ကမ္ဘာ့ အင်အားအကြီးဆုံး Passport များ

yyl-7-9-014.jpg

ကမ္ဘာ့ အင်အားအကြီးဆုံး passport ဆိုသည်မှာ နိုင်ငံတစ်ခု၏ passport ကိုင်ဆောင်သူများ အနေဖြင့် အခြားနိုင်ငံများသို့ visa လွတ်ကင်းစွာ သွားရောက်လည်ပတ် နိုင်ခြင်းဖြင့် တိုင်းတာသည်။ ထိုတိုင်းတာချက်အရ ၂၀၁၉ ခုနှစ်တွင် ကမ္ဘာ့ အင်အားအကြီးဆုံး passport အဖြစ် ဂျပန် နှင့် စင်ကာပူ နိုင်ငံသည် ပူးတွဲ သတ်မှတ်ခံရသည်။
ဂျပန် နှင့် စင်ကာပူ နိုင်ငံသား passport ကိုင်ဆောင်သူများသည် စုစုပေါင်း နိုင်ငံ ၁၈၉ နိုင်ငံသို့ visa လွတ်ကင်းစွာ သွားရောက်လည်ပတ် နိုင်သည်။

ဂျာမနီ၊ တောင်ကိုရီးယား နှင့် ဖင်လန် နိုင်ငံတို့သည် ဒုတိယ အင်အားအကြီးမားဆုံး passport အဖြစ်သတ်မှတ်သည်။ ထိုသုံးနိုင်ငံသည် စုစုပေါင်း ၁၈၇ နိုင်ငံသို့ visa လွတ်ကင်းစွာ သွားရောက်လည်ပတ် နိုင်သည်။

ဒိန်းမတ်၊ အီတလီ နှင့် လုဇန်းဘတ် နိုင်ငံတို့သည် တတိယ အင်အားအကြီးမားဆုံး passport အဖြစ်သတ်မှတ်ခံရပြီး စုစုပေါင်း ၁၈၆ နိုင်ငံသို့ visa လွတ်ကင်းစွာ သွားရောက်လည်ပတ် နိုင်သည်။

ပြင်သစ်၊ ဆွီဒင် နှင့် စပိန် နိုင်ငံတို့သည် စတုတ္ထ အင်အားအကြီးမားဆုံး passport အဖြစ်သတ်မှတ်ခံရပြီး စုစုပေါင်း ၁၈၅ နိုင်ငံသို့ visa လွတ်ကင်းစွာ သွားရောက်လည်ပတ် နိုင်သည်။

သြစတြိယ၊ နယ်သာလန်၊ ပေါ်တူဂီ နှင့် ဆွတ်ဇာလန် နိုင်ငံတို့သည် ပဥ္စမ အင်အားအကြီးမားဆုံး passport အဖြစ်သတ်မှတ်ခံရပြီး စုစုပေါင်း ၁၈၄ နိုင်ငံသို့ visa လွတ်ကင်းစွာ သွားရောက်လည်ပတ် နိုင်သည်။

US နှင့် UK passport တို့သည် top five စာရင်း မဝင်သောလည်း နံပါတ်ခြောက် အင်အားအကြီးဆုံး passport နေရာတွင် တည်ရှိပြီး စုစုပေါင်း ၁၈၃ နိုင်ငံသို့ visa လွတ်ကင်းစွာ သွားရောက်လည်ပတ် နိုင်သည်။

တပြိုင်နက်တည်းမှာပင် မလေးရှား passport သည် နံပါတ်ဆယ့်သုံး အင်အားအကြီးဆုံး passport နေရာတွင် တည်ရှိပြီး စုစုပေါင်း ၁၈၃ နိုင်ငံသို့ visa လွတ်ကင်းစွာ သွားရောက်လည်ပတ် နိုင်သည်။

မေ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top