အရွယ်နဲ့မလိုက်အောင် ခန္ဓာကိုယ်အတွက် အပြင်းအထန်လေ့ကျင့်နိုင်တဲ့ ၁၂ နှစ်သားလေး

7.4.2023-yyl-iamge-12.jpg

ဘရားဇီးနိုင်ငံက အသက် ၁၂ နှစ်အရွယ် ကာဇင်ဟို နယ်တိုဆိုတဲ့ ကောင်လေးဟာ အရွယ်ရောက်ပြီးသားသူတွေနဲ့နည်းတူ ခန္ဓာကိုယ်တောင့်တင်းအောင် အပြင်းအထန်လေ့ကျင့်နိုင်တဲ့အတွက် ဟီးရိုးဇာတ်ကောင်အစိမ်းရောင်လူသားဖြစ်တဲ့ Hulk အသေးစားလေးလို့ ခေါ်ဝေါ်ခံနေရပါတယ်။

ကာဇင်ဟိုက ပုံမှန်လေ့ကျင့်ခန်းအနေနဲ့ မနက် ၅ နာရီထပြီး ၃ မိုင်ပြေးတယ်။ ပြီးရင် ထိုင်ထလုပ်တယ်။ မနက်ခင်းလေ့ကျင့်ခန်းလုပ်ပြီးရင် မနက်စာစား၊ ကျောင်းသွားတတ်တယ်။ ကျောင်းကပြန်ရောက်တာနဲ့ အိမ်စာလုပ်တယ်။ အဲ့ဒီနောက် ည ၉ နာရီ အိပ်ရာမဝင်ခင် တစ်နေ့တာရဲ့ ဒုတိယမြောက်ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းဖြစ်တဲ့ ၂ နာရီ ခွဲကြာ CrossFit Weight Training ပြီးအောင်လုပ်ပါတယ်။

သူ့ကိုယ်လေးချိန်ထက် ၃ ဆ ရှိတဲ့ ဝိတ်ကို မနိုင်တဲ့ ကာဇင်ဟိုဟာ ၂၀၂၁ ခုနှစ်ကမှ ခန္ဓာကိုယ်တောင့်တင်းအောင် လေ့ကျင့်ခန်းတွေ စလုပ်ဖြစ်ခဲ့တာပါ။ သူ့အဖေကာလို့စ်ရဲ့Gym ကို သူ ပါသွားတဲ့အချိန်ကပါ။ ကာဇင်ဟိုက မတ်တပ်ရပ်ပြီးအလေးမတာ၊ ထိုင်ထလုပ်တာ၊ အိပ်လျက်တွန်းအလေးမတာ၊ လက်မောင်းကြွက်သားအတွက် အလေးတုံးလေးတွေမတာတွေလုပ်ဖြစ်ပါတယ်။

သူ ဝါသနာပါတဲ့ ဘောလုံးကန်တာကို စွန့်လွှတ်ပြီး Crossfit Oxente gym မှာ အရွယ်ရောက်ပြီးသားလူတွေနဲ့အတူ ကစားဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သူ့အဖေ ကာလို့စ်က ဆိုပါတယ်။ အခုတော့ ကာဇင်ဟိုက ဘောလုံးကို အပျော်အနေနဲ့ ကန်ဖြစ်ပါတယ်။

ကာဇင်ဟိုက နည်းစနစ်များစွာကို မြန်မြန်ဆန်ဆန်လေ့လာသင်ယူခဲ့ပြီး သူ့ရဲ့ကြွက်သားတွေတောင့်အောင်လုပ်ခဲ့ပါတယ်။ သူက အပျော်တမ်း LPO အိုလံပစ်အလေးမချန်ပီယံပြိုင်ပွဲမှာလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး တတိယနေရာရခဲ့ပါတယ်။ လက်ရှိမှာတော့ သူ့ရဲ့ ကိုယ်အလေးချိန်က ၃၇ ကီလိုဂရမ်ရှိပြီး ဝိတ် ၉၂ ကီလိုဂရမ် မနိုင်ပါတယ်။

Ref: Ripped 12-year-old dubbed ‘Mini Hulk’ thanks to a training regime that would break most adult athletes

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top