ်တတ်သည်၊သတိပြုပါ။

အကျိုးပေးဂဏန်း – ၁ ၊ ၆ ၊ ၈
ယတြာ – သောကြာနေ့ နံနက်တွင် ရဟန်းတစ်ပါးအား ငွေ(၆၀၀) ကျပ်လှူပါ။

စနေ

ယခုအပတ်တွင် ရည်ရွယ်ချက်များ ရည်မှန်းချက်များ အကောင်အထည် ဖော်ဖြစ်မည်။ ဖြေထားသည့် စာမေးပွဲများ အောင်မြင်မည်။ ရည်ရွယ်ချက်တူသူနှင့် စပ်တူစီးပွားရေးထူထောင် ဖြစ်လာမည်။ မိတ်ဆွေ အပေါင်းအသင်းတို့၏အကူအညီ ရမည်။ စုပေါင်း စပ်ပေါင်း အလုပ်များ လုပ်ရမည်။ အချစ်ရေးတွင် ညံ့သဖြင့် ချစ်သူနှင့် အဆင်မပြေဖြစ်မည်။ အိမ်ထောင်သည်တို့အဆင်ပြေမည်။ ပညာရေး နှောင်းနှေးမည် တက်ရောက်ရန်ရှိသည့်သင်တန်းများ မတက်ရောက်နိုင်ဘဲ ရှိတတ်သည်။ဆိုင်ဖွင့်ထားသူများ ဝင်ငွေကောင်းလာမည်။ ယာဉ် အပြောင်းအလဲ ဖြစ်မည်။မျက်လုံးရောဂါသတိပြုပါ။ ထီထိုးပါ ထီပေါက်နိုင်သည်။ ဝန်ထမ်းများ မိမိထက် တစ်ဆင်ငယ်သောသူကြောင့် စိတ်ညစ်ရလိမ့်မည်။

အကျိုးပေးဂဏန်း – ၇ ၊ ၀ ၊ ၄
ယတြာ – စနေနေ့ နံနက်တွင် ငှက်လွတ်ပြီး လိုရာဆုတောင်းပါ။

Team ( ရိုးရာလေး)

ဆရာကင်္ကသူ (Ph- 09-2550 68533)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top