သူ့ရဲ့ကား ၆ စီးကို giveaway ပေးနေတဲ့ ရောဘတ် ဒေါင်းနီ ဂျူနီယာ

4.8.23-yyl-1.jpg

“Iron Man” အဖြစ် လူသိများတဲ့ မင်းသားကြီး ရောဘတ်ဒေါင်းနီ ဂျူနီယာက သူ့ရဲ့ကိုယ်ပိုင်စုဆောင်းမှုတွေထဲက ဂန္တဝင်ကား ၆ စီးကို giveaway ပေးမယ့်အကြောင်း သူ့ရဲ့အင်စတာဂရမ်ကတဆင့် ထုတ်ပြောကြားခဲ့ပါတယ်။ “မင်းတို့ မကြားရသေးဘူးထင်တယ်။ ကျွန်တော့်ရဲ့ကားတချို့ကို giveaway ပေးနေပါတယ်”လို့ သူ့ရဲ့အင်စတာဂရမ် Stories မှာ ကား ၆ စီးထဲက တစ်စီးပေါ်မှာ ထိုင်နေတဲ့ သူ့ရဲ့ပုံနဲ့အတူ တင်ခဲ့တာပါ။

Giveaway ပေးမယ့်ကားအမျိုးအစားတွေကတော့ 1965 Chevrolet Corvette၊ 1966 Buick Riviera၊ 1969 Mercedes-Benz 280SE၊1972 Chevrolet K10 Pickup၊ 1972 VW Bus၊ 1985 Chevrolet El Camino တို့ပါ။ အမေရိကန်၊ ဗြိတိန်နဲ့ကနေဒါနိုင်ငံတွေမှာ နေထိုင်တဲ့ အသက် ၁၈ နှစ်ကျော်တဲ့မည်သူမဆို RDJ Dream Cars Sweepstakes Website (https://rdjdreamcars.com/) မှာ ပါဝင်ကံစမ်းနိုင်ပါတယ်။ ပံ့ပိုးကူညီသူက ပရဟိတဖောင်းဒေးရှင်းတွေ လုပ်ဆောင်နေတဲ့ Edward Charles Foundation အဖြစ် စာရင်းသွင်းထားပါတယ်။

ဂန္တဝင်ကားတွေကို ပြန်လည်ပြုပြင်ပေးတဲ့ Downey’s Dream Cars အမည်နဲ့ Max ပရိုဂရမ်တစ်ခုလည်း ရှိတဲ့ ရောဘတ်ဒေါင်းနီက ကားတွေကို သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်အောင် ပြန်လည်ပြုပြင်ထားတယ်လို့ ရှင်းပြထားပါတယ်။

ကားကံထူးရှင်ရွေးချယ်မှုက ဇွန်လ ၁၆ ရက်နေ့က စတင်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဇူလိုင် ၁၆ ရက်နေ့မှာ အဆုံးသတ်မှာပါ။ ကားမဲပေါက်ဖို့အခွင့်အလမ်းက လက်ခံရရှိတဲ့ဝင်ခွင့်နံပါတ်ပေါ်မူတည်ပါတယ်။

Ref: Robert Downey Jr. is giving away 6 of his ‘dream cars’

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top