ဆိုလာစနစ်နဲ့ရေအပူပေးစက်ကို တီထွင်နိုင်ခဲ့တဲ့အသက် (၈) နှစ်ကလေးမလေး

yyl-012-4.jpg

မက္ကဆီကိုနိုင်ငံက အသက် (၈) နှစ်သာရှိသေးတဲ့ ဇိုချီတယ် ဂွာဒါလူပီ ခရုဇ် (Xochitl Guadalupe Cruz) ဆိုတဲ့ကလေးမလေးက ရေကို အပူပေးနိုင်တဲ့ဆိုလာစနစ်နဲ့ကိရိယာတစ်ခုကို တီထွင်နိုင်ခဲ့ပါတယ်။ အဲဒီလိုတီထွင်နိုင်ခဲ့တာကြောင့် နမီးဘီးယားတက္ကသိုလ်က ပေးအပ်တဲ့ Nuclear Science ဆုကိုလည်း ရရှိခဲ့ပါတယ်။

ဒီကိရိယာကို ပြန်လည်အသုံးပြုလို့ရတဲ့ပစ္စည်းတွေနဲ့ တီထွင်ထားတယ်လို့ သိရပါတယ်။ ဇိုချီတယ်ရဲ့တီထွင်မှုက ဖွံ့ဖြိုးတိုးတက်ပြီး ချမ်းသာကြွယ်ဝတဲ့နိုင်ငံတွေမှာ လိုအပ်ချင်မှလိုအပ်ပါလိမ့်မယ်။ ဒါပေမဲ့ သူ နေတဲ့မြို့မှာတော့ ရေပူကိုရရှိဖို့ ထင်းတုံးတွေ၊ သစ်တုံးတွေကိုခုတ်ထစ်ပြီး မီးဖိုရပါတယ်။ အဲဒီလိုလုပ်ရတဲ့အတွက် ပတ်ဝန်းကျင်ကို မီးခိုးငွေ့တွေ ထုတ်လွှင့်နေရသလို သစ်တောပြုန်းတီးမှုကိုလည်း ဦးတည်နေပါတယ်။

ဇိုချီတယ်က သိပ္ပံဆိုင်ရာပရောဂျက်တွေနဲ့ ပြိုင်ပွဲတွေမှာပါဝင်ရတာကို နှစ်သက်တဲ့သူပါ။ သူ့ရဲ့နည်းပညာနဲ့ပတ်သက်တဲ့အသိပညာတွေကို ပထမဆုံး အိမ်မှာ၊ နောက်ပိုင်းကျရင် တစ်ကမ္ဘာလုံးမှာ အကျိုးရှိရှိအသုံးပြုချင်ခဲ့ပါတယ်။ ဒီဆိုလာစနစ်နဲ့ ရေအပူပေးစက်က ရေအပူပေးဖို့အတွက် သစ်တုံးတွေ၊ ထင်းတုံးတွေ အားကိုးနေရတဲ့လူသန်းပေါင်းများစွာကို ကူညီပေးနိုင်စွမ်းရှိပါတယ်။ အသုံးပြုသူတွေက ဆောင်းတွင်းမနက်ခင်းမှာ ရေနွေးနွေးလေးနဲ့ရေချိုးနိုင်ကြမဲ့အပြင် ပတ်ဝန်းကျင်ကိုလည်း ကယ်တင်ပေးရာရောက်ပါတယ်။

ဇိုချီတယ်ရဲ့မိသားစုကတော့ သူတို့ရဲ့အိမ်ခေါင်းမိုးမှာ သူ့ရဲ့ကိရိယာလေးကို တပ်ဆင်ထားပြီး သူ့အိမ်အတွက် ရေပူရရှိအောင်ကူညီပေးနေပါတယ်။ ဒီလိုတီထွင်ဆန်းသစ်နိုင်တဲ့၊ ထူးချွန်ထက်မြတ်တဲ့ကလေးတွေရှိနေသရွေ့တော့ အနာဂတ်ဟာ တောက်ပနေမှာဖြစ်ပါတယ်။

Ref: Truththeory “8 Year-Old Mexican Girl Wins Nuclear Sciences Prize For Inventing A Solar Water Heater”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top