ကမ္ဘာ့အသေးငယ်ဆုံး၊ ဈေးအသက်သာဆုံး ၂ ခန်းပါ လျှပ်စစ် Truck ကား

13.6.23-yyl-2.jpg

လူစီးခန်း ၂ ခန်းပါ လျှပ်စစ် Truck ကား(double-cabin truck) တွေထဲမှာတော့ တရုတ်နိုင်ငံထုတ် ရှန်မန်ဂီယာကားက အသေးငယ်ဆုံး၊ ဈေးအသက်သာဆုံးပါပဲ။ မြန်မာငွေ သိန်း ၈၀ ကျော် ( အမေရိကန်ဒေါ်လာ ၂၉၂၀)ပဲ ကျသင့်မှာဖြစ်ပြီး Alibaba ကနေ မှာယူရင် ရက် ၂၀ အတွင်း အိမ်အရောက် ပို့ပေးမယ်လို့ ဆိုပါတယ်။

ရှန်မန်ဂီယာကားဟာ တပ်ဆင်မယ့်ပစ္စည်းတွေအပေါ် မူတည်ပြီး အလေးချိန် ၆၈၀ ကီလိုဂရမ်ကနေ ၇၈၅ ကီလိုဂရမ်ကြား ရှိပါတယ်။ ကားထဲမှာတော့ လေအေးပေးစက်၊ လေပူထုတ်စက် တပ်ဆင်ထားခြင်းမရှိပါဘူး။ တပ်မယ်ဆိုရင် ဒေါ်လာ ၃၂၀ ထပ်ပေးရပါမယ်။ မောင်းနှင်နိုင်တဲ့ ခရီးအကွာအဝေး ပိုများအောင် ပိုကောင်းတဲ့ဘက်ထရီလည်း တပ်လို့ ရပါတယ်။ ဒါဆိုရင်တော့ ရှန်မန်ဂီယာကားတန်ဖိုးက ဒေါ်လာ ၅၀၀၀ နား ကပ်သွားမှာပါ။

တစ်နာရီ ၃၄ မိုင်နှုန်းအထိပဲ မောင်းနှင်နိုင်ပြီး နဂိုပါတဲ့ ကားဘက်ထရီကတော့ ကီလိုမီတာ ၈၀ အကွာအဝေးအထိပဲ မောင်းတာ အကောင်းဆုံးလို့ ထုတ်လုပ်တဲ့ကုမ္ပဏီက ဆိုပါတယ်။ အဓိကအရေးအကြီးဆုံး အချက်ကတော့ ရှန်မန်ဂီယာကားမှာ လေအိပ်၊ ၃ ချက် ထိုင်ခုံခါးပတ်တွေ ပါဝင်ခြင်းမရှိတဲ့အတွက် လမ်းပေါ်မှာ မောင်းနှင်ဖို့ စိတ်ချယုံကြည်ရတဲ့ အနေအထား ရှိ၊ မရှိ စစ်ဆေးဖို့ လိုအပ်ပါလိမ့်မယ်။

Ref: Xian Mangia – The World’s Smallest and Cheapest Electric Double-Cabin Truck

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top