ဆိုင်ကယ်မောင်းပြီးကမ္ဘာပတ်မယ့်ခရီးစဉ်ကို စတင်နေပြီဖြစ်တဲ့ မြန်မာလူငယ်နှစ်ဦး

61500473_841385339557860_2368000364331925504_n.jpg

ဘီအမ်ဒဗလျူမော်တော်ဆိုင်ကယ်တွေနဲ့ မိုင်ပေါင်း (၃) သောင်းကျော်မောင်းနှင်ပြီး နိုင်ငံပေါင်း (၃၀) ကိုဖြတ်သန်းကာကမ္ဘာပတ်မယ့်ခရီးစဉ်တစ်ခုကို မြန်မာလူငယ် (၂) ဦးဖြစ်တဲ့ ကို Zom Pha နဲ့ ကိုအောင်ကျော် တို့က စတင်နေပြီဖြစ်ပါတယ်။

သူတို့က မေလ(၂၆) ရက်နေ့မှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရရဲ့ခွင့်ပြုချက်နဲ့ ပြည်သူ့ဥယျာဉ်ရှေ့ကနေ ဒီခရီးစဉ်ကို စတင်ခဲ့တာပါ။

မေလ(၂၆) ရက်နေ့မှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရရဲ့ခွင့်ပြုချက်နဲ့ ပြည်သူ့ဥယျာဉ်ရှေ့ကနေ ခရီးစဉ်ကို စတင်ခဲ့

ပုပ္ပားကိုဖြတ်သန်းစဉ်အမှတ်တရ

လက်ရှိမှာ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့ကိုဖြတ်သန်းပြီး ထိုင်းနိုင်ငံဆီ ရောက်ရှိနေကြပါပြီ။ သူတို့ရဲ့ Motourlounge ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာလည်း မြန်မာ၊ ထိုင်း၊ လာအို သုံးနိုင်ငံဆုံရာဒေသဖြစ်တဲ့ ရွှေတြိဂံကိုရောက်ရှိတဲ့ အမှတ်တရဓာတ်ပုံတွေကို တင်ထားပါတယ်။

Motourlounge ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာလည်း မြန်မာ၊ ထိုင်း၊ လာအို သုံးနိုင်ငံဆုံရာဒေသဖြစ်တဲ့ ရွှေတြိဂံကိုရောက်ရှိတဲ့ အမှတ်တရဓာတ်ပုံတွေကို တင်ထား

သူတို့ဟာ ထိုင်းနိုင်ငံကနေ လာအိုနိုင်ငံထဲဆက်လက်ဖြတ်သန်းပြီး တရုတ်နိုင်ငံဘက်ကနေ ဆက်လက်ခရီးနှင်မှာဖြစ်ပါတယ်။

အင်္ဂလန်ထိ ခရီးနှင်မယ်လို့သိရပြီး ခရီးဆုံးနေရာ လန်ဒန်မြို့ကိုရောက်ဖို့ (၃) လကနေ (၅) လောက်ကြာမြင့်မယ်လို့ မှန်းထား

တရုတ်ကနေမှ မွန်ဂိုးလီးယားနိုင်ငံ၊ အဲဒီနောက် ရုရှားနိုင်ငံကိုခရီးဆက်မှာဖြစ်ပြီး ရုရှားကနေတစ်ဆင့် ဥရောပတိုက်ကိုသွားရောက်ကြမှာပါ။ ဂျာမနီ – ပြင်သစ် – အင်္ဂလန်ထိ ခရီးနှင်မယ်လို့သိရပြီး ခရီးဆုံးနေရာ လန်ဒန်မြို့ကိုရောက်ဖို့ (၃) လကနေ (၅) လောက်ကြာမြင့်မယ်လို့ မှန်းထားကြောင်း ဆိုင်ကယ်ခရီးနှင်နေကြတဲ့ မြန်မာလူငယ်နှစ်ဦးက ဆိုပါတယ်။

လွန်ခဲ့တဲ့ နှစ် (၆၀) ကျော်လောက်တုန်းကလည်း အခုလိုဆိုင်ကယ်စီးပြီးကမ္ဘာပတ်ခဲ့တဲ့ ကမ္ဘာလှည့်တင်တင်စိန် အမည်ရ မြန်မာအမျိုးသမီးကြီးတစ်ဦးရှိခဲ့ဖူးပါသေးတယ်။

Photos – MOTOURLOUGE
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top