ကိုဗစ်-၁၉ ဇစ်မြစ်ကို စုံစမ်းစစ်ဆေးမယ့် WHO သိပ္ပံပညာရှင်အဖွဲ့ ဝူဟန်မြို့သို့ ရောက်ရှိ

14-1-2021-yyl11.jpg

ကိုဗစ်-၁၉ ကပ်ရောဂါရဲ့ ဇစ်မြစ်ကို စုံစမ်းစစ်ဆေးမယ့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO)ရဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကတော့ ဒီနေ့ ( ဇန်နဝါရီလ ၁၄ ရက်) နံနက်ပိုင်းမှာပဲ တရုတ်နိုင်ငံ ဝူဟန်မြို့သို့ ရောက်ရှိခဲ့ပါပြီ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်နဲ့ တရုတ်နိုင်ငံကြား လနဲ့ချီ ဆွေးနွေးခဲ့ပြီးနောက်မှာ ကာလရှည် စောင့်မျှော်ခဲ့ရတဲ့ စုံစမ်းစစ်ဆေးမှု စတင်ဖို့ ဖြစ်လာခဲ့တာပါ။ ဒါပေမဲ့ သိပ္ပံပညာရှင်အဖွဲ့ဟာ ၂ ပတ်ကြာ အသွားအလာ ကန့်သတ်မှုခံယူပြီးမှ သုတေသနတွေ စတင်နိုင်မှာ ဖြစ်ပါတယ်။

သိပ္ပံပညာရှင် ၁၀ ယောက်ပါတဲ့ WHO စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ သုတေသနအဖွဲ့တွေ၊ ဆေးရုံတွေ၊ ရောဂါစတင်ကူးစက်ပျံ့နှံ့ခဲ့တဲ့ ပင်လယ်စာဈေးကွက်က လူတွေကို တွေ့ဆုံမေးမြန်းသွားမှာပါ။ စုံစမ်းစစ်ဆေးရေးအဖွဲ့ ရောက်ရှိလာချိန်ဟာ တရုတ်နိုင်ငံမြောက်ပိုင်းမှာ ကိုဗစ်လူနာသစ် တွေ့ရှိမှု တစ်ကျော့ပြန် မြင့်တက်လာတာနဲ့ တိုက်ဆိုင်နေပါတယ်။

၂၀၁၉ ခုနှစ်နှောင်းပိုင်းက ဝူဟန်မြို့မှာ စတင်ကူးစက်ပျံ့နှံ့ခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါကြောင့် ကမ္ဘာတစ်ဝန်းမှာ ရောဂါကူးစက်ခံရသူ ၉၂ သန်းကျော်၊ သေဆုံးသူ ၁၉ သန်းကျော် ရှိနေပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံကတော့ သူတို့နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ စတင်ပြန့်ပွားခဲ့တာမဟုတ်ဘူးလို့ ငြင်းဆန်ထားပါတယ်။

Ref: BBC ” Covid: WHO team probing origin of virus arrives in China “
Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top