COVID-19 ဖြစ်ပွားနေတဲ့အတွက် ဂျပန်ကျောင်းသား/သူတွေအစား စက်ရုပ်တွေကို ဘွဲ့တက်ယူစေခဲ့

8-4-2020-yyl-021.jpg

ဂျပန်နိုင်ငံမှာ နွေဦးရာသီအချိန် ကျင်းပလေ့ရှိတဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားတွေကို ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေတဲ့အတွက် ဖျက်သိမ်းလိုက်ရပါတယ်။ ဒါပေမဲ့ ဂျပန်နိုင်ငံရဲ့တက္ကသိုလ်တစ်ခုက ကျောင်းသား/သူတွေကတော့ အိမ်မှာပဲ သူတို့ရဲ့ကိုယ်စား ဘွဲ့တက်ယူပေးမယ့် စက်ရုပ်တွေကို ထိန်းချုပ်ရင်းနဲ့ ဘွဲ့ယူနိုင်ခဲ့ပါတယ်။

တိုကျိုမြို့က Business Breakthrough University မှာ Developer ANA Holdings က “Newme”လို့ အမည်နာမပေး စက်ရုပ်တွေက ဘွဲ့အခမ်းအနားအတွက် ဘွဲ့ဝတ်စုံ၊ ဘွဲ့ဦးထုပ်တွေကို ဝတ်ဆင်ထားပါတယ်။ စက်ရုပ်တွေရဲ့မျက်နှာတွေ ဘွဲ့ယူမယ့်ကျောင်းသား/သူတွေရဲ့မျက်နှာကို ပြသထားတဲ့ tabletတွေဖြစ်ပါတယ်။ အဲဒီကျောင်းသား/သူတွေက အိမ်မှာပဲ log in လုပ်ပြီး သူတို့ရဲ့လက်တော့စ်ကနေ တဆင့် စက်ရုပ်တွေကို ထိန်းချုပ်ရတာဖြစ်ပါတယ်။

စက်ရုပ်တွေက သူတို့ရဲ့ဒီပလိုမာဘွဲ့ကို ယူဖို့အတွက် စင်ပေါ်ကို မော်တာနဲ့ရွှေ့ပြီးသွားရပါတယ်။ ကျောင်းဝန်ထမ်းတွေက လက်ခုပ်တီးပေးပြီး “Congratulations” လို့ပြောပေးကြပါတယ်။ ကျောင်းဥက္ကဌ ကန်နီချီ အိုမေးက ဒီပလိုမာဘွဲ့လက်မှတ်တွေကို စက်ရုပ်ရဲ့ရှေ့ဘက်မှာ တပ်ဆင်ထားတဲ့ စင်ပေါ်မှာ ထားပေးရပါတယ်။ “ကျွန်တော်ရဲ့ကိုယ်ပိုင်နေရာမှာ ရှိနေတုန်း အများပြည်သူတွေရှိတဲ့နေရာမှာ ဘွဲ့လက်မှတ်ကို လက်ခံရတဲ့အတွက် တကယ်ကို ဆန်းသစ်တဲ့အတွေ့အကြုံဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်” လို့ စက်ရုပ်က ဒီပလိုမာဘွဲ့ယူနေတဲ့အခါမှာ ကွန်ပျူတာကနေ တဆင့် ကျောင်းသား ကာဇူကီ တာမူရာက ပြောခဲ့ပါတယ်။

ဒီနည်းလမ်းက လူစုလူဝေးတွေကို ရှောင်ရှားချင်တဲ့ အခြားကျောင်းတွေကလည်း အတုယူနိုင်မယ်လို့ တက္ကသိုလ်က မျှော်လင့်ထားပါတယ်။ ဒါပေမဲ့ ကပ်ရောဂါဖြစ်ပွားနေစဉ်အတွင်းမှာ စက်ရုပ်တွေက Social distancing ကို လေ့ကျင့်နိုင်ဖို့အတွက် တက္ကသိုလ်က ဘွဲ့နှင်းသဘင်အခမ်းအနားကို ကျောင်းသား/သူအကန့်အသတ်နဲ့ပြုလုပ်ခဲ့ပါတယ်။

Ref: Robots replace Japanese students at graduation amid coronavirus

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top