၂၀၁၈တွင် မျိုးသုဥ်း ပျောက်ကွယ်တော့မည် ဘေးအန္တရာယ် နှင့် ရင်ဆိုင်နေရသည်ဟု ထုတ်ပြန်ထားသည့် တရိစ္ဆာန် မျိုးစိတ်များ (၂၀၁၉ ခုနှစ်တွင် လုံးဝ ပျောက်ကွယ် သွားမည်ဟု ခန့်မှန်း)

yyl-7-9-015.jpg

ကမ္ဘာပေါ်ရှိ သက်ရှိသက်ဝါများ ကြုံတွေ့ရမည့် အဆိုးရွားဆုံးသော နောက်ဆုံးဖြစ်စဉ်မှာ မျိုးသုဉ်း ပျောက်ကွယ်ခြင်းပင် ဖြစ်သည်။ စိတ်မကောင်းစွာဖြင့်ပင် တရိစ္ဆာန်များ မျိုးသုဉ်း ပျောက်ကွယ်မှုနှုန်းသည် နှစ်စဉ် မြင့်တက်၍ နေသည်။ သိပ္ပံပညာရှင်များသည် လူသားများ ကမ္ဘာ့နေရာ အနှံ့အပြားတွင် ဖြန့်ကြက်နေထိုင်ကာ သတ်ဖြတ်စားသုံးခြင်း၊ တရားမဝင် ဖမ်းဆီး မှောင်ခိုပြုခြင်း၊ သစ်တောများ ပြုန်းတီးလာခြင်း၊ ရာသီဥတု ဖောက်ပြန်လာခြင်း၊ တောမီးများလောင်ကျွမ်းခြင်း တို့ကြောင့် တရိစ္ဆာန်များ မျိုးသုဉ်း ပျောက်ကွယ်မှုနှုန်းသည် ကြီးမားသော ဖြစ်ရပ်တစ်ခု ဖြစ်လာသည် ဟုဆိုသည်။

International Union for Conservation of Nature (IUCN) သည် ကမ္ဘာပေါ်ရှိ သဘာဝ သက်ရှိ မျိုးစိတ်များကို ထိန်းသိမ်း စောင့်ရှောက်သော အဖွဲ့အစည်း တစ်ခုဖြစ်သည်။ (IUCN) တွင် ကမ္ဘာပေါ်ရှိ မျိုးသုဉ်းပျောက်ကွယ် သွားပြီဖြစ်သော မျိုးစိတ်များကို မှတ်တမ်းတင် ထိန်းသိမ်းထားသည်။ (IUCN) ၏ ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်တွင် လူတို့ လက်လှမ်းမှီသလောက် ၁၅၀၀ ခုနှစ်ကတည်းကပင် နို့တိုက်သတ္တဝါ မျိုးစိတ်ပေါင်း ၈၀ ကျော် မျိုးသုဉ်း သွားခဲ့ပြီဖြစ်သည်။ ဒီလိုနှင့် နှစ်စဉ် တရိစ္ဆာန် မျိုးစိတ်ပေါင်း များစွာကို မျိုးသုဉ်း ပျောက်ကွယ်သွားသည့် စာရင်းထဲ ထည့်သွင်း လာခဲ့သည်မှာ ၂၀၁၈တွင် ကမ္ဘာကြီးသည် အံ့သြဖွယ်ရာ ကျေးငှက် တရိစ္ဆာန် မျိုးစိတ်ပေါင်း များစွာကို ဆုံးရှုံးခဲ့ရသည်။

ထို့ကြောင့် ၂၀၁၈တွင် မျိုးသုဉ်း ပျောက်ကွယ်သွားခဲ့သည့် ကျေးငှက် တရိစ္ဆာန် မျိုးစိတ်များ နှင့် ၂၀၁၉ တွင် မျိုးသုဉ်း ပျောက်ကွယ်မည့် ဘေးအန္တရာယ် နှင့် ရင်ဆိုင်နေရသည့် အောက်ပါ တရိစ္ဆာန်များအား ဖော်ပြပေးလိုက်ပါသည်။

The Spix’s macaw

စာဖတ်ပရိတ်သတ်များ Rio ဟုခေါ်သည့် ကာတွန်းကားလေးကို ကြည့်ဘူးမည်ဆိုလျှင် ထိုကာတွန်းကားလေးတွင် အဓိကပါဝင်သည့် ဇာတ်ကောင် ကြက်တူရွေးလေး Blue ၏ မျိုးစိတ်သည် မျိုးသုဉ်း ပျောက်ကွယ်တော့မည့် ဘေးအန္တရာယ် နှင့် ရင်ဆိုင်နေရသည့် ဇာတ်အိမ်ကို အခြေခံထားခြင်း ဖြစ်သည်။ ထို ကြက်တူရွေးလေးကို ကာတွန်းကားထဲတွင် မျိုးသုဉ်း ပျောက်ကွယ်တော့မည့် ဘေးအန္တရာယ်မှ ကယ်တင်လိုက် နိုင်သော်လည်း အပြင်လောကတွင်မူ ထို ကြက်တူရွေး မျိုးစိတ်သည် ၂၀၁၈ခုနှစ်တွင် မျိုးသုဉ်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

Poʻo-uli

Poʻo-uli ငှက်မျိုးစိတ်သည် ဟာဝိုင်ရီ ရှိ မာဝှီကျွန်းတွင် ၁၉၇၃ ခုနှစ်က တွေ့ရှိခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် မျိုးသုဉ်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ မာဝှီ ငှက်မျိုးစိတ်ထိန်းသိမ်းရေး စင်တာသို့ နောက်ဆုံးတွေ့ရှိသည့် Poʻo-uli ငှက်ကို သယ်ယူကာ မျိုးပွားရန် စီစဉ်ခဲ့သောလည်း မျိုးပွားရန် အခြား ကြင်ဖော်ကြင်ဖက် မတွေ့ရှိရတော့သည့် အတွက် မအောင်မြင်ခဲ့ပေ။ သေဆုံးသွားသည့် ငှက်မျိုးစိတ်ကို နည်းပညာကို အသုံးပြု၍ တစ်နေ့နေ့ ပြန်လည် မျိုးပွားနိုင်ရန် သိမ်းဆည်းထားသည်ဟု ဆိုသည်။

Eastern Puma

Eastern Puma မျိုးစိတ်သည် ၂၂ ဖေဖော်ဝါရီ ၂၀၁၈ ခုနှစ်တွင် မျိုးသုဉ်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

The Vaquita

The Vaquita လင်းပိုင်များကို ၁၉၅၈ ခုနှစ်တွင် စတင်တွေ့ရှိခဲ့ပြီး ကယ်လီဖိုးနီးယား ပြည်နယ် မြောက်ဘက်ပိုင်းတွင် ကျက်စားနေထိုင် ကြသည်။ ထို လင်းပိုင်များသည် ၂၀၁၉ ခုနှစ်တွင် မျိုးသုဉ်း ပျောက်ကွယ်တော့မည် ဘေးအန္တရာယ် နှင့် ရင်ဆိုင်နေရသည်ဟု ထုတ်ပြန်ထားသည်။ စုစုပေါင်း အကောင်ရေ ၁၅ကောင်သာရှိတော့သည် ဖြစ်သည်။

Northern White Rhinoceros

၂၀၁၉ ခုနှစ် အစောပိုင်းတွင် Northern White Rhinoceros စုစုပေါင်း နှစ်ကောင်သာရှိတော့သည် ဟု ထုတ်ပြန်ထားသည်။ ထိုကျန်ရှိနေသော နှစ်ကောင်မှာ အမများ ဖြစ်သောကြောင့် သဘောတရား အားဖြင့် မျိုးသုဉ်း လုနီး ဖြစ်နေပြီ ဖြစ်သည်။ Northern White Rhinoceros များသည် White Rhinoceros များ၏ မျိုးစိတ်ခွဲများ ဖြစ်သော်လည်း White Rhinoceros များသည် အာဖရိက အရှေ့ပိုင်း နှင့် အလယ်ပိုင်းတွင် မျိုးသုဉ်း ပျောက်ကွယ်ခဲ့ပြီး ဖြစ်သည်။

Hawaiin Tree Snail

Hawaiin Tree Snail သည် ၂၀၁၉ ခုနှစ်တွင် ပထမဆုံး မျိုးသုဉ်း ပျောက်ကွယ်ခဲ့သည့် မျိုးစိတ်တစ်ခု ဖြစ်သည်။ ထို ခရုအမျိုးအစားသည် ဟာဝိုင်ရီ ရှိ Oahu ကျွန်းတွင်သာ ကျက်စားလေ့ရှိပြီး နောက်ဆုံး အသက်ရှိတော့သည့် George ဟု အမည်ပေးထားသော တစ်ကောင်သာလျှင် ကျန်ရှိတော့သောကြောင့် သဘောတရား အားဖြင့် ၂၀၁၁ ခုနှစ်ထဲကပင် မျိုးသုဉ်း လုနီး ဖြစ်ခဲ့သည်။ George သည် သက်တမ်းအား ဖြင့် ၁၄နှစ်ထိ ရှင်သန် နေထိုင်ခဲ့ပြီး နောက်ဆုံးအချိန်ကို မျိုးစိတ်ထိန်းသိမ်းရေး စင်တာတွင်သာ ဖြတ်သန်းခဲ့သည်။

မေ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top