Dunce 3 ဇာတ်ကားမှာ ဗီလိန်ဇာတ်ရုပ်အဖြစ် ပါဝင်လာနိုင်ဖွယ်ရှိတဲ့ ရောဘတ်ပတ်တင်ဆန်

robert.jpg

ဒါရိုက်တာ ဒန်နစ် ဗီလ်လန်ဗီရဲ့ထင်ရှားကျော်ကြားတဲ့သိပ္ပံဇာတ်လမ်းရဲ့နောက်ဆုံးအခန်းဖြစ်တဲ့ Dune 3 ဇာတ်ကားမှာ မင်းသား ရောဘတ်ပတ်တင်ဆန်ကို ပါဝင်ဖို့ ပြောဆိုဆွေးနွေးဖို့လုပ်နေတယ်လို့ သိရပါတယ်။ တရားဝင်ကမ်းလှမ်းချက်မရှိသေးပေမဲ့ ဒါရိုက်တာ ဒန်နစ်က ရောဘတ်ပတ်တင်ဆန်ကို ဗီလိန်ဇာတ်ရုပ်ဖြစ်တဲ့ Scytale နေရာအတွက် မျက်စိကျနေပါတယ်။

လက်ရှိမှာ ဒန်နစ်က Dune 3 ဇာတ်ညွှန်းကို အပြီးသတ်နေပြီး အခုနွေရာသီမှာ ရိုက်ကူးရေးစတင်ဖို့ စီစဉ်ထားတာပါ။ သူ့ရဲ့ Dune 1 နဲ့ Dune 2 ဇာတ်ကားတွေက အောင်မြင်မှုများစွာရရှိထားပြီး ကမ္ဘာ့တစ်ဝှမ်းမှာ ဝင်ငွေ ဒေါ်လာ ၁.၁၂ ဘီလျံကျော်စီလည်း ရရှိထားတာပါ။

ဒီဇာတ်ကားအသစ်မှာ ရောဘတ်ပတ်တင်ဆန် ပါဝင်ဖို့ အတည်ပြုခဲ့မယ်ဆိုရင် ပတ်တင်ဆန်က လက်ရှိရိုက်ကူးနေတဲ့ ဇာတ်ကားတွေပြီးတဲ့နောက်မှာ ပါဝင်သရုပ်ဆောင်မှာဖြစ်ပါတယ်။

Ref: Robert Pattinson in Talks for Villain Role in Dune 3 as Scytale

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply