ညအိပ်ရာမဝင်ခင် နွားနို့ထဲနနွင်းထည့်သောက်ပေးသင့်တဲ့ အကြောင်းအရင်းများ

yyl-7-9-009.jpg

နနွင်းမှုန့် (လက်ဖက်ရည်ဇွန်းတစ်ဝက်) နဲ့ နွားနို့ (၁) ခွက်တို့ကို ရောစပ်လိုက်မယ်ဆိုရင် ရွှေအိုရောင်နွားနို့ဖြစ်လာမှာပါ။ ဒီနွားနို့က သင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေစဉ် သင့််ခန္ဓာကိုယ်မှာ ကောင်းကောင်းအလုပ်ဖြစ်ပါတယ်။ ဒါကို နေ့စဉ်သောက်သုံးမယ်ဆိုရင် ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပြီး အသည်းကို သန့်စင်ပေးသလို ကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ညအိပ်ရာမဝင်ခင် နွားနို့ထဲ နနွင်းထည့်သောက်တာက သင့်ခန္ဓာကိုယ်အတွက် ဘာတွေကောင်းလည်းဆိုတာ ဆက်လက်ဖတ်ရှုကြည့်ရအောင်နော်..။

အသည်းကို သန့်စင်ပေးခြင်း

နနွင်းက အသည်းအတွက် ထိရောက်တဲ့ကောင်းကျိုးတွေ ရှိတယ်ဆိုတာ လူတိုင်းသိထားကြပါတယ်။ သင့်ခန္ဓာကိုယ်မှာ သန့်စင်တဲ့အရာအဖြစ် လုပ်ဆောင်ပြီး သင့်အသည်းအဆီမဖုံးအောင် ကာကွယ်ပေးပါတယ်။ ဒါကြောင့် နနွင်းနွားနို့က အသည်းရဲ့စွမ်းဆောင်ရည်ကို မြင့်မားစေနိုင်သလို သင့်ခန္ဓာကိုယ်က အဆိပ်အတောက်တွေကိုလည်း သန့်စင်ပေးပါလိမ့်မယ်။

ခန္ဓာကိုယ်က နီမြန်းရောင်ရမ်းနာကျင်မှုတွေကို ပြေလျောပေးခြင်း

နနွင်းက အဖြစ်များတဲ့ရောင်ရမ်းနာကျင်မှုတွေ၊ အဆစ်ရောင်နာ၊ အူသိမ်အူမနာကျင် ရောင်ရမ်းတာတွေကို ကုသပေးနိုင်တဲ့ ဂုဏ်သတ္တိတွေရှိပါတယ်။ နနွင်းနွားနို့တစ်ခွက်သောက်လိုက်တာနဲ့ သင့်ခန္ဓာကိုယ်ကို နာကျင်ရောင်ရမ်းမှုတွေဖြစ်စေတဲ့ အင်ဇိုင်းဓာတ်တွေကို ချေဖျက်ပေးမှာဖြစ်ပြီး ရောင်ရမ်းမှု ပမာဏကိုလည်း လျော့ချပေးမှာဖြစ်ပါတယ်။

ကိုယ်အလေးချိန်ကျခြင်း

နနွင်းက ဇီဝဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေတဲ့အပြင် သင့်ခန္ဓာကိုယ်ကို အဆီဓာတ်တွေ မြန်မြန်ချေဖျက်အောင်လည်း ကူညီပေးပါတယ်။ နွားနို့ထဲ နနွင်းထည့်သောက်တာက ကိုယ်အလေးချိန်ကျစေတဲ့ ကောင်းကျိုးလည်းရှိပါတယ်။ ဒါကို နေ့စဉ်ပုံမှန်သောက်သုံးတဲ့အခါ ခန္ဓာကိုယ်မှာ အဆီတွေတိုးမလာအောင် ကာကွယ်ပေးပါတယ်။

အရိုးအဆစ်တွေကို သန်မာလာခြင်း

နနွင်းက သင့်ခန္ဓာကိုယ်က အရိုးအဆစ်ဆုံးရှုံးမှုကို (၅၀) ရာခိုင်နှုန်းဝန်းကျင်လောက် ကာကွယ်ပေးနိုင်ပါတယ်။ ကယ်စီယမ်ဓာတ်နဲ့ ဗီတာမင်ဒီဓာတ်ကြွယ်ဝတဲ့ နွားနို့နဲ့ နနွင်းတို့ကို ရောပြီးသောက်သုံးလိုက်ခြင်းက သင့်အရိုးအဆစ်တွေကို သန်မာလာစေနိုင်ပါတယ်။

Ref: Brightside “What Can Happen to Your Body If You Drink Turmeric Milk Before Bedtime”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top